ကိုယ်စောင့်နတ် (ရုပ်ရှင်)

ကိုယ်စောင့်နတ်သည် ၂၀၁၈ခုနှစ်က ထွက်ရှိခဲ့သော မြန်မာရုပ်ရှင်ဇာတ်ကားဖြစ်သည်။Media 7 ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာ ဝင်းလွင်ထက်မှ ရိုက်ကူးခဲ့သည်။လွှမ်းပိုင်ခင်ဝင့်ဝါရန်အောင်ကျော်သူထွန်းထွန်းအောင်ရဲထွေး၊ သုတအောင်တို့မှ သရုပ်ဆောင်ထားသည်။၂၀၁၈ခုနှစ် ဒီဇင်ဘာ ၂၈ရက်နေ့တွင် ရုံတင်ခဲ့သည်။[၁]ရုပ်ရှင်ဇာတ်ကား ရုံတင်သည့် ၂၀၁၈ခုနှစ် ဒီဇင်ဘာလတွင် သရုပ်ဆောင်အောင်ရဲထွေးမှာ ကွယ်လွန်ခဲ့ပြီဖြစ်သည်။[၂]

ကိုယ်စောင့်နတ်
အခြေခံအချက်အလက်
ဒါရိုက်တာဝင်းလွင်ထက်
ဇာတ်ညွှန်းဝင်းလွင်ထက်
သရုပ်ဆောင်
  • လွှမ်းပိုင်
  • ခင်ဝင့်ဝါ
  • သုတအောင်
  • အောင်ရဲထွေး
  • ရန်အောင်
  • ထွန်းထွန်း
  • ထူးအောင်
ထုတ်လုပ်ရေး
ကုမ္ပဏီ
မီဒီယာ ဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေး
ကြာမြင့်ချိန်
၁၂၀ မိနစ်
နိုင်ငံ မြန်မာ
ဘာသာစကားမြန်မာဘာသာစကား
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
  • ဒီဇင်ဘာ ၂၈၊ ၂၀၁၈ (၂၀၁၈-၁၂-၂၈)

ဤဇာတ်ကားတွင် အသုံးပြုသော ရိုက်ကွင်း၊ ဇာတ်လမ်းဇာတ်ကွက်များမှာ ပုံမှန် မြန်မာဇာတ်ကားများ၏ ပုံစံမှ ကွဲထွက်နေသည်။

အကျဉ်းချုပ် ပြင်ဆင်ရန်

ဒေးဗစ် (လွှမ်းပိုင်)၊ သုတနှင့် ရဲထွေးတို့သည် ကျောင်းအတူတူတက်သော သူငယ်ချင်းများဖြစ်ကြပြီး ၎င်းတို့ကို ကျောင်းတွင် ဗလကြီးနှင့် အဖွဲ့မှ အနိုင်ကျင့်နေကြဖြစ်သည်။ ဒေးဗစ်က ငယ်စဉ်ကပင် ကြိုက်ခဲ့ရသည့် သူငယ်ချင်းဖြစ်သူ ဘယ်လာ (ခင်ဝင့်ဝါ) အား ကျောင်းပွဲတစ်ခုတွင် ဖွင့်ပြောရန် စီစဉ်ခဲ့သော်လည်း အမှားအယွင်းဖြစ်ကာ အရှက်ကွဲခဲ့သည်။ အဆင်မပြေမှုများကြောင့် ကိုယ်စောင့်နတ်အားတိုင်တည်၍ အော်ဟစ်ခဲ့ရာ နောက်တစ်နေ့နံနက်တွင် ၎င်း၏ကိုယ်စောင့်နတ်မှ ကိုယ်ထင်ပြပြီး ဆက်တိုက်ကူညီခဲ့သည်။ ကိုယ်စောင့်နတ်၏ ကူညီမှုဖြင့် အရာရာအဆင်ပြေလာခဲ့ပြီး ကျောင်းဘောလုံးပွဲများတွင် အနိုင်ရလာပြီး နောက်ဆုံးအဆင့်အထိ တက်လာခဲ့သည်။ သို့သော် နောက်ဆုံးပွဲတွင် ကွင်းပိုင်ကြီး (နတ်)ဖြစ်သူ၏ တားဆီးမှုကြောင့် ၎င်း၏ကိုယ်စောင့်နတ်မှာ ကူညီခွင့်မရခဲ့ပေ။ ထို့ကြောင့် ၎င်းတို့ကိုယ်တိုင် ကစားခဲ့ကြရသည်။ နောက်ဆုံးပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း ဒေးဗစ်တို့သည် ထိုအချိန်မှစ၍ မိမိကိုယ်ကို ယုံကြည်မှုများ ရှိလာခဲ့ကြသည်။

ရိုက်ကူးခြင်း ပြင်ဆင်ရန်

  • ဒေးဗစ် အဖြစ် လွှမ်းပိုင်
    • ကလေးသရုပ်ဆောင် အဖြစ် အားပုကျူ
  • ဘယ်လာ အဖြစ် ခင်ဝင့်ဝါ
    • ကလေးသရုပ်ဆောင်အဖြစ် ဇူးဇူးဟန်နီထွေး

ဒေးဗစ်၏ပတ်ဝန်းကျင် ပြင်ဆင်ရန်

  • ကိုယ်စောင့်နတ် အဖြစ် ထွန်းထွန်း
  • သုတ(ငပိန်) အဖြစ် သုတအောင်
  • ရဲထွေး(ဖက်တီး) အဖြစ် အောင်ရဲထွေး
  • ဖခင် အဖြစ် ရဲအောင်
  • မိခင်အဖြစ် မေသဉ္စာဦး
  • ညီ အဖြစ် မောင်မောင်

ဘယ်လာ၏ပတ်ဝန်းကျင် ပြင်ဆင်ရန်

  • ကိုယ်စောင့်နတ် အဖြစ် ခေးဆက်သွင်
  • သူငယ်ချင်းများ အဖြစ် ခိုင်သဇင်ငုဝါ၊ နန်းချစ်ခွန်းချို

အခြား ပြင်ဆင်ရန်

  • ကွင်းပိုင်ကြီး အဖြစ် ကျော်သူ
  • ဘောလုံးနည်းပြ အဖြစ် ရန်အောင်
  • ဗလကြီး အဖြစ် ထူးအောင်
  • ကျောင်းကားဆရာ အဖြစ် ကင်းကောင်
  • ကျောင်းအုပ်ကြီး အဖြစ် တက္ကသိုလ်ဂွမ်းပုံ
  • ဘောလုံးပွဲကြေညာသူများ အဖြစ် ဆန်းထွဋ်၊ ဇင်မျိုး

ဧည့်သည်သရုပ်ဆောင် ပြင်ဆင်ရန်

ဇာတ်ဝင်တေး ပြင်ဆင်ရန်

စဉ် အမည် သီဆိုသူ တေးရေး ကြာချိန် ထွက်ရှိသည့်နေ့
ပြောပါရစေ[၃]
  • လွှမ်းပိုင်
  • Lil' Z
၃:၅၄ ၂၄ ဒီဇင်ဘာ ၂၀၁၈

ကိုးကား ပြင်ဆင်ရန်