ကိုးကန့်တပ်ဖွဲ့၏ ဥက္ကဋ္ဌမှာဖုန်ကြားရှင်ဖြစ်ပြီး ဒု ဥက္ကဋ္ဌမှာ ဖုန်ကြားဖူးဖြစ်သည်။ ကိုးကန့်တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) မှ ခွဲထွက်ကာ မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ထားခဲ့ပြီး ၂၀၀၉ နှစ် ဧပြီ ၂၈ ရက်နေ့မှ စ၍ နယ်ခြားစောင့် တပ်ဖွဲ့စည်းရန် နိုင်ငံတော် အေးချမ်းသယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ၏ ဖိအားပေးခံနေရသည်။

ကိုးကန့်တပ်ဖွဲ့

ကိုးကန့်တပ်ဖွဲ့ ပေါ်ပေါက်လာပုံ ပြင်ဆင်ရန်

၁၉၈၉ ခုနှစ်၊ မတ်လတွင် ဗကပမှ ခွဲထွက်ပြီး ၅၊ ၃၊ ၈၉ နေ့၌ နဝတ (ယခု နအဖဟု အမည်ပြောင်းထား) နှင့် အပစ်အခတ် ရပ်စဲကာ ငြိမ်းချမ်းရေး ရယူခဲ့ကြသည်။ ရှမ်းပြည်နယ် မြောက်ပိုင်း အထူးဒေသ (၁) ဟု နဝတက သတ်မှတ် ပေးခဲ့သည်။ ဗကပမှ ခွဲထွက်ပြီး ငြိမ်းချမ်းရေး ယူစဉ် ကာလအတွင်း ခေါင်းဆောင် ခဲ့ကြသူများမျာ ဖုန်ကျားရှင်၊ ဖုန်ကျားဖူး - ဖုန်ညီနောင်နှင့် ရန်မိုအန်း၊ ရန်မိုလျှံ - ရန်ညီနောင်တို့ ဖြစ်ကြသည်။

ငြိမ်းချမ်းရေး ယူစဉ် သတ်မှတ် ပိုင်းခြားပေးခဲ့သော ဒေသများမျာ သံလွင်မြစ် အရှေ့ခြမ်း၊ နမ့်တိန်းချောင်းမြောက်ခြမ်း၊ ဟိုပန်၊ ပန်လုံမြို့နယ်များမှ အပ ကိုးကန့် ဒေသနှင့် သံလွင် အနောက်ခြမ်း မွန်ဂို၊ မုံရာ၊ မုံကျီး ဒေသတို့ ဖြစ်သည်။ ၁၉၉၁ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင် ဖုန်ညီနောင်နှင့် ရန်ညီနောင်တို့ အကြား မကျေလည်မှုများ ဖြစ်ပွားကာ ရန်ညီနောင် ရန်မိုအန်းနှင့် ရန်မိုလျှံတို့က ဝ အကူအညီ ယူပြီး ဖုန်ကျားရှင်နှင့် ဖုန်ကျားဖူး တို့ကို ဖြုတ်ချ အာဏာ သိမ်းခဲ့သည်။

၁၉၉၅ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်နေ့တွင် ဖုန်ညီ အကို ဖုန်ကျားရှင်နှင့် ဖုန်ကျားဖူးတို့က ဗကပ (၈၁၅) အကူအညီ ယူပြီး ရန်ညီနောင်ကို ဖြုတ်ကာ ကိုးကန့်မှာ အာဏာ ပြန်သိမ်းခဲ့သည်။ သံလွင်မြစ် အနောက်ဘက်ကမ်းတွင်လည်း မုံဆာလ ခေါင်းဆောင်ပြီး မုံးကိုးဒေသ ကာကွယ်ရေး တပ်ဖွဲ့ (Mongko Defense Army, MDA) ကို ဖွဲ့စည်းကာ မုံးကိုးဒေသမှာ ကြီးစိုး ခြယ်လှယ်နေသော ရန်ညီနောင် အုပ်စုကို တိုက်ခိုက် မောင်းထုတ်ပြီး မုံးကိုးဒေသကို အာဏာ သိမ်းလိုက်သည်။

ထို့ကြောင့် ယခုအခါ ကိုးကန့်ဒေသကို ဖုန်ညီနောင် ဖုန်ကြားရှင်နှင့် ဖုန်ကြားဖူးတို့ ခေါင်းဆောင်သည့် အဖွဲ့က ချုပ်ကိုင်ထားနိုင်လိုက်ပြီး၊ လောက်ကိုင်ဒေသမှာ အခြေချသည်။ ဖုန်ညီနောင်တို့ လက်အောက်တွင် အင်အား ၁,၃ဝဝ ခန့်ရှိသည့် လက်နက်ကိုင် တပ်ဖွဲ့ ရှိသည်။ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ တပ်ဦး (Peace and Democratic Front, PDF) အဖွဲ့ဝင်လည်း ဖြစ်သည်။ သံလွင်မြစ် အနောက်ဘက်ကမ်း မုံးကိုး၊ မုံကျီး၊ မုံရာဒေသကို မုံဆာလ ခေါင်းဆောင်သည့် မုံးကိုးဒေသ ကာကွယ်ရေး တပ်ဖွဲ့က ထိန်းချုပ် ရယူထားသည်။

ရန်ညီနောင် ရန်မိုအန်း၊ ရန်မိုလျှံနှင့် ၎င်းတို့၏ နောက်လိုက်နောက်ပါ အင်အား ၃ဝဝ ခန့်မှာမူ နဝတထံ လက်နက် ချလိုက်ရပြီး၊ ရဲ အဖြစ် နဝတက အသွင်ပြောင်းပေးကာ ကုန်းကြမ်းမြို့နယ်တွင် အခြေချ စေခဲ့သည်။

