ကုန်းလမ်းပို့ဆောင်ရေး (အင်္ဂလိပ်: Road Transport) သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ကုန်းလမ်းပို့ဆောင်ရေး
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်
  • ၁၉၅၉ (​နေပြည်​​တော် ပို့​ဆောင်​ရေး ကုမ္ပဏီ)
  • ၁၉၆၂ (မြန်မာနိုင်ငံစီးပွားတိုးတက် ရေး ကော်ပိုရေးရှင်း)
  • ၁၉၆၃ (ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအဖွဲ့)
၁၉၈၉ (ကုန်းလမ်းပို့ဆောင်ရေး)
ယခင်အဖွဲ့အစည်းကုန်းလမ်းပို့ဆောင်ရေး ​ကော်ပို​ရေးရှင်း
ဝန်ကြီးများဗိုလ်ချုပ်ကြီး မြထွန်းဦး
ဌာနအကြီးအမှူးများ၊ ဦး​ဆောင်ညွှန်ကြား​ရေးမှူး
မိခင်အဖွဲ့အစည်းပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန
ဝက်ဘ်ဆိုက်motc.gov.mm

သမိုင်း​ကြောင်း ပြင်ဆင်ရန်

ကုန်းလမ်းပို့ဆောင်ရေးသည် ၁၉၅၉ ခုနှစ်မှစ၍ ယနေ့အထိ အောက်ပါအတိုင်း အဆင့်ဆင့် ပြောင်းလဲ ဆောင်ရွက်ခဲ့သည်

၁၉၅၉ ခုနှစ်တွင် စစ်ဘက်ကုန်စည်ဖြန့်ချိရေးအဖွဲ့၏ ရင်းနှီးမတည်ငွေဖြင့် "နေပြည်တော် ပို့ဆောင်ရေးကုမ္ပဏီ" အဖြစ် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ သည်။၁၉၆၂ ခုနှစ်တွင် နေပြည်တော်ပို့ဆောင်ရေးကုမ္ပဏီအား "မြန်မာနိုင်ငံစီးပွားတိုးတက် ရေး ကော်ပိုရေးရှင်း"  BURMA ECONOMIC DEVELOPMENT CORPORATION (BEDC) အဖြစ် ပြောင်းလဲဆောင်ရွက်ခဲ့သည်။၁၉၆၃ ခုနှစ်တွင် ပြည်သူပိုင် အဖွဲ့အစည်းတစ်ရပ်အဖြစ် "ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးအဖွဲ့" အမည်ဖြင့် ဆောင်ရွက်ခဲ့သည်။၁၉၇၂ ခုနှစ်တွင် ပြည်သူပိုင်စီးပွားရေး အဖွဲ့အစည်းတစ်ရပ်အဖြစ် "ကုန်းလမ်း ပို့ဆောင်ရေး ကော်ပိုရေးရှင်း" အမည်ဖြင့် ဆက်လက်ဆောင်ရွက်ခဲ့သည်။၁၉၈၉ ခုနှစ်တွင် ပြောင်းလဲကျင့်သုံးလျက်ရှိသော ဈေးကွက်စီးပွားရေးစနစ်နှင့် လျော်ညီစွာ နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းတစ်ရပ်အဖြစ် " ကုန်းလမ်းပို့ဆောင်ရေး"  အမည်ဖြင့် ဆောင်ရွက်လျက်ရှိသည်။[၁]

ရည်မှန်းချက်တာဝန် ပြင်ဆင်ရန်

ကုန်းလမ်းပို့ဆောင်ရေး၏ လုပ်ငန်းရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

  • ကုန်စည်/ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းများကို ပြည်တွင်း/ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု များဖြင့် အကျိုးတူ တိုးချဲ့ဆောင်ရွက်ပြီး ပြည်သူလူထုအား ထိရောက်သက်သာသော ဝန်ဆောင်မှုပေးရန်နှင့် ဝင်ငွေ တိုးမြှင့်ရှာဖွေရန်၊
  • ပြည်နယ်/တိုင်း ဒေသကြီးများအားဆက်စပ်၍ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို အများပိုင် ကော်ပိုရေးရှင်း ထူထောင်၍ လုပ်ငန်းဆောင်ရွက်ရန်၊
  • ကုန်းလမ်းပို့ဆောင်ရေးရှိ သက်တမ်းလွန် ယာဉ်ဟောင်းများအားအပ်နှံပြီး ယာဉ်သစ် များ ဖြည့်တင်း နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်၊
  • အဆင့်မြင့်ယာဉ်များအား ပြုပြင်နိုင်သည့် ယာဉ်ပြင်သင်တန်းများ၊ ယာဉ်မောင်း သင်တန်းများ ဖွင့်လှစ်ပေးလျက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန်၊မြို့တွင်းပို့ဆောင်ရေးလုပ်ငန်းများအား ခေတ်မီယာဉ်များ၊ ခေတ်မီနည်းစနစ်များဖြင့် ပြေးဆွဲ ဆောင်ရွက်သွားရန်၊
  • ကွန်တိန်နာတင် ယာဉ်များအသုံးပြု၍ Multi Model စနစ်ဖြင့် လုပ်ငန်း ဆောင်ရွက်ရန် သာမက နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများကိုပါ တိုးချဲ.လုပ်ကိုင်နိုင်ရေး ဆောင်ရွက်သွားရန်။

