နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်

နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် (ယခင်အမည် အေလာလေဆိပ်) သည် မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်မြို့မှ အရှေ့တောင်ဘက် ၁၆ ကီလိုမီတာအကွာ အေလာနှင့်လယ်ဝေးမြို့ တို့အကြားတွင် တည်ရှိသည်။ နေပြည်တော်မြို့ မတည်မီကာလများက အနီးရှိ ပျဉ်းမနားမြို့ ကိုအစွဲပြု၍ ပျဉ်းမနားလေဆိပ် ဟုလည်းခေါ်ဆိုကြသည်။ လေဆိပ်ကို ၂၀၁၁ ဒီဇင်ဘာလ ၁၉ရက်နေ့တွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် တို့မှအခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့သည်။[] []

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်
  • IATA: NPT
  • ICAO: VYNT
    NPT သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
    NPT
    NPT
    Location of airport in Burma
အချက်အလက်များ
အမျိုးအစားပြည်သူပိုင်
ပိုင်ဆိုင်သူပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ
စီမံကွပ်ကဲသူပို့ဆောင်ရေးဝန်ကြီးဌာန
ဝန်ဆောင်မှု ဧရိယာနေပြည်တော်မြို့
တည်နေရာလယ်ဝေးမြို့ , ရမည်းသင်းခရိုင်
မန္တလေးတိုင်းဒေသကြီး, မြန်မာ
ပင်လယ်မျက်နှာပြင် အထက်၁၀၉ ပေ / ၃၃ မီတာ
ကိုဩဒိနိတ်19°37′08.87″N 96°11′59.78″E / 19.6191306°N 96.1999389°E / 19.6191306; 96.1999389
ပြေးလမ်း
ဦးတည်ရာအရပ် အလျား မျက်နှာပြင်
ပေ မီတာ
၁၆/၃၄ ၁၂,၀၀၀ ၃,၆၅၇ ကွန်ကရစ်
နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် တွင်တွေ့ရသော ရုရှားလုပ် စူပါဂျက်၁၀၀ အမျိုးအစားလေယာဉ်တစ်စီး

လေဆိပ်ချဲ့ထွင်မှုအဆင့်ဆင့်

ပြင်ဆင်ရန်

နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီး သည် တစ်နှစ်လျှင် ခရီးသည် ၃.၅သန်း ကိုင်တွယ်နိုင်စွမ်းရှိပြီး စင်ကာပူအခြေစိုက် CPG Corporationမှ ဒီဇိုင်းရေးဆွဲခဲ့သည်။ CPG Corporationသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် တိုးချဲ့ရေးပရောဂျက်တွင် ဒီဇိုင်းရေးဆွဲခဲ့သည့်အပြင် စင်္ကာပူ ချန်ဂီ လေဆိပ်နှင့် ဗီယက်နမ်နိုင်ငံလာအိုနိုင်ငံရှိ လေဆိပ်များ၏ အဓိကဒီဇိုင်းရေးဆွဲသူလည်း ဖြစ်သည်။ ၂၀၀၉ခုနှစ် ဇန်နဝါရီလတွင် ဆောက်လုပ်ရေးလုပ်ငန်းကို Asia Worldကုမ္ပဏီမှ စတင်ဆောင်ရွက်ခဲ့သည်။ လေဆိပ်တည်ဆောက်မှု ပြီးစီးသွားပါက လေယာဉ်ပြေးလမ်း၂ခုနှင့် ခေတ်မီစနစ်များ၊ဝန်ဆောင်မှုများပါဝင်သော တာမီနယ်၃ခု ပေါ်ပေါက်လာမည်ဖြစ်သည်။ လေဆိပ်ချဲ့ထွင်မှု အစီအစဉ်ကို အောက်ပါအဆင့်သုံးဆင့်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်သည်။

နေပြည်တော်လေဆိပ် တည်ဆောက်မှု ပထမအဆင့်အား ၂၀၀၉-၂၀၁၁ကာလတွင် အပြီးသတ်ခဲ့သည်။ ထိုအဆင့်တွင်

