ဦးထွန်းအုံ သည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လက်ရှိ ပြည်ထောင်စုဝန်ကြီးဖြစ်သည်။[၁] ၂၀၂၃ စက်တင်ဘာလ ၂၅ရက်ကစပြီး ထိုတာဝန်ထမ်းဆောင်သည်။ ယင်းမတိုင်ခင်က သူသည် တပ်မတော်သားဟောင်းတစ်ဦးဖြစ်ခဲ့ပြီး၊အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်လည်းဖြစ်ခဲ့သည်။ထို့အပြင် စစ်ကောင်စီလက်ထက် သာသာနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန တို့တွင် ဒုတိယဝန်ကြီး အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သေးသည်။

ထွန်းအုံ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၅ စက်တင်ဘာ ၂၀၂၃
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတ
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဦးအောင်နိုင်ဦး
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဒုတိယဝန်ကြီး
တာဝန်သက်တမ်း
၂ မေ ၂၀၂၂ – ၂၅ စက်တင်ဘာ ၂၀၂၃
သာသာနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနဒုတိယဝန်ကြီး
တာဝန်သက်တမ်း
၂၃ ဧပြီ ၂၀၂၁ – ၂ မေ ၂၀၂၂
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၁
လူမျိုးမြန်မာ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
အမှုထမ်းကာလ၁၉၈၁-၂၀၀၇
ရာထူးဗိုလ်မှူး

ဝန်ထမ်းဘဝ ပြင်ဆင်ရန်

သူသည် အလုပ်သင်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၁) ဆင်းဖြစ်သည်။ ဝန်ကြီး ဦးအောင်နိုင်ဦး နှင့် အပါတ်စဉ် တူသည်။ တပ်မတော် တွင် ၁၉၈၁ ခုနှစ်ကစပြီး ၂၀၀၇ အထိ စစ်မှုထမ်းခဲ့သည်။ယင်းနောက် ၂၀၀၇ တွင် စစ်ဘက် မှ အရပ်ဘက် ယဉ်ကျေးမှုဝန်ကြီးဌာန သို့ ညွှန်ကြားရေးမှူးအဆင့်ဖြင့် ပြောင်းရွှေ့သည်။သူသည် တက္ကသိုလ်ပါမောက္ခ တစ်ဦးအဖြစ်ပါ တာဝန်ထမ်းခဲ့သည်။ ၂၀၁၅ ဒီဇင်ဘာ ၁၀ရက်နေ့တွင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ဒုတိယပါမောက္ခချုပ်(စီမံ) တာဝန်မှ ယင်းဝန်ကြီးဌာန အနုပညာဦးစီးဌာန သို့ ညွှန်ကြားရေးမှူးချုပ် အဖြစ် အစမ်းခန့်အပ်ခံရပြီး[၂] သမ္မတဦးထင်ကျော် လက်ထက် ၂၀၁၆ ဒီဇင်ဘာ ၁၃ ရက်တွင် ၎င်းအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန ၏ ညွှန်ကြားရေးမှူးချုပ် အဖြစ် အတည်ပြုခန့်အပ်သည်။[၃] ၂၀၁၇ ဇူလိုင် ၂၈ ရက်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၏ အမြဲတမ်းအတွင်းဝန်ဖြစ်လာသည်။[၄] ထိုတာဝန်ကို စစ်တပ်က အာဏာသိမ်းပြီးသည့် နောက်ပိုင်းကာလအထိ တာဝန်ထမ်းခဲ့သည်။

ဝန်ကြီးဘဝ ပြင်ဆင်ရန်

သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၂၀၂၁ ဧပြီလ ၂၃ ရက် တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အဖြစ် ခန့်အပ် တာဝန်ပေးသည်။[၅] ၂၀၂၂ မေလ ၂ရက်နေ့တွင် ထိုဝန်ကြီးဌာနမှ နေ၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်သည်။[၆] ၂၀၂၃ စက်တင်ဘာ ၂၅ရက်တွင် ဦးထွန်းအုံသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်လာခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. RESHUFFLE OF CABINET MEMBERS: APPOINTMENT AND PERMITTED RETIREMENT ANNOUNCEDMITV (25 September 2023)။ 27 September 2023 တွင် ပြန်စစ်ပြီး။
  2. နိုင်ငံတော်သမ္မတရုံးအမိန့်ကြော်ငြာစာ(၇၄/၂၀၁၅)ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများပြောင်းရွှေ့ခြင်းနှင့်ခန့်ထားခြင်းမြန်မာနိုင်ငံတော်ပြန်တမ်း (၁၀ ဒီဇင်ဘာ ၂၀၁၅)။ ၂၇ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. နိုင်ငံတော်သမ္မတရုံးအမိန့်ကြော်ငြာစာ(၉ ၄/၂၀၁၆)ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးအတည်ပြုခန့်အပ်ခြင်းမြန်မာနိုင်င့တော်ပြန်တမ်း (၁၃ ဒီဇင်ဘာ ၂၀၁၆)။ ၂၇ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ပြည်ထောင်စုအစိုးရအဖွဲ့အမိန့်ကြော်ငြာစာ(၆၃/၂၀၁၇)အမြဲတမ်းအတွင်းဝန်တာဝန်ခံညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်းမြန်မာနိုင်ငံတော်ပြန်တမ်း (၂၈ ဇူလိုင် ၂၀၁၇)။ ၂၇ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်အမှတ်(၁၁၆/၂ဝ၂၁)ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းMWD Webportal (၂၃ ဧပြီလ ၂၀၂၁)။ ၂၇ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ အား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်Myanmar Digital News (၃ မေ ၂၀၂၂)။ ၂၇ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။