ဖွဲ့စည်းပုံ ပြင်ဆင်ရန်

ကုန်းလမ်းပို့ဆောင်ရေး ဦးဆောင်ညွှန်ကြားရေးမှူးသည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ပေးအပ်သည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် သတ်မှတ်ထားသော ဖွဲ့စည်းပုံနှင့် ခွင့်ပြုအင်အား ဘောင်အတွင်း၌ ဌာနအသီးသီးကို ဖွဲ့စည်းကာ ဦးဆောင်စီမံကွပ်ကဲဆောင်ရွက်လျက်ရှိသည်။ ထိုနည်းတူ အထွေထွေမန်နေဂျာနှင့် ဒု-အထွေထွေမန်နေဂျာ တို့သည် ဌာနအသီးသီးမှ တင်ပြသော ဌာနဆိုင်ရာ လုပ်ငန်းကိစ္စအရပ်ရပ်ကို စိစစ်သုံးသပ်၍ အရေးယူ ဆောင်ရွက်ဖွယ်ရာများကို ဦးဆောင် ညွှန်ကြားရေးမှူးအား တိုက်ရိုက် တာဝန်ခံ ဆောင်ရွက်ကြသည်။

ကုန်းလမ်းပို့ဆောင်ရေးတွင် ဖွဲ့စည်းထားရှိသော အောက်ပါဌာနအသီးသီးကို ဌာနမှူးများမှ ဦးဆောင်၍ ယှဉ်တွဲပါတာဝန်များကို ဦးဆောင်ညွှန်ကြားရေးမှူးအား တာဝန်ခံ ဆောင်ရွက်ကြသည် -

စဉ် ဌာန တာဝန်ခံ လုပ်ငန်းတာဝန်
(က) အင်ဂျင်နီယာဌာန အင်ဂျင်နီယာချုပ် ပြင်ဆင်ရေးဆိုင်ရာ လုပ်ငန်းတာဝန်များ၊
( ခ) ငွေစာရင်းဌာန ဒုတိယအထွေထွေ မန်နေဂျာ(စာရင်း) ငွေကြေးဆိုင်ရာ လုပ်ငန်းတာဝန်များ၊
( ဂ) ဖွဲ့စည်းနှင့်စီမံရေးရာ ဌာန ဌာနမှူး စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးလုပ်ငန်းတာဝန် များ၊
(ဃ) လုပ်သားရေးရာ ဌာန ဌာနမှူး ဝန်ထမ်းရေးရာ လုပ်ငန်းတာဝန်များ၊
( င) ပစ္စည်းဝယ်ယူ/သိုလှောင်ရေးဌာန ဌာနမှူး ပစ္စည်းဝယ်ယူသိုလှောင်ရေး လုပ်ငန်းတာဝန် များ၊
( စ) စာရင်းအင်းဌာန ဌာနမှူး ပို့ဆောင်ရေးဆိုင်ရာစာရင်းအင်းများပြုစုခြင်း၊
(ဆ) ကုန်စည်ပို့ဆောင်ရေးဌာန ဌာနမှူး ကုန်စည်ပစ္စည်းများ ပို့ဆောင်ခြင်း၊
( ဇ) ခရီးသည်ပို့ဆောင်ရေးဌာန ဌာနမှူး ခရီးသည်များ ပို့ဆောင်ခြင်း၊
(ဈ) အငှားယာဉ်ဌာန ဌာနမှူး ယာဉ်ငယ်များဖြင့် ရန်ကုန်မြို့တွင်း ခရီးသည် ပို့ဆောင်ခြင်း၊

ကိုးကား ပြင်ဆင်ရန်