အမျိုးသားလွှတ်တော်

မြန်မာနိုင်ငံ ဥပဒေပြု အထက်လွှတ်တော်

အမျိုးသားလွှတ်တော်သည် မြန်မာနိုင်ငံ၏ ဥပဒေပြုဌာနတစ်ရပ်ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်၏ အထက်လွှတ်တော်ဖြစ်သည်။ အမျိုးသားလွှတ်တော်တွင် အမတ် ၂၂၄ ဦး ပါဝင်ဖွဲ့စည်းထားသည်။ ၁၆၈ ဦးမှာ လူထုမှ ရွေးကောက်တင်မြှောက် ထားသူများဖြစ်ကာ ကျန် ၅၆ ဦးမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ အမည်တင်သွင်းထားသည့် တပ်မတော်သား ကိုယ်စားလှယ်များ ဖြစ်သည်။ လူထုရွေးကောက်တင်မြှောက်ပုံမှာ ပြည်နယ်(သို့)တိုင်းဒေသကြီး တစ်ခုစီမှ ကိုယ်စားလှယ် ၁၂ ဦးစီ အချိုးကျနှုန်းဖြင့် သက်ဆိုင်ရာပြည်နယ် (သို့) တိုင်းဒေသကြီးများတွင် ရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ထားသည့် မဲဆန္ဒနယ်များမှ ရွေးကောက်တင်မြှောက်ခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုတို့မှ ကိုယ်စားလှယ် ၁၆၈ ဦး (၁၄×၁၂) တင်မြှောက်ခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
အမျိုးအစား
အမျိုးအစားပြည်ထောင်စုလွှတ်တော်
သမိုင်းကြောင်း
တည်ထောင်ခြင်း၃၁ ဇန်နဝါရီ ၂၀၁၁ (၂၀၁၁-၀၁-၃၁)
ခေါင်းဆောင်များ
ဥက္ကဋ္ဌ
လစ်လပ်
ဒုဥက္ကဋ္ဌ
ဦးအေးသာအောင်၊ ANP
၃ ဖေဖော်ဝါရီ ၂၀၁၆ ကတည်းက
ဖွဲ့စည်းပုံ
အမတ်ဦးရေအမတ်ဦးရေ ၂၂၄ ဦး
အမျိုးသားလွှတ်တော် (၂၀၁၅)
အမျိုးသားလွှတ်တော် နိုင်ငံရေး အုပ်စုများ
     NLD (၁၃၅)

     USDP (၁၁)
     ANP (၁၀)
     SNLD (၃)
     TNP (၂)
     ZCD (၂)
     MNP (၁)
     NUP (၁)
     PONO (၁)
     တစ်သီးပုဂ္ဂလ (၂)

     တပ်မတော် (၅၆)
ရွေးကောက်ပွဲများ
အမျိုးသားလွှတ်တော် နောက်ဆုံး ရွေးကောက်ပွဲ
၈ နိုဝင်ဘာ ၂၀၂၀
ဆွေးနွေးရာနေရာ
လွှတ်တော်အဆောက်အဦးများ၊ နေပြည်တော်
ပြည်ထောင်စုလွှတ်တော်၊ နေပြည်တော်
ဝက်ဘ်ဆိုဒ်
amyotha.hluttaw.mm

အမျိုးသားလွှတ်တော်၏ သက်တမ်းမှာ ပထမအကြိမ် အစည်းအဝေး စတင်ကျင်းပသည့် နေ့မှစ၍ ၅ နှစ် ဖြစ်သည်။ လက်ရှိ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌမှာ လစ်လပ်​နေသည်။

အမျိုးသားလွှတ်တော်ရှိ လူထုမှ ရွေးကောက်တင်မြှောက်သော ကိုယ်စားလှယ်များသည် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ကို ဖွဲ့စည်းကာ ဒုတိယသမ္မတ တစ်ဦးကို ရွေးချယ်ခွင့်ရှိသည်။

တပ်မတော်သား ကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော်မှ တပ်မတော်သား ကိုယ်စားလှယ်များနှင့် သမ္မတရွေးချယ်ရေးအဖွဲ့ကို ဖွဲ့စည်းကာ ၎င်းတို့နှစ်သက်ရာ ဒုတိယသမ္မတ ၁ ဦးကို ရွေးချယ်ခွင့်ရှိသည်။