အင်အားနှင့် ခေါင်းဆောင်မှု အခြေအနေ ပြင်ဆင်ရန်

မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (အမ်အဲန်ဒီအေ)

တပ်မဟာ (၅) ခု၊ တပ်မဟာ တခုလျှင် တပ်ရင်း နှစ်ရင်း၊ အင်အား စုစုပေါင်း ၁,၃ဝဝ ယောက်၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ တပ်ဦး ( Peace and Democratic Front, PDF) အဖွဲ့ဝင် ဖြစ်တယ်။

ကိုးကန့် အထူးဒေသ (၁) အုပ်ချုပ်ရေး ကော်မတီ -

  • ၁။ ဦးဖုန်ကြားရှင် - ဒု-ဥက္ကဋ္ဌ (စစ်ဦးစီးချုပ်)
  • ၂။ ဦးဖုန်ကြားဖှု - ဒု-ဥက္ကဋ္ဌ (ဒု-စစ်ဦးစီးချုပ်)
  • ၃။ ဦးပယ်စောက်ချိန် - ဒု-ဥက္ကဋ္ဌ (ဒု-စစ်ဦးစီးချုပ်)
  • ၄။ ဦးရန်ကျုံးဝေ - ဒု-ဥက္ကဋ္ဌ (ဒု-စစ်ဦးစီးချုပ်)
  • ၅။ ဦးကျန်တဲ့ဝင် - ဒု-ဥက္ကဋ္ဌ (ဒု-စစ်ဦးစီးချုပ်)
  • ၆။ ဦးလီကျုံးချန် - ဒု-ဥက္ကဋ္ဌ (ဒု-စစ်ဦးစီးချုပ်)
  • ၇။ ဦးဖုန်တာရွှင် - ဒု-ဥက္ကဋ္ဌ
  • ၈။ ဦးလျှိကွယ်ရှီး - အတွင်းရေးမှူး
  • ၉။ ဦးဝေရှောက်ရင် - အဖွဲ့ဝင် (စစ်ဦးစီးမှူး)
  • ၁ဝ။ ဦးစစ်ဆန်း - အဖွဲ့ဝင် (စစ်ဦးစီးမှူး)
  • ၁၁။ ဦးကျောက်ကျိယွင် - အဖွဲ့ဝင် (ခရိုင်မှူး)
  • ၁၂။ ဦးလီဝင်မြင့် - တွဲဖက် အတွင်းရေးမှူး
  • ၁၃။ ဦးဟော်ချန်း - ဒု-မြို့နယ်မှူး (ပါစင်ကျော်)
  • ၁၄။ ဦးလျှံထွဲကန် - ဒု-မြို့နယ်မှူး (တာရွှေထန်)

နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေ ပြင်ဆင်ရန်

ကိုးကန့်ဒေသ တစ်ခုလုံးကို စစ်အစိုးရက အမြဲတမ်း ဗျုဟာနှစ်ခုဖြင့် (ရှေ့တန်း တပ်မ) (၁၉၉၈ ခုနှစ်က တပ်မ(၉၉)/ ၁၉၉၉ ခုနှစ်က တပ်မ (၁ဝ၁)) ဝင်ရောက် ချုပ်ကိုင်ထားကာ နအဖ အမည်ပြောင်းပြီး နောက်ပိုင်း ၁၉၉၉ ခုနှစ်၊ ဩဂုတ်/စက်တင်ဘာလက စတင်ကာ ဒကစ လောက်ကိုင် အခြေစိုက် အပါအဝင် ထလတ (၂၉) က ချုပ်ကိုင်ထားတာ တွေ့ရသည်။ လောက်ကိုင်ခရိုင် အဖြစ် အဆင့် တိုးလိုက်တာ တွေ့ရပြီး နိုင်ငံရေးအရ လှုပ်ရှားမှုမတွေ့ရတော့ဘဲ ဘာမှ မလုပ်နိုင်တော့ဟု သုံးသပ်ရသည်။ ဒေသ အတွင်းမှာ ခစအ/ မစအ (ခရိုင် အစိုးရ အုပ်ချုပ်ရေး အဖွဲ့/ မြို့နယ် အစိုးရ အုပ်ချုပ်ရေး အဖွဲ့) ဟု အမည် ပေးထားသည့် နအဖ အုပ်ချုပ်ရေး အဖွဲ့နှင့် တရားဥပဒေ စိုးမိုးရေး အတွက် ပူးတွဲ အုပ်ချုပ်သည်ဟု နအဖက ဆိုသည်။

လက်နက်ချရန်၊ အသွင်ပြောင်းရန် နအဖက ကိုးကန့်တပ်ဖွဲ့အပါအဝင် တိုင်းရင်းသား လူနည်းစု အုပ်စုများအား ဖိအားပေးလျက် ရှိကြောင်း သတင်းများ ထွက်ပေါ် နေသည်။ စီးပွားရေးအရ ဘိန်းစိုက်ပျိုးခြင်း၊ ဘိန်းဖြူထုတ်လုပ် ရောင်းဝယ်ခြင်း၊ စိတ်ကြွဆေးပြားများ ထုတ်လုပ်ခြင်း ရှိနေသေးသည်။ မိုးကုတ် ကျောက်တွင်းများတွင် အများပိုင် ဖက်စပ် လုပ်ကိုင်ခြင်း၊ ဖားကန့်တွင်လည်း ကျောက်စိမ်း မှော်များ၌ ဖက်စပ် လုပ်ကိုင်ခြင်းများ ရှိသည်။