ထွန်းထွန်း (၂၄ ဒီဇင်ဘာ ၁၉၈၃ မွေးဖွား) သည် မြန်မာ အမျိုးသား အဆိုတော်နှင့် သရုပ်ဆောင်တစ်ဦး ဖြစ်သည်။[၁][၂][၃][၄] ထွန်းထွန်းသည် ဗီဒီယိုဇာတ်လမ်း ၁၀၀ ကျော်နှင့် ရုပ်ရှင်ဇာတ်လမ်း ၄၀ ကျော်တို့တွင် ပါဝင်သရုပ်ဆောင်ထားသည်။[၅][၆][၇][၈][၉]

ထွန်းထွန်း
မွေးဖွားထင်အောင်ထွန်း
(1983-12-24) ၂၄ ဒီဇင်ဘာ၊ ၁၉၈၃ (အသက် ၄၀)
ရန်ကုန်မြို့
မိခင်ကျောင်းဒဂုံတက္ကသိုလ်
အလုပ်အကိုင်သရုပ်ဆောင်၊ အဆိုတော်
တက်ကြွလှုပ်ရှားနှစ်များ၂၀၀၁–လက်ရှိ
ရရှိသည့်ဆုများမြန်မာ့ ရုပ်ရှင် ထူးချွန်ဆု (အမျိုးသားဇာတ်ဆောင်ဆု ၂၀၁၆)
ဂီတခရီးလမ်း
ဂီတဟန်ဟစ်ဟော့၊ ပေါ့ပ်
တူရိယာ
  • အဆို
  • ဂစ်တာ
ပူးတွဲ ပါဝင်မှုExamplez

အစောပိုင်းဘဝနှင့် ပညာရေး ပြင်ဆင်ရန်

ထွန်းထွန်းကို ၁၉၈၃ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ငယ်မည်မှာ ထင်အောင်ထွန်း ဖြစ်သည်။ သူ၏ အဖိုးဖြစ်သူမှာ မြန်မာဂီတပညာရှင် တေးသံရှင် ဦးအံ့ကြီး ဖြစ်သည်။[၁၀] ဒဂုံတက္ကသိုလ်မှ အင်္ဂလိပ်စာအထူးပြုဖြင့် ဘွဲ့ရရှိခဲ့သည်။

အနုပညာလုပ်ကိုင်ခြင်း ပြင်ဆင်ရန်

၂၀၀၁ ခုနှစ်တွင် အနုပညာလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့သည်။ Examplez အမည်ရှိ အမျိုးသား ဂီတအဖွဲ့ဖြင့် အယ်လဘမ် လေးခု ထွက်ရှိခဲ့သည်။ ယင်းနောက် တေးရေး၊ အဆိုတော်နှင့် ထုတ်လုပ်သူအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ရုပ်မြင်သံကြားကြော်ငြာများ၊ ပိုစတာများ၊ ပြက္ခဒိန်များနှင့် မဂ္ဂဇင်းများတွင်လည်း မော်ဒယ်အနေဖြင့် ပါဝင်ခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် သရုပ်ဆောင်လောကသို့ ရောက်ရှိခဲ့သည်။

၂၀၀၇ ခုနှစ်မှစကာ ထာဝရနှင်းဆီ အမည်ရှိ အငြိမ့်တွင် နေတိုးမိုးမိုးရဲလေးနှင့် ကျော်ကျော်ဗိုလ်တို့နှင့်အတူ ပါဝင်ကပြခဲ့သည်။[၁၁] ဗီဒီယိုဇာတ်လမ်း ၁၀၀ ကျော်နှင့် ရုပ်ရှင်ဇာတ်လမ်း ၄၀ ကျော်တို့တွင် ပါဝင်သရုပ်ဆောင်ခဲ့ကာ အုတ်ကြားမြက်ပေါက် ရုပ်ရှင်ဇာတ်ကားဖြင့် ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ရရှိခဲ့သည်။