ပထမအကြိမ် အမျိုးသားလွှတ်တော်

ပြင်ဆင်ရန်

ရွေးကောက်ခံ ကိုယ်စားလှယ်များ

ပြင်ဆင်ရန်
အထွေထွေ ရွေးကောက်ပွဲ ၂၀၁၀
ပါတီ အမတ်နေရာ[] %
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၁၂၉ ၅၇.၅၉
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ၃.၁၃
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ၂.၂၃
အမျိုးသား ဒီမိုကရေစီ အင်အားစု ၁.၇၉
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ၁.၇၉
ချင်းတိုးတက်ရေးပါတီ ၁.၇၉
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ ၁.၃၃
ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ၁.၃၃
ချင်းအမျိုးသားပါတီ ၀.၈၉
ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် ၀.၄၅
ကရင်ပြည်သူ့ပါတီ ၀.၄၅
တအာင်း(ပလောင်)အမျိုးသားပါတီ ၀.၄၅
ဝ ဒီမိုကရက်တစ်ပါတီ ၀.၄၅
စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ ကချင်ပြည်နယ် ၀.၄၅
ကရင်ပြည်နယ်ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ ၀.၄၅
တစ်သီးပုဂ္ဂလ ၀.၄၅
တပ်မတော် ၅၆ ၂၅.၀၀
စုစုပေါင်း ၂၂၄ ၁၀၀

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ

ပြင်ဆင်ရန်
ကြားဖြတ်ရွေးကောက်ပွဲ ၂၀၁၂
ပါတီ အနိုင်ရအမတ်နေရာ အပြောင်းအလဲ ယခင်အမတ်နေရာ ရွေးကောက်ပွဲအပြီး အမတ်နေရာ[]
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ   ၁၂၈ ၁၂၃
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ  
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ  
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  
အမျိုးသား ဒီမိုကရေစီ အင်အားစု  
အမျိုးသားဒီမိုကရေစီပါတီသစ်  
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ  
ချင်းတိုးတက်ရေးပါတီ  
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ  
ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ  
ချင်းအမျိုးသားပါတီ  
ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်  
ကရင်ပြည်သူ့ပါတီ  
တအာင်း(ပလောင်)အမျိုးသားပါတီ  
ဝ ဒီမိုကရက်တစ်ပါတီ  
စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ ကချင်ပြည်နယ်  
ကရင်ပြည်နယ်ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ  
တစ်သီးပုဂ္ဂလ  
လစ်လပ်  
တပ်မတော် ၅၆ ၅၆
စုစုပေါင်း   ၂၂၄ ၂၂၄

ဒုတိယအကြိမ် အမျိုးသားလွှတ်တော်

ပြင်ဆင်ရန်

၂၀၁၆ မှ ၂၀၂၀

ပြင်ဆင်ရန်
အမျိုးသားလွှတ်တော် ၂၀၁၅[]
ပါတီ အမတ်နေရာ အသားတင် အနိုင်/အရှုံး နေရာ % မဲ % မဲ +/−
  NLD ၁၃၅  ၁၃၂ ၆၀.၂၇
  USDP ၁၁  ၁၁၃ ၄.၉၁
  ANP ၁၀   ၄.၄၆
  SNLD   ၁.၃၄
  TNP   ၀.၈၉
  ZCD   ၀.၈၉
  MNP   ၀.၄၅
  တစည   ၀.၄၅
  PNO   ၀.၄၅
  တစ်သီးပုဂ္ဂလ   ၀.၈၉
  AMRDP  
  SNDP  
  အခြား  ၁၈
  တပ်မတော် ၅၆   ၂၅.၀၀
စုစုပေါင်း ၂၂၄ ၁၀၀


တိုင်းဒေသကြီး၊ ပြည်နယ်များမှ ပါတီအလိုက် ကိုယ်စားလှယ်များ

ပြင်ဆင်ရန်
ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ (၂၀၁၅)
တိုင်းဒေသကြီး/ပြည်နယ် NLD USDP ANP SNLD ZCD PNO TNP MNP NUP တစ်သီးပုဂ္ဂလ စုစုပေါင်း
ကချင်ပြည်နယ် ၁၀ ၁၂
ကယားပြည်နယ် ၁၂
ကရင်ပြည်နယ် ၁၀ ၁၂
ချင်းပြည်နယ် ၁၂
မွန်ပြည်နယ် ၁၁ ၁၂
ရခိုင်ပြည်နယ် ၁၀ ၁၂
ရှမ်းပြည်နယ် [] ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ၁၂ ၁၂
တနင်္သာရီတိုင်းဒေသကြီး ၁၂ ၁၂
ပဲခူးတိုင်းဒေသကြီး ၁၂ ၁၂
မကွေးတိုင်းဒေသကြီး ၁၂ ၁၂
မန္တလေးတိုင်းဒေသကြီး ၁၀ ၁၂
ရန်ကုန်တိုင်းဒေသကြီး ၁၂ ၁၂
ဧရာဝတီတိုင်းဒေသကြီး ၁၂ ၁၂
စုစုပေါင်း ၁၃၅ ၁၁ ၁၀ ၁၆၈

