လက်ခုပ်တွင်းကရေ သွန်လိုသွန် မှောက်လိုမှောက်
(ကိုယ့်လက်ခုပ်တွင်းကရေ သွန်လိုသွန် မှောက်လိုမှောက် မှ ပြန်ညွှန်းထားသည်)
လက်ခုပ်တွင်းကရေ သွန်လိုသွန် မှောက်လိုမှောက် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
ပြင်ဆင်ရန်လက်ခုပ်တွင်းက ရေသည် သွန်လိုကသွန်၊ မှောက်လိုကမှောက် ပြုသမျှ ခံရမည်သာ ဖြစ်သကဲ့သို့ တစ်ပါးသူ၏ လက်တွင်း၌ ရောက်နေသူသည် ပြုသမျှ ခံရမည်သာ ဖြစ်သည်။
ဆိုလိုရင်းတူညီသောအခြားစကားပုံ
ပြင်ဆင်ရန်ကိုယ့်လက်ခုပ်တွင်းကရေ သွန်လိုသွန် မှောက်လိုမှောက်နှင့် အတူတူဖြစ်သည်။
မူလရင်းမြစ်
ပြင်ဆင်ရန်- "အရှင့်ပိုင်ကွက်၊ လက်ခုပ်ရေချို၊ သွန်လိုအမှောက်၊ သောက်လိုအဝ၊ ဖြစ်ပြီးမှကို၊" [၁၁၈၉] ကုသ* ၄၀၂။
- "အကြံတော့ သူတို့ဦးကြပြီ၊ ... သူတို့လက်ခုပ်ထဲကရေ သွန်လိုသွန်၊ မှောက်လိုမှောက် လုပ်တော့မယ်။" [၁၂၇၉] သူရိယ၊ ၇။ ၃၉။
- "လုံးစုံများစွာ၊ သူတို့မှာလည်း၊ ထားရာကနေ၊ လက်တော်တွင်ရေပါကို၊ စိတ်နေတစ်ခု၊ အရေးတော်ပြုသည်တဲ့။" [၁၂၁၅ခန့်] ဝံသ၊ ဒု။ ၁၆။
- "လက်ခုပ်ရေ သဏ္ဌာန် ဆိုပြန်တယ်၊ လှန်လိုလှန် မှောက်လိုမှောက်ပါတော့၊ ကြောက်ဆိုသလောက် သည်းထိတ်သဗျာ၊ ရဲစိတ်မလာ၊ တုံးအောက်က ဖားပမာလို၊ သနားညှာစေကြောင်းရှင့်လေး။" [၁၂၉၁] ကဝိမှန်၊ ၃၊ ၄။ ၂၉၅။[၁]