ကိုပန်သည် မာယာ ယဉ်ကျေးမှု လောက ၏ ရှေးဟောင်းသုတေသနနယ်မြေ တစ်ခုဖြစ်ပြီး ဟွန်ဒူးရပ်စ်နိုင်ငံ အနောက်ပိုင်း ကိုပန်ပြည်နယ်တွင် တည်ရှိကာ ဂွါတီမာလာနိုင်ငံ နယ်စပ် နှင့် သိပ်မဝေးသော နေရာတွင် တည်ရှိသည်။ ၎င်းသည် အေဒီ ၅ ရာစုမှ ၉ ရာစု အထိ ဂန္ထဝင်ခေတ် ဘုရင့်နိုင်ငံတော်၏ မြို့တော်ဖြစ်ခဲ့သည်။ ထိုမြို့တော်သည် မီဆိုအမေရိကန် ယဉ်ကျေးမှုဒေသ၏ အရှေ့တောက်ဘက် အဖျားတွင် တည်ရှိပြီး အစ်ဇ်သမို-ကိုလံဘီယံ ယဉ်ကျေးမှဒေသ၏ အစပ်တွင် တည်ရှိကာ မာယာလူမျိုး မဟုတ်သောလူမျိုးများ၏ ဝိုင်းရံခံရလုနီးနီး နေရာတွင် တည်ရှိသည်။ [၁]

ကိုပန်*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  ဟွန်ဒူးရပ်စ်
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း iv,vi
ကိုးကား ၁၂၉
ဒေသ** လက်တင်အမေရိက နှင့် ကာရစ်ဘီယံ
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၀  (စတုတ္ထအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ကိုးကား ပြင်ဆင်ရန်