ကချင်လွတ်လပ်ရေးအဖွဲ့

လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်း
(ကေအိုင်အို မှ ပြန်ညွှန်းထားသည်)

ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (အင်္ဂလိပ်: Kachin Independence Organisation (K.I.O); အတိုကောက် ကေအိုင်အို) သည် ကချင်လူမျိုးများ၏ နိုင်ငံရေးအဖွဲ့တစ်ခုဖြစ်ပြီး ၁၉၆၀ ဆယ်စုနှစ်များမှ ၁၉၉၀ ဆယ်စုနှစ်များအထိ ကချင်ပြည်နယ်ကို (မြို့ကြီးများနှင့် မီးရထားလမ်းများမှလွဲ၍) ထိန်းချုပ်ထားနိုင်ခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့သည်။ ကေအိုင်အိုကို ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်
Kachin Independence Organisation
Seal of the Kachin Independence Organisation
ကချင်ပြည်နယ်
အတိုကောက်KIO
ဖွဲ့စည်းခြင်း၂၅ အောက်တိုဘာ ၁၉၆၀ (၁၉၆၀-၁၀-၂၅)
အမျိုးအစားနိုင်ငံရေးအဖွဲ့
ဦးတည်ချက်ကချင်လူမျိုးများအတွက် တန်းတူအခွင့်အရေး ရရှိရေး
ဌာနချုပ်လိုင်ဇာမြို့ကချင်ပြည်နယ်
ဝန်ဆောင်မှုဒေသ
Kachin state
ရုံးသုံးဘာသာစကား
ကချင်ဘာသာစကား
ဥက္ကဋ္ဌ
ဗိုလ်ချုပ်ကြီး အင်ဘန်လ[၁]
ဒုဥက္ကဋ္ဌ (၁)
ဗိုလ်ချုပ်ကြီး ဂမ်ရှောင်[၁]
ဒုဥက္ကဋ္ဌ (၂)
ဦးဆွမ်လွတ်ဂမ်[၁]
နှီးနွယ်အဖွဲ့အစည်းကချင်လွတ်မြောက်ရေးတပ်မတော်
ဝက်ဘ်ဆိုဒ်kachinindependence.org
ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်၏ အလံ
ရှေ့တန်း စစ်ဆင်ရေး တနေရာမှ KIA စစ်သားများ

သမိုင်းကြောင်း ပြင်ဆင်ရန်

KIO အဖွဲ့ကို ၁၉၆၀ အောက်တိုဘာ၂၅ တွင်စတင်ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌ မှာ လထော်ဇော်ဆိုင်း (နောင် KIA​​ဗိုလ်ချုပ်)ဖြစ်သည်။ ရည်ရွယ်ချက်မှာ နိုင်ငံရေးဖြင့် တရားမျှတမှုရယူရန်ဖြစ်သည်။ သို့သော် ​​တောင်းဆိုမှုများမှ အရာမရောက် သဖြင့် ၁၉၆၁ ဖေဖော်ဝါရီ ၅တွင် လက်နက်ကိုင်တပ် အဖြစ် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကို ဖွဲ့စည်းခဲ့သည်။ ၁၉၇၀ ခုနှစ်များ၌ ဗိုလ်ချုပ်ကြီးနေဝင်း ၏ မြန်မာဆိုရှယ်လစ် အစိုးရ ဖြင့် ​ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း သဘောတူညီမှုများ မရရှိခဲ့ပေ။ ၁၉၉၄ ခုနှစ်၌ ဗိုလ်ချုပ်ခင်ညွန့် ဦးဆောင်သော ငြိမ်းချမ်ရေး ကိုယ်စားလှယ်များ နှင့် အပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်။ အပစ်ခတ်ရပ်စဲပြီး ၁၇နှစ် အကြာ ၂၀၁၁တွင် တဖန် ပြည်တွင်းစစ်များ ဖြစ်ပေါ်လာခဲ့ပြီး ၂၀၁၂၊၂၀၁၃၊၂၀၁၄၊ NCA ငြိမ်းချမ်းရေး ဆွေးနွေးမှုများအကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း သဘာတူညီမှုများ မရနိုင်သေးကြပါ။ လက်ရှိ KIO ဥက္ကဋ္ဌ မှာ အင်ဘန်လဖြစ်ပြီး စစ်ဦးစီးချုပ်မှာ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ဖြစ်သည်။

