မြထွန်းဦး
ဗိုလ်ချုပ်ကြီး စည်သူ[၁] မြထွန်းဦးသည် ၂၀၂၁ အိမ်စောင့်အစိုးရတွင် ဒုတိယဝန်ကြီးချုပ်[၃]နှင့် ကာကွယ်ရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသူဖြစ်သည်။ သူသည် ကာကွယ်ရေးဝန်ကြီးရာထူးအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းယူမှု အပြီးတွင် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။[၄]
မြထွန်းဦး | |
---|---|
![]() | |
မြန်မာနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁ ဖေဖော်ဝါရီ ၂၀၂၃ | |
ဝန်ကြီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၂ ဖေဖော်ဝါရီ ၂၀၂၁[၂] | |
ဥက္ကဋ္ဌ | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
ကာကွယ်ရေးဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
ယခင်လူ | ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | မြန်မာနိုင်ငံ | မေ ၅၊ ၁၉၆၁
လူမျိုး | ဗမာ |
ကြင်ဖော်(များ) | ဒေါ်သက်သက်အောင် |
မိခင်ကျောင်း | စစ်တက္ကသိုလ် |
အလုပ်အကိုင် | စစ်မှုထမ်း |
ဆုတံဆိပ်များ | စည်သူသင်္ဂဟဘွဲ့[၁] |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | ![]() |
တပ်/တပ်ဖွဲ့ခွဲ | ![]() |
အမှုထမ်းကာလ | ၁၉၈၀ - လက်ရှိ |
ရာထူး | ![]() |
တပ် | ကာကွယ်ရေး ဝန်ကြီးဌာန |
အစောပိုင်းဘဝနှင့် ပညာရေး
၁၉၆၁ ခုနှစ် မေလ ၅ ရက်နေ့တွင် မွေးဖွားခဲ့သည်။[၅] ၁၉၈၀ ခုနှစ်တွင် စစ်တက္ကသိုလ် အပတ်စဉ်(၂၅) ဗိုလ်လောင်းသင်တန်းဆင်း အရာရှိတစ်ဦး ဖြစ်သည်။[၅]
တာဝန်ထမ်းဆောင်ခြင်း
တပ်မတော်ထောက်လှမ်းရေးမှူးချုပ်ရုံးနှင့် အမျိုးသားထောက်လှမ်းရေးအဖွဲ့များ ဖျက်သိမ်းပြီးနောက်ပိုင်း စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ်ရုံးနှင့် စစ်ဘက်ရေးရာလုံခြုံရေးကွန်ယက် ပြန်လည်ထူထောင်ချိန်တွင် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးတွင် စစ်ဦးစီးမှူး(ပထမတန်း)တာဝန်ကို ထမ်းဆောင်ခဲ့ဘူးသည်။ အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ် တပ်မမှူး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)တွင် စစ်ဦးစီးအရာရှိချုပ်(ကြည်း)တာဝန်ကို ထမ်းဆောင်ခဲ့ပြီး စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် နှင့် အမှတ် (၅) စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း/ ရေ / လေ) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။[၆][၄] ထို့နောက် အနောက်နိုင်ငံအစိုးရများနှင့် ဆက်ဆံရေးကောင်းမွန်စေရန် အစ္စရေးထောက်လှမ်းရေးဟောင်း လော်ဘီကုမ္ပဏီကို ငှားရမ်းရာ၌ ဦးဆောင်ခဲ့သူဟု ဆိုကြသည်။[၇]
၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းရာ ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ အစိုးရအဖွဲ့တွင် ၎င်းအပါအဝင် ဒုတိယဝန်ကြီးချုပ် (၅)ဦးရှိလာခဲ့သည်။
ပုဂ္ဂိုလ်ရေးဘဝ
ကိုးကား
- ↑ ၁.၀ ၁.၁ ၁.၂ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊နိုင်ငံတော်သမ္မတရုံး (၂၉-၀၄-၂၀၂၁). "၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၁)" (in မြန်မာဘာသာ) (PDF). ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြန်တမ်းစာစောင် (အတွဲ(၇၄)၊ အမှတ်(၅)): စာ-၂၅၉. ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန. မှတ်ပုံတင်အမှတ်-၃၉ Retrieved on အောက်တိုဘာ ၂၂, ၂၀၂၁.
- ↑ "နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း"။
- ↑ "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၆ / ၂၀၂၃ ၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် (၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်) ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း"။
- ↑ ၄.၀ ၄.၁ Tatmadaw names new govt officials (2021-02-01)။ 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 February 2021 တွင် ပြန်စစ်ပြီး။
- ↑ ၅.၀ ၅.၁ Lt-Gen Mya Tun Oo Appointed Burmese Military’s Chief of General Staff (in en-US) (2016-08-29)။ 2021-02-01 တွင် ပြန်စစ်ပြီး။
- ↑ Tipped as Next Myanmar Army Chief, Mya Tun Oo Gets Promotion (in en-US) (2014-07-23)။ 2021-02-01 တွင် ပြန်စစ်ပြီး။
- ↑ "စစ်ကောင်စီတွင် တာဝန်အရှိဆုံး စစ်ဗိုလ်ချုပ်ကြီးများ"၊ Myanmar Now၊ 6 May 2021။
- ↑ Myanmar military SAC members, their businesses and associates that require targeted sanctions။ 2021-02-11 တွင် ပြန်စစ်ပြီး။
- ↑ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံမှပြန်လည်ရောက်ရှိ (in my)။ 2021-02-01 တွင် ပြန်စစ်ပြီး။