ကုဒ်ဝှက်ရေးသားခြင်း ( ရှေးဟောင်းဂရိ: κρυπτός မှ "ဝှက်၊ လျှို့ဝှက်"; နှင့် γράφειν graphein, "ရေးသားရန်" သို့မဟုတ် -λογία -logia, "သင်ယူရန်"၊ စသည်ဖြင့်[၁] ) ဆိုသည်မှာ တဖက်သူရှေ့တွင် လုံခြုံသောဆက်သွယ်ရေး ရရှိစေရန် နည်းပညာများကို လေ့လာခြင်းဖြစ်ပါသည်။ [၂] ယေဘူယျအားဖြင့်၊ ခရစ်တိုဂရက်ဖီသည် ပြင်ပအဖွဲ့စည်းများ သို့မဟုတ် တခြားသူများမှ ကိုယ်ရေးကိုယ်တာမက်ဆေ့ချ်များအား ဖတ်ရှုခြင်းကို တားဆီးနိုင်သည့် ပရိုတိုကောများကို တည်ဆောက်ခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းဖြစ်သည်။ [၃] ခရစ်တိုဂရက်ဖီသည် တိုးတက်လာသော ဒစ်ဂျစ်တယ်ခေတ်တွင် အချက်အလက်များ ကာကွယ်ဖို့ရန် အရေးပါပါသည်။[၄]

ကုဒ်ဝှက်ရေးသားခြင်း

ခေတ်သစ်ခရစ်တိုဂရက်ဖီသည် သင်္ချာကွန်ပျူတာသိပ္ပံသတင်းအချက်အလက်လုံခြုံရေးလျှပ်စစ်အင်ဂျင်နီယာဒစ်ဂျစ်တယ်အချက်ပြလုပ်ဆောင်ခြင်းရူပဗေဒ နှင့် အခြားပညာရပ်များ၏ ဗဟိုဆုံရပ်ဖြစ်သည်။ [၅] [၆] သတင်းအချက်အလက်လုံခြုံရေး ( ဒေတာလျှို့ဝှက်ထားမှုဒေတာခိုင်မာမှုစစ်မှန်ကြောင်းသက်သေပြခြင်း နှင့် ငြင်းဆိုခြင်းမဟုတ်ခြင်း ) နှင့်ပတ်သက်သည့် သဘောတရားများသည် ကုဒ်ဝှက်ခြင်းအတွက် အဓိကအချက်များဖြစ်သည်။ [၇] ခရစ်တိုဂရက်ဖီ၏ လက်တွေ့အသုံးချမှုများတွင် အီလက်ထရွန်နစ်ကူးသန်းရောင်းဝယ်ရေးချစ်ပ်အခြေခံငွေပေးချေမှုကတ်များဒစ်ဂျစ်တယ်ငွေကြေးများကွန်ပျူတာစကားဝှက်များ နှင့် စစ်ရေးဆက်သွယ်ရေးများ ပါဝင်သည်။ [၆]

မျက်မှောက်ခေတ်မတိုင်မီက ခရစ်တိုဂရက်ဖီသည် စာဝှက်စနစ် ဖြင့်တူညီပြီး ဖတ်ရှုနိုင်သောအချက်အလက်များ ( မူရင်းစာ ) ကို နားမလည်နိုင်သော၊ အဓိပ္ပါယ်မရှိသော စာသားများ ( စာဝှက် ) အဖြစ်သို့ ပြောင်းလဲပြီး ထိုစာသားများကို ပြောင်းပြန်လှန်ခြင်း တနည်းအားဖြင့် ကုဒ်ပြန်ဖော်ခြင်းဖြင့်သာ ဖတ်နိုင်မည်ဖြစ်သည်။ ကုဒ်ဝှက်ရေးသားထားသောမက်ဆေ့ချ်ကိုပေးပို့သူသည် ကုဒ်ပြန်ဖော်ခြင်းစနစ်ကို တခြားသူများ ဝင်ရောက်ဖတ်ရှုခွင့်မှတားမြစ်ရန် သတ်မှတ်ထားသောလက်ခံသူများနှင့်သာ မျှဝေပါသည်။ ကုဒ်ဝှက်ရေးသားခြင်းစာပေများတွင် ရံဖန်ရံခါ ပေးပို့သူအတွက် "Alice" (သို့မဟုတ် "A")၊ လက်ခံသူအတွက် "Bob" (သို့မဟုတ် "B") နှင့် ကြားဖြတ်ခိုးယူသူအတွက် "Eve" (သို့မဟုတ် "E") စသည့် နာမည်များကို အသုံးပြုလေ့ရှိသည် ။ [၈] ပထမကမ္ဘာစစ် အတွင်း rotor cipher စက်များ စတင်တိုးတက်လာခြင်းနှင့် ဒုတိယကမ္ဘာစစ်အတွင်း ကွန်ပျူတာများ ထွန်းကားလာချိန်မှစ၍၊ ခရစ်တိုဂရက်ဖီနည်းလမ်းများသည် ပိုမိုရှုပ်ထွေးလာပြီး ယင်းနှင့်ဆက်စပ်သော အသုံးချပရိုဂရမ်များသည်လည်း ပိုမိုကွဲပြားလာသည်။

