ကူးစက်ရောဂါ (ဆေးပညာအထူးပြု)

ကူးစက်ရောဂါဆေးပညာ (Infectious medicine သို့မဟုတ် infectious disease medicine) ကို Infectiology ဟုလည်း ခေါ်ဆိုပြီး ရောဂါကူးစက်မှုများကို ရှာဖွေခြင်း၊ ထိန်းချုပ်ခြင်းနှင့် ကုသခြင်းများကို လေ့လာဆောင်ရွက်သည့် ဆေးပညာ အထူးပြုဘာသာရပ်တစ်ခု ဖြစ်သည်။ ကူးစက်ရောဂါကျွမ်းကျင်သူတစ်ဦး၏ လုပ်ငန်းသည် ဆေးရုံမှတဆင့် ကူးစက်မှုများ၊ ပြင်ပလူနာအခြေပြု ကူးစက်မှုများအပြင် ပြည်သူလူထုအခြေပြု ကူးစက်မှုများကို ထိန်းချုပ် စီမံခန့်ခွဲမှုများ ပါဝင်သည်။

Infectious Diseases (Infectiology)
ထင်ရှားသော ရောဂါများကူးစက်ရောဂါများ၊ ဥပမာ တီဘီရောဂါအဆုတ်ရောင်ရောဂါအေအိုင်ဒီအက်စ်တုပ်ကွေးရောဂါ၊ ပြည်သူ့ကျန်းမာရေး ပြဿနာများ ဥပမာ ကပ်ရောဂါဇီဝအကြမ်းဖက်မှု
ထင်ရှားသော စစ်ဆေးမှုများGram staining, microbiological cultures, serological tests, genotyping, polymerase chain reaction (PCR), medical imaging
အထူးပြုပညာရှင်Infectious disease specialist, Infectiologist

သမိုင်းကြောင်း

ပြင်ဆင်ရန်

အပူပိုင်းဒေသတွင် ဖြစ်ပွားလေ့ရှိသည့် ရောဂါများမှာ ကူးစက်တတ်သော ရောဂါများ ဖြစ်ကြသည့် အလျောက် ကူးစက်ရောဂါပညာသည် သမိုင်းကြောင်းအားဖြင့် အပူပိုင်းဒေသ ဆေးပညာ နှင့် ခရီးသွားလာဆေးပညာ တို့နှင့် ဆက်စပ်လျက်ရှိသည်။[]

ရောဂါစစ်ဆေးခြင်း

ပြင်ဆင်ရန်

ကူးစက်ရောဂါကျွမ်းကျင်ပညာရှင်များသည် ကူးစက်မှုတစ်ခု ဖြစ်ပွားစေသည့် အကြောင်းရင်းကို ရှာဖွေစစ်ဆေးရာတွင် များစွာသော စစ်ဆေးမှုများကို ပြုလုပ်ကြရသည်။ အဓိကစစ်ဆေးလေ့ရှိသည့် စစ်ဆေးမှုများမှာ Gram staining, blood cultures, serological tests, genotyping, နှင့် polymerase chain reaction (PCR) စသည်တို့ ဖြစ်သည်။

ကုသမှုများ

ပြင်ဆင်ရန်

ကူးစက်ရောဂါများအား ကုသရာတွင် ကူးစက်ရောဂါကျွမ်းကျင်ပညာရှင်များသည် များစွာသော antimicrobial agent များကို အသုံးပြုသည်။ အသုံးပြုသည့် ဆေးအမျိုးအစားသည် ကူးစက်ရောဂါကို ဖြစ်စေသော ရောဂါပိုးအမျိုးအစားပေါ်တွင် မူတည်သည်။ ပဋိဇီဝဆေးများကို ဘက်တီးရီးယား ကူးစက်ရောဂါများအတွက် လည်းကောင်း၊ ဗိုင်းရပ်စ် ကူးစက်ရောဂါများအတွက် antiviral ဆေးများကို လည်းကောင်း၊ မှိုကူးစက်ရောဂါများအတွက် antifungal ဆေးများကိုလည်းကောင်း အသီးသီး အသုံးပြုသည်။

  1. Joint Royal Colleges Postgraduate Training Board။ Infectious Diseases။ 12 December 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-12-12 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

ပြင်ဆင်ရန်