  • ခရီးသည် ၃.၅သန်း ကိုင်တွယ်နိုင်သော လေဆိပ်အဆောက်အဦး
  • အလျား ၃၇၀၀ မီတာ၊အနံ ၃၀.၅ မီတာ ရှိသော တက္ကစီဝေး
  • အလျား ၄၀၃ မီတာ၊အနံ ၃၃၆ မီတာ၊စုစုပေါင်းဧရိယာအားဖြင့် ၁၃၅၄၀၈ စတုရန်းမီတာ ရှိသော လေယာဉ်၁၀စီး တစ်ပြိုင်တည်းရပ်နားနိုင်သည့် နေရာကွက်လပ်
  • ခရီးသည်ပို့ဆောင်သောရွေ့လျားတံတား ၁၀ ခု
  • လေဆိပ်နောက်ထပ် တိုးချဲ့ရန် မြေနေရာနှင့် အစီအစဉ်များ
  • လေကြောင်းထိန်းမျှော်စင်
  • ကားပါကင် နှင့်
  • နိုင်ငံတကာလေဆိပ်တစ်ခု၏ ရှိသင့်ရှိထိုက်သော အရည်အချင်းများပါဝင်သည်။

နှစ်စဉ်နှစ်တိုင်း နိုင်ငံတကာခရီးသည်၂သန်း၊ ပြည်တွင်းခရီးသည်၁.၅သန်း၊ စုစုပေါင်းခရီးသည် ၃.၅သန်း ကိုဝန်ဆောင်မှုပေးနိုင်သော လေဆိပ်အဆောက်အဦးကို

  • စုစုပေါင်းဧရိယာ ၁၇၁၇၄စတုရန်းမီတာ ရှိသော အဓိကခန်းမဆောင်
  • ဧရိယာ ၃၂၂၄စတုရန်းမီတာစီရှိသော အရှေ့နှင့်အနောက်ခန်းမဆောင်နှစ်ခု
  • စုစုပေါင်းဧရိယာ ၅၉၁၂စတုရန်းမီတာ ရှိသော မြောက်ဘက်ခန်းမဆောင် ဟူ၍ဖွဲ့စီးထားသည်။

အရှေ့၊အနောက်နှင့်မြောက်ခန်းမသုံးခုကို အခက်အလက်သုံးခုသဖွယ် တည်ဆောက်ထားပြီး အဓိကခန်းမဆောင်ဖြင့် အလယ်မှချိတ်ဆက်ထားသည်။

မြေညီထပ်နှင့်ပထမထပ် စုစုပေါင်းကြမ်းခင်းဧရိယာသည် ၆၃၀၀၀စတုရန်းမီတာ ဖြစ်သည်။ အထပ်နှစ်ထပ်ပါဝင်သော လေဆိပ်အဆောက်အဦးကို ကွန်ကရစ်တိုင်များဖြင့် ထောက်ကန်ထားသည်။ မြေညီထပ်သည် ဆိုက်ရောက်ခရီးသည်များအတွက်ဖြစ်ပြီး ပထမထပ်သည် ထွက်ခွာခရီးသည်များအတွက်ဖြစ်သည်။ အနောက်ဘက်ခန်းမဆောင်သည် ပြည်တွင်းခရီးစဉ်များအတွက်ဖြစ်ပြီး မြောက်ဘက်နှင့်အရှေ့ဘက်ခန်းမဆောင်များသည် နိုင်ငံတကာခရီးစဉ်များအတွက်ဖြစ်သည်။ လေဆိပ်ချဉ်းကပ်လမ်းမှာ လမ်းနှစ်ကြော၊ ဖောလိမ်းဖြစ်ပြီး ၁၅၀၀မီတာ ရှည်လျားသည်။ ကားပါကင်သည် အလျား၂၀၀မီတာ၊ အနံ ၁၀၇ မီတာ၊ စုစုပေါင်းဧရိယာ ၂၁၄၀၀ စတုရန်းမီတာ ရှိသည်။ အမြင့်၆၂မီတာရှိသော လေကြောင်းထိန်းမျှော်စင်သည် ပရောဂျက်ပထမ၊ ဒုတိယနှင့် တတိယအဆင့်များအားလုံးတွင် ညွှန်ကြားမှုများပေးနိုင်သည်။

