ကောက်ညှင်းပေါင်းသည် ကောက်ညှင်းအဖြူကို ပေါင်းထား၍ အုန်းသီးဆံ၊ နှမ်းထောင်း၊ ပဲပေါင်းတို့နှင့် တွဲဖက်စားရသော မြန်မာ့ရိုးရာ စားစရာ တစ်မျိုးဖြစ်သည်။ ကောက်ညှင်းငချိပ်ကို ပေါင်းထားသည်ကို ငချိတ်ပေါင်းဟု ခေါ်ကြသည်။ မန္တလေးတွင် ကောက်ညှင်းပေါင်းကို ဒေသအခေါ်အဝေါ် အုန်းပေါင်း ဟုလည်း ခေါ်ပါသည်။