ပါဝင်ခဲ့သော ဇာတ်ကားများ ပြင်ဆင်ရန်

ရုပ်ရှင် ပြင်ဆင်ရန်

ရုပ်ရှင်ဇာတ်ကားများ စာရင်း
ခုနှစ် ရုပ်ရှင် ဒါရိုက်တာ တွဲဘက် သရုပ်ဆောင်များ ဇာတ်ကောင် မှတ်ချက်
၂၀၀၅ ကမ္ဘာဆုံးထိ ခင်မောင်ဦးနှင့် စိုးသိမ်းထွဋ် အိန္ဒြာကျော်ဇင်ဝိုင်းစုခိုင်သိန်း
၂၀၁၅ ချစ်စံအိမ် ၂၀၂၈ ဟိန်းစိုး လူမင်းထွန်းအိန္ဒြာဗိုပြေတီဦးအိန္ဒြာကျော်ဇင်နေတိုးမိုးဟေကိုမင်းမော်ကွန်းဝတ်မှုန်ရွှေရည်နေမင်းချစ်သုဝေသင်ဇာဝင့်ကျော်မြင့်မြတ်စိုးပြည့်သဇင် ကိုထွေး
၂၀၁၆ အုတ်ကြားမြက်ပေါက် ညွန့်မြန်မာညီညီအောင် နေတိုးနေမင်းစိုးမြတ်သူဇာသက်မွန်မြင့် ဖိုးသကြား
ခိုးဆိုးလုနှိုက် စတီးလ် (ဒွေးမေတ္တာ) မြင့်မြတ်ခင်လှိုင်၊ နေဒွေး၊ သင်ဇာဝင့်ကျော် ဆန်းပြား
၂၀၁၇ ကြောက်ကြောက်ကြောက် ဩရသ နေတိုးခင်ဝင့်ဝါနန်းမြတ်ဖြိုးသင်းမင်းသွေးနန်းခင်ဇေယျာ၊ ကျော်ကျော်၊ ပိုပို မင်းညို
၂၀၁၈ သားပိုက်ကောင် စတီးလ် (ဒွေးမေတ္တာ) စိုးမြတ်သူဇာရွှေသမီး ဖိုးရွှေလမင်း
တိမ်တိုက်တံတား ဩရသ နေတိုးခင်ဝင့်ဝါ၊ Nguyen Tran Huyen My စိုင်းလုံ
မှော်ကျောက်စာ ဝင်းထွန်းထွန်း မြင့်မြတ်ရွှေမှုန်ရတီသူထူးစံဖြိုးငွေစိုးမေမြင့်မိုရ် ဝတ္တကျော်
ကိုယ်စောင့်နတ် ဝင်းလွင်ထက် လွှမ်းပိုင်ခင်ဝင့်ဝါရန်အောင်ကျော်သူ၊ ထူးအောင်၊ ရဲထွေးအောင်၊ သုတအောင်၊ ခိုင်သဇင်ငုဝါ Rowdy Angel
2019 ကြာတော့သည်လည်း မောင့်စကား မီးပွား စိုင်းစိုင်းခမ်းလှိုင်ဖွေးဖွေး ဖြိုးကျော်
သေတ္တာနံပါတ် ၈၈ ဝင်းလွင်ထက် နေတိုးအိန္ဒြာကျော်ဇင် သတ္တိ
နိုင်ငံကြီးသား စတီးလ် (ဒွေးမေတ္တာ) နေတိုးမင်းမော်ကွန်းနေထက်လင်းနေမျိုးအောင်ဇင်ဝိုင်းမင်းသွေးစည်ဖြိုးမိုးယံဇွန်ထွန်းကိုကိုရွှေသမီး၊ အောဆိုင်း ရဲအရာရှိ သူရဇော်
လေးပါးကျော့ရှိန်ဝရဇိန် သားညီ မင်းမော်ကွန်းနေမင်းမင်းသွေးစည်ဖြိုးပိုင်ဖြိုးသုရွှေသမီးသံသာမိုးသိမ့် ဝေဝါး
ကြောက်ကြောက်ကြောက် ၂ ဩရသ နေတိုးနန်းဆုဦးမေမြင့်မိုရ်တိုင်ရွန်ဘီဂျေ၊ ဂျိုကာ၊ ပြည့်ပြည့် မင်းအောင်
ပပဝတီစီရင်ခန်း ဝိုင်း မိုးဟေကိုဖွေးဖွေးအလင်းရောင် သီဟရဲရင့်
၂၀၂၀ ပလေယာ ပြည်ဟိန်းသီဟ မြင့်မြတ်တိုင်ရွန်ဘီဂျေခင်လှိုင်စိုးမြတ်သူဇာအိချောပိုမေမီကိုကိုဆောင်းဝတ်ရည်မေ အာကာ

ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ ပြင်ဆင်ရန်

ဇာတ်လမ်းတွဲများ စာရင်း
ခုနှစ် ဇာတ်လမ်းတွဲ ဒါရိုက်တာ တွဲဘက် သရုပ်ဆောင်များ ဇာတ်ကောင် ရုပ်သံလိုင်း မှတ်ချက်
၂၀၁၆ ရွှေမိုးငွေမိုးသွန်းဖြိုးလို့ရွာ ဩရသ ရဲလေး၊ ညီထွဋ်ခေါင်၊ ဂျိုကာ၊ နန်းမြတ်ဖြိုးသင်း၊ ဆုမြတ်နိုးဦး၊ မေပန်းချီ၊ သန်းသန်းစိုး ရွှေမိုး Myanmar National TV
၂၀၂၃ မောင်မောင်တို့ရဲ့ မောင်မောင် အောင်မြတ် ရဲနောင်ချို၊ စူးရှ၊ ချာလီ၊ အောင်ဇေယျ‌မင်းထင်၊ မာန်လင်း၊ မင်းခန့်၊ Mandy နေလမောင်မောင် Canal+ Zat Lenn

ရရှိခဲ့သော ဆုများ ပြင်ဆင်ရန်

ခုနှစ် ဆု အမျိုးအစား ဖန်တီးမှု ရလဒ်
၂၀၁၆ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု အကောင်းဆုံး ဇာတ်ဆောင်ဆု အုတ်ကြားမြက်ပေါက် ဆုရရှိ

ကိုးကား ပြင်ဆင်ရန်

  1. "ထွန်းထွန်း(Example)ရဲ့ Super Star တေးစီးရီး MTV အသစ်မိတ်ဆက်"၊ Momolay [လင့်ခ်သေ]
  2. "အကယ်ဒမီအတွက် မတွေးထားတဲ့ ထွန်းထွန်း" (in my)၊ Yangon Life [လင့်ခ်သေ]
  3. "အကယ်ဒမီထွန်းထွန်းနှင့် တွေ့ဆုံခြင်း" (in my)၊ Eleven Media Group Co., Ltd 
  4. "၂ဝ၁၈မှာ သီချင်းတွေ ပြန်လုပ်မယ့် ထွန်းထွန်း"၊ Popular၊ 1 October 2017။ 
  5. "သရုပ်ဆောင်ထွန်းထွန်းနှင့် တွေ့ဆုံခြင်း" (in my)၊ The Voice Journal [လင့်ခ်သေ]
  6. "အသက် ၃၅နှစ်ပြည့်သွားပြီဖြစ်တဲ့ ထွန်းထွန်း(Examplez)"၊ ဧရာဝတီ၊ 23 December 2018။ 
  7. "CDထွက်ပြီး သုံးနှစ်ကြာမှ ထွက်လာမည့် အဆိုတော်ထွန်းထွန်း၏ Super Star DVD" (in en)၊ Mizzima Myanmar News and Insight 
  8. "နှင်းဆီအဖွဲ့သားတွေ ကျင်းပပေးခဲ့တဲ့ သရုပ်ဆောင် အဆိုတော် ထွန်းထွန်းရဲ့ ၃၅နှစ်ပြည့် မွေးနေ့ပွဲ" (in en)၊ Eleven Broadcasting 
  9. "ထွန်းထွန်းရဲ့ (၃၅)နှစ်ပြည့်မွေးနေ့ကိုကျင်းပပေးခဲ့တဲ့ နှင်းဆီအဖွဲ့သားများ"၊ Momolay [လင့်ခ်သေ]
  10. "လူချွန်လူကောင်း၊ ယဉ်တစ်ကိုယ်မယ် အပါအဝင် ထင်ရှားသည့် တေးသီချင်းများစွာ သီဆိုခဲ့သူ မြန်မာဂီတပညာရှင် တေးသံရှင် ဦးအံ့ကြီး ဇွန်လ ၂၃ ရက် ညပိုင်းတွင် ရန်ကုန်မြို့ ပါရမီအထွေထွေရောဂါကုဆေးရုံကြီးတွင် ကွယ်လွန်" (in my)၊ Eleven News၊ 24 June 2017။ 27 June 2017 တွင် ပြန်စစ်ပြီး 
  11. Lin Lat၊ Na Yi။ Eternal Rose Group and their parody have becoming popular in Myanmar။ Irrawaddy။ 29 June 2011 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်