ကူမင်း ချန်ဆွေ အပြည်ပြည်ဆိုင်ရာ လေဆိပ်
ကူမင်း ချန်ဆွေ အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၏ မြို့တော် ကူမင်းမြို့တွင် တည်ရှိသည်။ ကူမင်းမြို့မှ ၂၄.၅ကီလိုမီတာ (၁၅.၂ မိုင်) အရှေ့မြောက်ဘက်တွင် တည်ရှိသည်။ ပင်လယ်ပြင်မျက်နှာပြင်အထက် ၂၁၀၀ မီတာ (၆၉၀၀ ပေ) တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ မနက် ၈ နာရီတွင် ဖွင့်လှစ်ခဲ့သည်။[၁] ကူမင်းမို့ လေဆိပ်ဟောင်း မှာ ကူမင်း ဝူကြားဘ အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖြစ်သည်။ တရုတ်အိစ်စတန်း လေကြောင်းလိုင်း၊ ကူမင်း လေကြောင်းလိုင်း၊ လက်ကီး လေကြောင်းလိုင်း နှင့် စီချွန် လေကြောင်းလိုင်း တို့၏ အခြေစိုက်ရာအဖြစ် အသုံးပြုသည်။
ကူမင်း ချန်ဆွေ အပြည်ပြည်ဆိုင်ရာ လေဆိပ် 昆明长水国际机场 "Kumming Changshui International Airport" | |||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
View from roof of the airport terminal. | |||||||||||||||
အချက်အလက်များ | |||||||||||||||
အမျိုးအစား | ပြည်သူပိုင် | ||||||||||||||
စီမံကွပ်ကဲသူ | ယူနန်လေဆိပ်အဖွဲ့ | ||||||||||||||
ဝန်ဆောင်မှု ဧရိယာ | ကူမင်း၊ ယူနန်ပြည်နယ်၊ တရုတ်နိုင်ငံ | ||||||||||||||
တည်နေရာ | ချန်ဆွေရွာ၊ ကွမ်တု၊ ကူမင်း | ||||||||||||||
ဗဟိုချက်အဖြစ် အသုံးပြုသည့် လေကြောင်း |
| ||||||||||||||
ပင်လယ်မျက်နှာပြင် အထက် | ၂၀၁၃ မီတာ / ၆,၆၀၄ ပေ | ||||||||||||||
ဝက်ဘ်ဆိုဒ် | kmgairport.com | ||||||||||||||
မြေပုံ | |||||||||||||||
တည်နေရာပြမြေပုံ | |||||||||||||||
ပြေးလမ်း | |||||||||||||||
| |||||||||||||||
ကိန်းဂဏန်း အချက်အလက်များ (၂၀၁၄) | |||||||||||||||
|
လေယာဉ်ပြေးလမ်း ၂ ခု တည်ဆောက်ထားပြီး ၂၀၁၄ ခုနှစ်တွင် ခရီးသည် ၃၃သန်း ကျော်ကို ဝန်ဆောင်မှု ပေးနိုင်ခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် ခရီးသည် ၄၃ သန်း ကျော် ဝန်ဆောင်မှု ပေးနိုင်ရန် မျှော်မှန်းထားသည်။
ကူမင်း ချန်ဆွေ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ တရုတ်နိုင်ငံ၏ အဓိကလေဆိပ်များထဲတွင် တစ်ခု အပါအဝင်ဖြစ်သည်။
လေဆိပ် အဆောက်အဦး
ပြင်ဆင်ရန်လေဆိပ် အဆောက်အဦးမှာ ၅၄၈၃၀၀ စတုရန်းမီတာ (၅၉၀၂၀၀၀ စတုရန်းပေ) ကျယ်ဝန်းသည်။ တရုတ်နိုင်ငံရှိ လေဆိပ်အဆောက်အဦးများတွင် ဒုတိယ အကြီးဆုံးဖြစ်သည်။[၂] လေယာဉ်ဆိုက်ကပ်နိုင်သော ဂိတ် ၆၆ ဂိတ် ရှိပြီး ဂိတ်ပေါင်း ၈၈ ဂိတ် ရှိသည်။
တည်ဆောက်ခြင်း
ပြင်ဆင်ရန်လေဆိပ် တည်ဆောက်ခြင်းကို ၂၀၀၉ ခုနှစ်တွင် စတင်ခဲ့သည်။ တည်ဆောက်ရေး ကာလအတွင်း မတော်တဆ ဖြစ်ပွားမှု ၂ ခု ဖြစ်ပွားခဲ့သည်။ ၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် ပထမ မတော်တဆ ဖြစ်ပွားခဲ့သည်။ အလုပ်သမား ၇ ဦး သေဆုံးခဲ့သည်။[၃] နောက်ထပ် မတော်တဆမှုမှာ ၂၀၁၁ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ တွင် ဖြစ်ခဲ့သည်။ အလုပ်သမား ၁၁ ဦး လှိုင်ခေါင်းထဲတွင် ထိခိုက်ဒဏ်ရာ ရခဲ့သည်။[၄] လေဆိပ်အဆောက်အဦးကို ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ပြီးဆုံးခဲ့သည်။[၅]
သယ်ယူပို့ဆောင်ရေး
ပြင်ဆင်ရန်လေဆိပ်သည် ကူမင်းမြို့ပတ်ရထား လိုင်းအမှတ် (၆)၏ ခရီးဆုံးဘူတာ ဖြစ်သည်။ လေဆိပ်ဖွင့်ရက်နှင့်အတူ လေဆိပ်ဘူတာ ကိုပါ ဖွင့်ခဲ့သည်။ ကူမင်း ၁၃ကီလိုမီတာ အဝေးပြေးလမ်းမကြီးနှင့်လည်း ချိတ်ဆက်နေသလို ပြည်နယ်လမ်းမကြီး အက်စ်၁၀၁ နှင့်လည်း ချိတ်ဆက်နေသည်။
လေကြောင်းလိုင်းများနှင့် ပျံသန်းရာမြို့များ
ပြင်ဆင်ရန်ခရီးသည်
ပြင်ဆင်ရန်၇၂ နာရီ ကူးပြောင်းဗီဇာ
ပြင်ဆင်ရန်ကူးမင်းလေဆိပ်တွင် ကူးပြောင်းခရီးစဉ်များအတွက် ၇၂ နာရီ နိုင်ငံအတွင်း ဝင်ရောက်ခွင့်ကို ခွင့်ပြုထားသည်။ အဆိုပါ အစီအစဉ်မှာနိုင်ငံပေါင်း ၅၁ နိုင်ငံအတွက် အကျုံးဝင်သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ Newly-built Kunming Changshui Int'l Airport to be put into operation (2012-06-08)။
- ↑ 昆明新机场规划设计创新 (in Chinese) (2010-05-08)။ 13 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 March 2016 တွင် ပြန်စစ်ပြီး။
- ↑ 7 dead, 34 injured in SW China overpass collapse
- ↑ 马玉佳။ Kunming airport collapse injures 11။ 1 June 2015 တွင် ပြန်စစ်ပြီး။
- ↑ Main work of terminal project of new Kunming airport to be completed။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 June 2015 တွင် ပြန်စစ်ပြီး။