၂ဝဝ၉စစ်ရေးတင်းမာမှု ပြင်ဆင်ရန်

မြန်မာစစ်တပ်နှင့် စစ်ဖြစ်လာတော့မည့် အရေးအတွက် ပြင်ဆင်သည့် အနေဖြင့် ကချင်လွတ်မြောက်ရေး အဖွဲ့သည် သူ၏ လက်နက်ကိုင်တပ်ဖွဲ့ကို ပြင်ဆင် မွမ်းမံမှုများ ပြုလုပ်နေသည်။ တရုတ်-မြန်မာနယ်စပ် သတင်းရပ်ကွက်များ အဆိုအရ KIO သည် သူ၏ လက်နက်ကိုင်အဖွဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် - KIA ကို ပြန်လည်စုဖွဲ့မှုများ ပြုလုပ်နေပြီး တပ်သားသစ်များလည်း စုဆောင်းနေသည်ဟု သိရသည်။

ကေအိုင်အေ ကေဒါများ မိမိတို့၏ တောတွင်းစခန်းများသို့ ပြန်လည် ဆုတ်ခွာသွားနေကြပြီး၊ မိမိတို့ ထိန်းချုပ်ရာ နယ်မြေတဝိုက်တွင် လုံခြုံရေးများ တိုးမြှင့် ချထားနေသည်ကို တွေ့မြင်ခဲ့ရကြောင်းဖြင့် ကချင်ပြည်နယ်အတွင်း လုပ်ငန်းများ လုပ်ကိုင်နေသည့် ကချင်ဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့ - KNDG ၏ ဥက္ကဋ္ဌ ဦးအောင်ဝါက ပြောသည်။ ကေအိုင်အေသည် ယင်း၏ တပ်ဖွဲ့ဝင်ဟောင်းများကို ပြန်လည် ခေါ်ယူနေပြီး၊ တပ်သားသစ်များလည်း စုဆောင်းနေကာ သင်တန်းများ အပြင်းအထန် ပေးနေသည်ဟု သူက ဆက်ပြောသည်။

ဤသို့ ကေအိုင်အိုက ပြင်ဆင်မှုများ ပြုလုပ်နေသည်ဆိုသည့် သတင်းသည် မြန်မာစစ်အစိုးရက ဧပြီလကုန်ပိုင်းက အခြား အပစ်ရပ်အဖွဲ့များနှင့်အတူ မိမိတို့၏ တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရန် အဆိုပြုအပြီး ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့များကို စစ်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ထားရှိရမည်ဖြစ်သည်။

ဧပြီလ နှောင်းပိုင်းတွင် စစ်အစိုးရက ငြိမ်းချမ်းရေးအဖွဲ့ အများအပြားကို သူတို့၏ တပ်ဖွဲ့များအား နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရန် အဆိုပြုခဲ့သည်။ ဤတပ်ရင်းတရင်းတွင် စစ်သည် အင်အား ၃၂၆ ဦး ရှိမည်ဖြစ်ပြီး၊ မြန်မာစစ်သား ၃၀ ပါဝင်ရမည်ဖြစ်ကာ စစ်အစိုးရက ထိန်းချုပ်ထားမည် ဖြစ်သည်။

မြန်မာစစ်အစိုးရနှင့် ၁၉၉၄ ခုနှစ်ကတည်းက ငြိမ်းချမ်းရေး ရယူထားသော တရုတ်-မြန်မာနယ်စပ် အခြေစိုက် KIO သည် သူတို့၏တပ်ကို အသွင်ပြောင်းလဲရန် စစ်အစိုးရ၏ ဖိအားပေးခြင်းကို ခံနေရသည်။ ကေအိုင်အိုအဖွဲ့အား နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရေး နအဖဘက်က ကမ်းလှမ်းထားမှုအပေါ် ကေအိုင်အိုအဖွဲ့က ကချင်ဒေသလုံခြုံရေးတပ်ဖွဲ့ကို မိမိစစ်သားများဖြင့်သာ ဖွဲ့စည်းလိုပြီး အနာဂတ် ကချင်ပြည်နယ် အစိုးရအဖွဲ့တွင် ကေအိုင်အိုက အာဏာရရှိရေး တောင်းဆိုခဲ့သည်။ ထို့အပြင် ကေအိုင်အိုအဖွဲ့တွင် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့နှင့်အဆင့်တူသည့် စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ ရဲတပ်ဖွဲ့ စသည့်ဌာနများလည်း ရှိနေ၍ အသွင်ကူးပြောင်းရေးတွင် အဆိုပါဌာနများအတွက်လည်း ထည့်စဉ်စားရန်လိုကြောင်း ဇူလိုင်လ (၈) ရက်တွင် ကေအိုင်အိုဘက်က တင်ပြထားသည်။

