ကိုနေ (မန်း)သည် မြန်မာနိုင်ငံသား အမျိုးသား စာရေးဆရာ၊ သတင်းစာဆရာ၊ ကဗျာဆရာ၊ထုတ်ဝေသောသူတစ်ဦး ဖြစ်သည်။ အမည်ရင်းမှာ ဦးမြင့်ကျော်စိုး ဖြစ်ပြီး အဖဦးကြူး-အမိဒေါ်ခင်ဌေးတို့မှ ၁၉၆၄ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် စစ်ကိုင်းမြို့၊ စာရေးရွာတွင် မွေးဖွားသည်။ ၁၉၈၂တွင် အထက(၂၄)မန္တလေးမှ ဆယ်တန်းအောင်သည်။ မန္တလေးတက္ကသိုလ်မော်လမြိုင်တက္ကသိုလ်၊ မှသည် ရန်ကုန်တက္ကသိုလ်မှ ရူပဗေဒဘွဲ့ရသည်။ ၁၉၈၅ ဖေဖော်ဝါရီလထုတ် သပြေမဂ္ဂဇင်းတွင် မစိမ်းဖြူ ကဗျာ မှစကာ မဂ္ဂဇင်းကဗျာနှင့် ဝတ္တုတို ၁၀ဝ ခန့်ရေးခဲ့သည်။

သတ္တုတွင်း ဝန်ကြီးဌာန အိုင်အိုဒင်းဆားပညာပေးရေးစီမံချက်တွင် အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဆေးပင်စင်ယူခဲ့သည်။ ၂၀ဝ၀ ပြည့်နှစ်မှစပြီး စပို့လိုက် စသည့် အားကစားဂျာနယ်များတွင် အယ်ဒီတာ၊ အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်ခဲ့ကာ လူငယ်အကျိုးပြု စိတ်ခွန်အားဖြည့်နှင့် ဘာသာရပ်ဆိုင်ရာ အသုံးချစာအုပ်များ ၁၅ အုပ်ခန့် ဘာသာပြန်ခဲ့သည်။

၂၀ဝ၉ မှ ၂၀၁၃ ထိ ဇေယျာရွှေမြေအက်ဖ်စီ ပြန်ကြားရေးတာဝန်ခံလုပ်ခဲ့သည်။ ၂၀၁၃ တွင် ပြင်ပသတင်းစာများကိုစိတ်ဝင်စားပြီး ရွှေနိုင်ငံသစ်၊ the voice သတင်းစာများတွင် သတင်းထောက်အယ်ဒီတာလုပ်ပြီး နိုဝင်ဘာလမှ ၂၀၁၈ ဇန်နဝါရီအထိ the daily eleven သတင်းစာ Senior Editor အဖြစ် လုပ်ခဲ့ပြီး ဖေဖော်ဝါရီလမှစကာ မြန်မာတိုင်းမ်နေ့စဉ် သတင်းစာ The Myanmar Times Daily Newspaper အယ်ဒီတာ။၁၆-၁၀-၂၀၁၉မှစပြီး Bloomberg Myanmar ( Sky net- Shwe Than Lwin media) တွင် အယ်ဒီတာ အဖြစ် လုပ်ကိုင်နေသည်။

ထင်ရှားသောစာအုပ်များ ပြင်ဆင်ရန်

  1. နာဂစ်ဖြစ်ရပ်မှန်
  2. ဂျော့ချ်အော်ဝဲရဲ့ မြန်မာပြည်လက်စလက်နများကို ခြေရာခံခြင်း
  3. ဒိန်ခဲပေါင်းချုပ် (မြတ်ငြိမ်းနှင့် တွဲဖက်၍)
  4. ဒေးကာနယ်ဂျီစကားပြောနည်းပေါင်းချုပ်
  5. လောကဝတ်နဲ့ အောင်မြင်သူတို့ရဲ့ အမူအကျင့်နှင့် ရှောင်ကိုဗေးရဲ့ လူငယ်ကျင့်စဉ် ၇ ချက် မူသစ်
  6. အပြုသဘောခေါင်းဆောင်မှု နှင့် အသင်းအဖွဲ့ကို ကိုယ်တိုင်ပြင်ဆင်လေ့ကျင့်ပေးနည်း
  7. ၂၁ ရာစုခေါင်းဆောင်မှု နှင် လူခဲကတ်များကို စီမံခန့်ခွဲနည်း
  8. စေ့စပ်ညှိနှိုင်းဆွေးနွေးအဖြေရှာရေး
  9. ခေတ်သစ်မြန်မာပြည်မြောက်ပိုင်း
  10. ဘောင်းဘီဝတ်သူများ
  11. မြန်မာပြည်မြောက်ဖျား စွန့်စားခရီးရှည် (Kingdon Ward's In Farthest Burma)
  12. ဧရာ၀တီ သို့ အပြန် (Kingdon Ward's Return to the Irrawaddy)
  13. (Kingdon Ward's Burma's Icy Mountain ) မြန်မာ့ရေခဲတောင်တွေပေါ် ဝယ်
  14. ဝိတိုရိယ (သို့) ချင်းတောင်က အပြန် (Kingdon Ward's Pilgrimage for Plants )
  15. တွစ်တာစီအီးအိုနှင့်အခြားကမ္ဘာ့အိုင်ကွန်များ(နေသူရိန်မန်းကလောင်ခွဲ)
  16. မက်ဒေါနယ်အောင်မြင်ရေး အတွင်းရေးဇတ်လမ်းများ
  17. မရဏအိမ်မှတ်တမ်းများ (ဒေါ့စ်တိုယက်ဗ်စကိ ၏ memoirs of the house of the death း)
  18. စော်ကားသူနဲ၌အနှိမ်ခံ(ဒေါ့စ်တိုယက်ဗ်စကိး Humiliated and Insulted
  19. အဂ်လိပ်လူနာ( Michael Ondaatje's the English patient )
  20. အဖေနဲ့သားများ ( တူရဂေညက်ဗ်၏ fathers and sons)
  21. ညီအစ်မနှစ်ယောက် (တရုတ်စာရေးဆရာမဝင့်ဝါ၏ Wang hua's The Two Sisters )
  22. ဝိညာဿဉ်သေများ ( ဂိုဂေါ၏ dead souls )
  23. လူ့အန္ဓ ((ဒေါ့စ်တိုယက်ဗ်စကိး The Idiot
  24. အမှောင့် ပယောဂ (ဒေါ့စ်တိုယက်ဗ်စကိး The Possessed