ခေတ်သစ် ခရစ်တိုဂရက်ဖီသည် သင်္ချာသီအိုရီ နှင့် ကွန်ပြူတာသိပ္ပံအလေ့အကျင့်များပေါ်တွင် ကြီးမားစွာအခြေခံထားသည်။ ခရစ်တိုဂရက်ဖစ် အယ်လဂိုရီသမ်များသည် ကွန်ပြူတာ၏ ခိုင်မာသော ယူဆချက်များ နှင့် ပတ်သက်၍ ဒီဇိုင်းဆွဲထားပြီး၊ ထိုကဲ့သို့သော အယ်လဂိုရီသမ်များသည် လက်တွေ့တွင် ရန်ဘက်များမှ ချိုးဖျက်ရန် ခက်ခဲစေသည်။ သီအိုရီအရ ကောင်းမွန်စွာ ဒီဇိုင်းဆွဲထားသော စနစ်သို့ ဖောက်ထွင်းဝင်ရောက်ရန် ဖြစ်နိုင်သော်လည်း လက်တွေ့တွင် ထိုသို့ပြုလုပ်ရန်မှာ မလွယ်ကူနိုင်ပေ။ ထိုသို့သော နည်းစနစ်များသည် ကောင်းမွန်စွာ ရေးဆွဲထားပါက၊ "ကွန်ပျူတာနည်းစနစ်ဖြင့် လုံခြုံအောင်ပြုလုပ်ထားခြင်း" ဟုခေါ်သည်။ သီအိုရီဆိုင်ရာ အဆင့်မြင့်တင်မှုများ (ဥပမာ၊ ကိန်းပြည့်ခွဲခြမ်းစိတ်ဖြာခြင်း ဆိုင်ရာ အယ်လဂိုရီသမ်များ) နှင့် ပိုမိုမြန်ဆန်သော ကွန်ပြူတာနည်းပညာ တွက်ချက်မှုများသည် ဒီဇိုင်းများကို အဆက်မပြတ်ပြန်လည်အကဲဖြတ်ရန်သာမက လိုအပ်လာပါက လိုက်လျောညီထွေဖြစ်စေရန်လည်း ပြုပြင်ဖို့ရာလည်း လိုအပ်ပါသည်။

ခရစ်တိုဂရက်ဖစ်နည်းပညာ ကြီးမားလာမှုကြောင့် သတင်းအချက်အလက်ခေတ် တွင် ဥပဒေဆိုင်ရာ ပြဿနာများစွာကို ပေါ်ပေါက်စေခဲ့သည်။ ခရစ်တိုဂရက်ဖစ်နည်းပညာကို သူလျှိုနှင့် ပုန်ကန်မှုများ အတွက် ကိရိယာတစ်ခုအဖြစ် အသုံးပြုလာခြင်းကြောင့် အစိုးရများသည် ခရစ်တိုဂရက်ဖီကို လက်နက်တစ်ခုအဖြစ် သတ်မှတ်ရန်နှင့် အသုံးပြုမှုများကို ကန့်သတ်ရန် သို့မဟုတ် တားမြစ်ရန်ပင် ဖြစ်စေခဲ့သည်။ [၉] ကုဒ်ဝှက်ရေးသားခြင်းတရားဝင်သည့် တရားစီရင်ပိုင်ခွင့်အချို့တွင် စုံစမ်းစစ်ဆေးသူများအား စုံစမ်းစစ်ဆေးမှုတစ်ခုနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများအတွက် ကုဒ်ဝှက်သော့များ ထုတ်ဖော်မှုကို အတင်းအကြပ်ခိုင်းစေရန် ဥပဒေများက ခွင့်ပြုထားသည်။ [၁၀] [၁၁] ခရစ်တိုဂရက်ဖစ်နည်းပညာသည် ဒစ်ဂျစ်တယ်အခွင့်အရေးစီမံခန့်ခွဲမှု နှင့် ဒစ်ဂျစ်တယ်မီဒီယာ နှင့်ပတ်သက်သော မူပိုင်ခွင့်ချိုးဖောက်မှု အငြင်းပွားမှုများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသည်။ [၁၂]


  1. A Greek-English Lexicon။ ၁၉၈၄။
  2. Ron Rivest: Handbook of Theoretical Computer Science။ ၁၉၉၀။
  3. Introduction to Modern Cryptography။ 21 September 2005။ p. 10။
  4. Buchmann, J., Braun, J., Demirel, D., & Geihs, M. (2017). Quantum cryptography: a view from classical cryptography. Quantum Science and Technology, 2(2), 020502.
  5. "Key note lecture multidisciplinary in cryptology and information security" (Dec 2013): 1–2. 
  6. ၆.၀ ၆.၁ Crypto FAQ: What is cryptography & how does it work? (in en)။ ၂၀၂၂ - သြဂုတ် - ၂၇ တွင် ပြန်စစ်ပြီး။
  7. Handbook of Applied Cryptography။ 1997။
  8. Codes: An introduction to Information Communication and Cryptography။ 2008။ p. 171
  9. Overview per country။ ၂၀၂၂ - ဒီဇင်ဘာ - ၀၅ တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 December 2022 တွင် ပြန်စစ်ပြီး။
  10. UK Data Encryption Disclosure Law Takes Effect (၂၀၀၇ - အောက်တိုဘာ - ၀၁)။ ၂၀၂၂ - ဒီဇင်ဘာ - ၀၅ တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  11. The undercover war on your internet secrets: How online surveillance cracked our trust in the web။ 12 June 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 December 2022 တွင် ပြန်စစ်ပြီး။
  12. Digg users revolt over AACS key (၂၀၀၇ - မေ - ၀၂)။ 12 May 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 December 2022 တွင် ပြန်စစ်ပြီး။