ဦးကျင့်ခန့်ပေါင် (၁၉ ဩဂုတ် ၁၉၅၅ မွေးဖွား) သည် မြန်မာနိုင်ငံသား ချင်းလူမျိုး နိုင်ငံရေးသမား တစ်ဦး ဖြစ်သည်။

ကျင့်ခန့်ပေါင်
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဇန်နဝါရီ ၂၀၁၆
မဲဆန္ဒနယ်ချင်းပြည်နယ် မဲဆန္ဒနယ် ၆
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (၁၉၅၅-0၈-၁၉) ဩဂုတ် ၁၉၊ ၁၉၅၅ (အသက် ၆၉)
ဖူးနွမ်းရွာ၊ တီးတိန်မြို့နယ်ချင်းပြည်နယ်
လူမျိုးမြန်မာနိုင်ငံသား
ပညာရေးတက္ကသိုလ်စာပေး/ ယူ မန္တလေးတက္ကသိုလ် (၁၉၇၇-၁၉၈၀)
B.Ed ဘွဲ့ ရန်ကုန်ပညာရေးတက္ကသိုလ် (၁၉၈၃-၁၉၈၄)

အစောပိုင်းဘဝ နှင့် ပညာရေး

ပြင်ဆင်ရန်

ဦးကျင့်ခန့်ပေါင်ကို ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဖူးနွမ်းရွာတွင် ၁၉၅၅ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ဖခင်မှာ ဦးကိုင်ခေါဟောက် ဖြစ်သည်။ ခရစ်ယာန်ဘာသာဝင်တစ်ဦး ဖြစ်သည်။ B.Sc,B.Ed ဘွဲ့ရ ဖြစ်ပြီး ဒုတိယညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံရေး

ပြင်ဆင်ရန်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် တစ်ဦး ဖြစ်ပြီး ဒုတိယအကြိမ် အမျိုးသားလွှတ်တော်တွင် ချင်းပြည်နယ် မဲဆန္ဒနယ် ၆ မှ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။