ငြိမ်းချမ်းရေးပျက်ပြားခြင်း ပြင်ဆင်ရန်

၂၀၁၁ တွင် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ရှိ တာပိန်ရေအားလျှပ်စစ်စက်ရုံ အနားမှ စတင်ဖြစ်ပွားခဲ့သည်။ ဖြစ်ပွားပုံမှ နယ်ကျွံ၍ ရောက်ရှိလာသော တပ်မတော် တပ်သားနှစ်ဦး အား KIA မှ ဖမ်းဆီး ချုပ်နှောင်ထားခဲ့သည်။ ထိုကိစ္စအား ဖြေရှင်းရန်ရောက်ရှိလာသော တပ်မတော် ဗိုလ်ကြီးအဆင့်ရှိသူ ဦးဆောင်သော အဖွဲ့မှ လက်နက်အပြည့်အစုံ ဖြင့်လာရောက်ပြီး မချေမငံပြောဆိုရာမှ KIAဘက်မှ လက်နက်သိမ်း၍ ပြန်လွတ်လိုက်သည်။ ယင်းဖြစ်ရပ်အား အ​​ကြောင်းပြ၍ ၂၀၁၁ ဇွန်၉ တွင် ဗန်မော် အ​ခြေစိုက် စကခ၂၁ လက်အောက်တပ်ရင်းများမှတာပိန်ရေအားလျှပ်စစ်စက်ရုံ အနိီးရှိ KIA ထိန်းချုပ်ရာ ​​ရွာအား စစ်အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ပြီး ထို​ ကျေးရွာမှ ​KIO ဆက်ဆံရေးရုံး တာဝန်ခံ တပ်ကြပ်တိန့်ယိန်းအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။ ထို့နောက် နှဖက်တပ်ညိနှိုင်းပြီ KIA ဖက်မှ ဖမ်းဆီးထားသော တပ်သား နှစ်ဦး အား ပြန်လွတ်ပေးခဲ့သော်လည်း တပ်မတော်ဖက်မှ ပြန်လည် အပ်နှံခဲ့ခြင်း မရှိပေ။(နှောင်တွင် နှိပ်ဆံခံရခြင်း ဖြင့် သေဆုံးခဲ့ရသော တပ်ကြပ်၏ အလောင်းသာ ပြန်လည်ပေးအပ်ခဲ့)ထို့ကြောင့် KIO ဗဟိုမှ အကျဉ်းသားအား ပြန်လည်အပ်နှံရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ထံ တရားဝင်စာဖြင့် အ​​ကြောင်းကြား ခဲ့သော်လည်း တစ်စုံတစ်ရာ တုံ့ပြန်မှု မရှိခဲ့သောကြောင့် တုံ့ပြန်စစ် ဆင်နွဲရန်ရန် အသင့် အနေအထားဖြင့် KIAအား တပ်လှန့်ညွန်ုကြား ခဲ့သည(ထိုစဉ် မပခ တိုင်းမှူးမှာ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းဖြစ်သည်။) ထိုစဉ်မှ စတင်ခဲ့သော စစ်ပွဲသည် ယနေ့တိုင် ဖြစ်ပွားနေဆဲ ဖြစ်သည်။်။

လက်အောက်ခံဌာနများ ပြင်ဆင်ရန်

  • စစ်ဆေးရုံချုပ်

ကေအိုင်အို စစ်ဆေးရုံချုပ် သည် လိုင်ဇာမြို့မြောက်ဘက်၊ နှစ်မိုင်ခန့်အကွာ ဝယ်ကျိုင်ကျေးရွာတွင် တည်ရှိသည်။

အုပ်ချုပ်ရေးဌာန (D.G.A)

  • စိုက်ပျိုးရေးဌာန၊
  • ပညာရေးဌာန၊
  • ကျန်းမာရေးဌာန၊
  • ရဲတပ်ဖွဲ့
  • စီးပွားရေးဌာန


ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ အောင်ဇော်ထွန်း (၃ ဇန်နဝါရီ ၂၀၁၈). "KIO ဥက္ကဋ္ဌသစ် တာဝန်အပ်နှံခြင်း အခမ်းအနား လိုင်ဇာတွင် ပြုလုပ်". ၇ ရက် နေ့စဉ်သတင်းစာ (၁၆၇၆). Retrieved on ၃ ဇန်နဝါရီ ၂၀၁၈.  Archived 4 January 2018 at the Wayback Machine.

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်