ကော်မတီ၊ ကော်မရှင်များ

ပြင်ဆင်ရန်

အမျိုးသားလွှတ်တော်အတွင်း၌ လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၄၇ အရ ကော်မတီများ၊ ကော်မရှင်များနှင့် အဖွဲ့များကို ဖွဲ့စည်းနိုင်သည်။ ၎င်းကော်မတီများနှင့် အဖွဲ့များသည် လွှတ်တော်ဆိုင်ရာတာဝန်များကို ထမ်းဆောင်ရန်နှင့် အထူးလုပ်ငန်းများအား စီမံဆောင်ရွက်ရန်အတွက် ဖွဲ့စည်းခြင်းဖြစ်သည်။[]

ဥက္ကဋ္ဌများ
စဉ် အမည် အမျိုးအစား ပထမသက်တမ်း ဒုတိယသက်တမ်း
ဥပဒေကြမ်း ကော်မတီ အမြဲတမ်းကော်မတီ ဦးခင်မောင်ရီ ဦးဇော်မင်း
ပြည်သူ့ငွေစာရင်း ကော်မတီ အမြဲတမ်းကော်မတီ ဦးစောမိုးမြင့်
လွှတ်တော်အခွင့်အရေး ကော်မတီ အမြဲတမ်းကော်မတီ ဦးအေးသာအောင်
အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ အမြဲတမ်းကော်မတီ ဦးသိမ်းဆွေ
နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ရေးရာကော်မတီ ဦးဇုန်လှယ်ထန်း
အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများဆိုင်ရာကော်မတီ ရေးရာကော်မတီ ဦးမင်းဦး
ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ ရေးရာကော်မတီ ဒေါက်တာသန်းဝင်း
တိုင်းရင်းသားရေးရာကော်မတီ ရေးရာကော်မတီ ဒေါ်ရှီလာနန်တောင် (ခ) အမ်နန်တောင်
တောင်သူလယ်သမားရေးရာကော်မတီ ရေးရာကော်မတီ ဦးဘမျိုးသိမ်း၊
၁၀ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ရေးရာကော်မတီ ဒေါက်တာမြသောင်း
၁၁ ပညာရေးမြှင့်တင်မှုကော်မတီ ရေးရာကော်မတီ
၁၂ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ ရေးရာကော်မတီ ဦးကျော်ကျော်ထွေး
၁၃ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ ရေးရာကော်မတီ ဦးဝင်းအောင်
၁၄ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ရေးရာကော်မတီ ဦးကျော်သီဟ
၁၅ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ ရေးရာကော်မတီ ဦးလှမြင့်(ခ) ဦးလှမြင့်သန်း
၁၆။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ရေးရာကော်မတီ ဦးအောင်ကြည်ညွန့်
၁၇။ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ် နှင့် စွမ်းအင်ဆိုင်ရာကော်မတီ ရေးရာကော်မတီ ဦးစောမိုးမြင့် (ခ)ဆင်မြူရယ်
၁၈။ နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာကော်မရှင် ကော်မရှင် ဦးမြင့်သိန်း     
၁၉။ ရေးရာကော်မတီများနှင့် လွှတ်တော်အုပ်ချုပ်မှု မူဝါဒဆိုင်ရာလုပ်ငန်း ညှိနှိုင်းရေးအဖွဲ့ အဖွဲ့ ဦးဇော်မြင့်ဖေ
၂၀။ PR ကော်မရှင် ကော်မရှင် ဦးဇော်မြင့်ဖေ       
  1. Burma's 2010 Elections: A comprehensive report။ Burma Fund UN Office (2011-01-31)။ 2015-11-26 တွင် ပြန်စစ်ပြီး။
  2. National Assembly - Overview - Parliament Watch။ 19 July 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 November 2015 တွင် ပြန်စစ်ပြီး။
  3. Announcement 93/2015။ 20 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 November 2015 တွင် ပြန်စစ်ပြီး။
  4. Announcement 95/2015။ 26 November 2015 တွင် ပြန်စစ်ပြီး။
  5. မော်ကွန်းတင်ပြီးမိတ္တူ။ 23 February 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 July 2019 တွင် ပြန်စစ်ပြီး။