ဒုတိယအဆင့်မှာ မူလရှိပြီးသော လေဆိပ်အဆောက်အဦးရှေ့တွင် အလျားပေ ၁၂၀၀၊အနံပေ ၁၂၀၀ရှိသော လေယာဉ်ရပ်နားရာကွက်လပ်တစ်ခု၊ အ ရေးကြီးပုဂ္ဂိုလ်များ လေယာဉ်ရပ်နားရာကွက်လပ်တစ်ခု၊လေဆိပ်အဆောက်အဦးတွင် ရွေ့လျားတံတားအသစ် ၄ ခုတပ်ဆင်ခြင်း၊ လေယာဉ်ခရီးစဉ်တွင်း အကျွေးအမွေးပြင်ဆင်ရေး အဆောက်အဦတစ်ခု၊ အစိုးရ အဆောက်အဦးနှင့် လေဆိပ် ထိန်းသိမ်းစောင့်ရှောက်မှုဌာနများပါဝင်သည်။

တတိယအဆင့်တွင်မူ ရွေ့လျားတံတားအသစ် ၁၇ ခုထပ်မံတပ်ဆင်ခြင်း၊ အလျားပေ ၁၂၀၀၊ အနံပေ ၁၀၀ ရှိသော အပြိုင်အနေအထားရှိတက္ကစီဝေး၊ လေဆိပ်အဆောက်အဦးရှေ့တွင် အလျားပေ ၁၂၀၀၀၊ အနံပေ ၁၀၀ရှိသော ဒုတိယမြောက်လေယာဉ်ပြေးလမ်း၊ အလျားပေ ၁၂၀၀၀၊ အနံပေ ၁၀၀ ရှိသည့် နှစ်လမ်းသွား အပြိုင်အနေအထားရှိတက္ကစီဝေးတစ်စုံ၊ အလျားပေ ၆၅၀၊ အနံပေ ၁၀၀ ရှိသည့် တက္ကစီဝေးလေးခု၊ အလျားပေ ၅၅၀၊ အနံပေ ၁၀၀ ရှိသည့် တက္ကစီဝေးလေးခု၊ ကုန်တင်လေယာဉ်များအတွက် လေယာဉ်ရပ်နားရာကွက်လပ်တစ်ခုတို့ ပါဝင်မည်ဖြစ်သည်။ တတိယအဆင့်ပြီးဆုံးချိန်တွင် လေဆိပ်ကြီးသည် တစ်နှစ်လျှင်ခရီးသည် ၁၀.၅သန်းအထိ ဝန်ဆောင်မှုပေးလာနိုင်မည်ဖြစ်ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် တို့ထက်အဆပေါင်းများစွာ အဆင့်မြင့်ရှုပ်ထွေး၍ ခန်းနားဆန်းပြားလာလိမ့်မည်ဖြစ်သည်။

ပြေးဆွဲသည့် လေကြောင်းလိုင်းများ နှင့် မြို့များ

ပြင်ဆင်ရန်
လေကြောင်းလိုင်းများပျံသန်းရာနေရာRoute
မြန်မာအမျိုးသား လေကြောင်းလိုင်း ဟဲဟိုးမန္တလေးရန်ကုန် ပြည်တွင်း
သံလွင် လေကြောင်းလိုင်း ရန်ကုန်လားရှိုး ပြည်တွင်း
မန်းရတနာပုံ လေကြောင်းလိုင်း ဟဲဟိုး ပြည်တွင်း
  1. Opening Ceremony was Held for Naypyidaw International Airport of Burma။ 11 July 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 March 2013 တွင် ပြန်စစ်ပြီး။
  2. Zaw Win Than။ "Nay Pyi Taw International Airport opens"၊ Myanmar Times၊ 26 December 2011။ 5 March 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 6 May 2013။