ကုန်သွယ်ရေး ဦးစီးဌာန (အင်္ဂလိပ်: Department of Trade) သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ ဌာနတစ်ခုဖြစ်သည်။

ကုန်သွယ်ရေး ဦးစီးဌာန
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၁၉၆၇ ခုနှစ်
ယခင်အဖွဲ့အစည်းကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန
ဌာနချုပ်ရုံးအမှတ် (၃)၊ နေပြည်တော်
ဝန်ကြီးများဦးထွန်းအုံ (ပြည်ထောင်စုဝန်ကြီး)
ဌာနအကြီးအမှူးများဦးမြင့်သူရ၊ ညွှန်ကြားရေးမှူးချုပ်
ဦးစိုးလွင် (ဒုတိယညွှန်ကြားရေးမှူးချုပ်)၊ ဒေါ်နီနီကျော် (ဒုတိယညွှန်ကြားရေးမှူးချုပ်)
မိခင်အဖွဲ့အစည်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန
ဝက်ဘ်ဆိုက်dot.gov.mm

သမိုင်းကြောင်း ပြင်ဆင်ရန်

၁၉၆၇ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ စီးပွားရေးမူဝါဒများအရ ကုန်သွယ်ရေး ကော်ပိုရေးရှင်းများကို ပြန်ကျုံ့ကာ အောက်ပါအတိုင်း စီးပွားရေးဆန်ဆန် ပြန်လည်ဖွဲ့စည်းဆောင် ရွက်ခဲ့သည် -

  • (က)ကုန်သွယ်ရေးဦးစီးဌာန
  • (ခ)ကုန်သွယ်ရေးကော်ပိုရေးရှင်း ၁၁ ခုနှင့် ယင်းတို့၏ လုပ်ငန်းစု၊ လုပ်ငန်းခွဲများ၊ ဆိုင်များနှင့် စက်ရုံအလုပ်ရုံများ။
  • (ဂ)ပြည်နယ်/တိုင်း ကုန်သွယ်ရေး ၁၄ ခု။

ယခင်ကုန်သွယ်ရေးဝန်ကြီးဌာနအမည်ဖြင့် ဖွဲ့စည်းခဲ့ရာမှ ကုန်သွယ်ရေးဦးစီးဌာနနှင့် ကော်ပိုရေးရှင်း ၁၁ ခုအား ဝန်ကြီးရုံး၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရောင်းဝယ်ရေး ၆ ခုနှင့် လုပ်ငန်း ၄ ခုတို့ဖြင့် ပြန်လည် ဖွဲ့စည်းခဲ့သည်။ တဖန် ၁၉၉၆ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့မှစ၍ ကုန်သွယ်ရေးဝန်ကြီးဌာနအမည်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဟူ၍ ယနေ့အထိ အမည်ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ယင်းနောက် ၁၉၉၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ဝန်ကြီးရုံး၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနနှင့် မြန်မာ့လယ်ယာ ထွက်ကုန် ပစ္စည်းရောင်းဝယ်ရေးတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကုန်ရောင်းဝယ်ရေးနှင့်လုပ်ငန်း ၈ ခုအား ဖျက်သိမ်းခဲ့သည်။ ထို့ပြင် ၂၀၀၃ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် စတင်ကျင့်သုံးခဲ့သော ဆန်စပါး မူဝါဒအသစ်အရ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးကို နိုင်ငံတော် လိုအပ်ချက်နှင့်အညီ ပြုပြင်ဖွဲ့စည်းကာ နိုင်ငံတော်၏စီးပွားရေးကဏ္ဍတွင် ချမှတ်ပေးထားသည့် မူဝါဒများနှင့်အညီ လုပ်ငန်းတာဝန်များ ဆောင်ရွက်ခဲ့သည်။၂၀၁၅ ခုနှစ်ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၂/၂၀၁၅)၏ သဘောတူညီချက်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းခဲ့သည်-[၁]

  • (က) ဝန်ကြီးရုံး
  • (ခ) ကုန်သွယ်ရေးဦးစီးဌာန
  • (ဂ) စားသုံးသူရေးရာဦးစီးဌာန
  • (ဃ) မူပိုင်ခွင့်ဦးစီးဌာန
  • (င) မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

ကုန်သွယ်ရေးဦးစီးဌာနသည် ကုန်းလမ်း၊ ပင်လယ်ရေကြောင်းနှင့် လေကြောင်းတို့မှ တင်ပို့ တင်သွင်းသည့် မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန် ဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆောင်ရွက်သည်။ ထို့အပြင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် ဒေသတွင်း ကုန်စည်စီးဆင်းမှု၊ ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်လျက် ရှိသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရန်

ရုံးချုပ်

  • (က) စီမံရေးရာဌာနခွဲ
  • (ခ) ငွေစာရင်းဌာနခွဲ
  • (ဂ)ပို့ကုန်/သွင်းကုန်လုပ်ငန်းဌာနခွဲ
  • (ဃ)ကုန်သွယ်မှုမူဝါဒဌာနခွဲ
  • (င)စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲ
  • (စ)ဌာနတွင်းလုပ်ငန်းနှင့်စာရင်းစစ်ဆေးရေးဌာနခွဲ
  • (ဆ)နယ်စခန်းများညှိနှိုင်းကွပ်ကဲရေးဌာနခွဲ
  • (ဇ)WTO နှင့် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုနှင့်ဆက်နွယ်နေသောအဖွဲ့အစည်းများဌာနခွဲ
  • (ဈ)နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေးဌာနခွဲ
  • (ည)ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲ
  • (ဋ)သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲ
  • (ဌ)ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲ
  • (ဍ)ကုန်သွယ်မှုပညာပေးရေးဌာနခွဲ

နယ်ရုံးများ

  • (က)ကုန်သွယ်ရေးဇုန်(၂)ခု
  • (ခ)နယ်စပ်ကုန်သွယ်ရေးစခန်း(၁၇)ခု
  • (ဂ)ပို့ကုန်သွင်းကုန်ရုံး (၄) ခု (ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ ကျိုင်းတုံ)

အခြားရုံးများ

  • အထူးစီးပွားရေးဇုန်ရုံး (သီလဝါ၊ ထားဝယ်၊ ကျောက်ဖြူ)

ကိုးကား ပြင်ဆင်ရန်