Barringtonia acutangula
A Barringtonia acutangula tree on the Hoan Kiem Lake
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Ericales
မျိုးရင်း: Lecythidaceae
မျိုးစု: Barringtonia
မျိုးစိတ်:
B. acutangula
ဒွိနာမ
Barringtonia acutangula
Synonyms[၂]
  • Barringtonia rubra Baill. ex Laness. Illegitimate
  • Butonica acutangula (L.) Lam.
  • Caryophyllus acutangulus (L.) Stokes
  • Eugenia acutangula L.
  • Huttum acutangulum (L.) Britten
  • Michelia acutangula (L.) Kuntze
  • Stravadium acutangulum (L.) Sweet
  • Stravadium acutangulum (L.) Miers

ကျည်းနီပင်သည် တွဲလျားကျနေသော ညှာတံရှည်တွင် ပွင့်လေ့သီးလေ့ရှိသော အပင်မျိုး ဖြစ်သည်။ အမြဲစိမ်း သစ်ပင် ပင်လတ်မျိုးဖြစ်၍ အိန္ဒိယနိုင်ငံမြန်မာနိုင်ငံ၊ မလ္လာယုကျွန်း ဆွယ်နှင့် ဩစတြေးလီးယားတိုက် မြောက်ပိုင်းတို့တွင် ပေါက် သည်။ မြန်မာနိုင်ငံတွင် စိုထိုင်းသော စိမ့်မြေအရပ်များ၌ ပေါက်ကြသည်။ ကျည်းပင်ကို ကျည်းနီပင်ဟူ၍လည်း အချို့က ခေါ်ကြသည်။

သစ်ပင်အမြင့်မှာ ပေ ၄ဝ အထိ ရှိတတ်၍ ပင်စည်ရင်း အနီးမှ ကောက်ကွေးသောအကိုင်းအခက်များ ထိုးထွက် တတ်သည်။ အခေါက်မှာ ကြမ်း၍ ညိုမည်းမည်း အရောင် ရှိသည်။ အရွက်မှာ လှံသွားပုံရှိ၍ နွေဥတုတွင် သေးသွယ် ရှည်လျားသော ပန်းပွားသဏ္ဌာန် ပန်းရောင်အပွင့်များ ပွင့်ကြ သည်။ အသီးမှာ အစိမ်းရောင် လေးထောင့်ပုံ ၁ လက်မခန့် ရှည်၍ အသီးတစ်ခု၌ အစေ့တစ်စေ့စီသာ ပါရှိသည်။ ကျည်းနီပင်သည် အစေ့မှ ပေါက်သောအပင်မျိုး ဖြစ်သည်။ အထူးသဖြင့် ရေလွှမ်းသောဒေသမျိုး၌ ပေါက်တတ်သည်။ ကျည်းသားမှာ ပျော့၍ အရောင်ဖြူသည်။ အရောင်တောက် လျက် သစ်ကြော ညီညာသောကြောင့် ကျည်းသားကို စားပွဲ၊ ဘီရို စသည်တို့ လုပ်ရာ၌ အသုံးပြုကြသည်။ လှေ၊ လှည်း၊ ရေတွင်းကျည်းခွေနှင့် ကျည်ပွေ့များ လုပ်ရ၏။

ကျည်းနီပင်မှာ အကြီးအသေး ၂ မျိုးရှိသည်။ ထို ၂ မျိုး စလုံးကို အများအားဖြင့် တနင်္သာရီတိုင်း၌ တွေ့ရသည်။ ကျည်းနီပင်၏ အမြစ်ကို ဝမ်းနုတ်ဆေးတွင်လည်းကောင်း၊ အစေ့ကို မျက်စိနာဆေးတွင်လည်းကောင်း၊ အရွက်ကို ဝမ်းကျပျောက်ဆေးတွင် လည်းကောင်း သုံး၍ အခေါက်မူ သားရေနယ်ရာ၌ သုံးကြသည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. Barstow, M. (2019). "Barringtonia acutangula". IUCN Red List of Threatened Species 2019. IUCN. 
  2. ကျည်းနီပင် (Barringtonia acutangula)World Checklist of Selected Plant Families (WCSP)Royal Botanic Gardens, Kew
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)