ကျပင်းမင်းသမီး
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
ကျပင်းထိပ်ခေါင်တင်၊ ငယ်မည်-မယ်မြတ်ရွှေ (၁၇၉၄ ဝန်းကျင်- ၁၈၇၄) သည် ကုန်းဘောင်မင်းဆက်၏ရှစ်ဆက်မြောက် မင်းဧကရာဇ်ဖြစ်သော သာယာဝတီမင်း၏ မိဖုရားခေါင်ကြီး ဖြစ်ပြီး နဝမမြောက်ဘုရင် ပုဂံမင်း၏ မယ်တော်ဖြစ်သည်။
မယ်မြတ်ရွှေ | |||||
---|---|---|---|---|---|
ကျပင်းထိပ်ခေါင်တင် (၁၈၃၇ မတိုင်မီ) သီရိပဝရတိလောကမဟာရတနာ ပဒုမဒေဝီ(၁၈၃၇-၁၈၇၄) | |||||
ကျပင်းမင်းသမီး၏ ဂူဗိမာန် | |||||
ကုန်းဘောင်မင်းဆက်၏ မယ်တော်ကြီး | |||||
နန်းသက် | ၁၈၄၆-၁၈၇၄ | ||||
ရှေ့မင်းဆက် | စန္ဒာဒေဝီ မိဖုရားခေါင်ကြီး (၁၇၆၀-၁၇၇၁) | ||||
နောက်မင်းဆက် | လောင်းရှည်မိဖုရား | ||||
ကုန်းဘောင်မင်းဆက်၏ မိဖုရားခေါင်ကြီး | |||||
နန်းသက် | ၁၈၃၇-၁၈၄၆ | ||||
ရှေ့မင်းဆက် | နန်းမတော်မယ်နု | ||||
နောက်မင်းဆက် | မင်းရွှေဦး (ပုဂံမင်းကြင်ယာတော်) | ||||
မွေးဖွား | ၁၇၉၄ ဝန်းကျင် | ||||
ကွယ်လွန် | ၁၈၇၄ (အသက် ၇၉–၈၀) | ||||
အိမ်ထောင်ဖက် | သာယာဝတီမင်း | ||||
သားသမီးများ | ပုဂံမင်း စကြာဒေဝီ | ||||
| |||||
ခမည်းတော် | ပုဂံမြို့စား မောင်ပေ(သတိုးမင်းဖျား) | ||||
မယ်တော် | မင်းရွှေနန်း |
မျိုးရိုးဆင်းသက်ပုံ
ပြင်ဆင်ရန်မြတ်ရွှေ၊ ကျပင်းမင်းသမီးသည် ရာဇသွေးအပြည့်ရှိသော မင်းသမီးတစ်ပါးဖြစ်ပြီး အလောင်းမင်းတရား၏မြစ်တော် တစ်ဖြစ်လဲ ဗဒုံမင်း၏ မြေးတော်ဖြစ်သည်။ အလောင်းမင်းတရားသည် ၎င်း၏မယ်တော်မင်းစောဦး ၏မောင်တော်စပ်သော မင်းသီရိရန္တဇ၏ သမီးတော်မယ်ယွန်းစံနှင့် လက်ဆက်၍ မင်းအဖြစ်သို့ရောက်သောအခါ [စန္ဒာဒေဝီ မိဖုရားခေါင်ကြီး|စန္ဒာဒေဝီ] ဘွဲ့နှင့် မိဖုရားခေါင်တင်သည်။ ထိုမိဖုရားခေါင်၏ နှမတော် မယ်နှိုင်းစံသည် ရတနာသိဃ်မြို့ဝန် သတိုးမဟာတရဖျား နှင့် ပေါင်းသင်းရာ ခင်မင်းလှ ကို မွေးသည်။ ခင်မင်းလှအရွယ်ရောက်ရာ မယ်တော်ဘက်မှ တစ်ဝမ်းကွဲ တော်စပ်သော [ဆင်ဖြူရှင်မင်းတရား|ဆင်ဖြူရှင်]နှင့်ထိမ်းမြားရာ ဆင်ဖြူရှင် အရိုက်အရာဆက်ခံသေအခါ မိဖုရားခေါင်အဖြစ်သို့ရောက်၏။ ဆင်ဖြူရှင်နှင့်မိဖုရားခေါင် တို့မှ မင်းရွှေနန်းကိုရသည်။ တစ်ဖန် သမီးတော် မင်းရွှေနန်းသည် ဦးရီးတော်[ဗဒုံမင်း] ၏ သားတော် ပုဂံဘုရင်ခံ သတိုးမင်းဖျား(မောင်ပေ)နှင့် လက်ဆက်ရာ ကျပင်းမင်းသမီးကိုဖွား၏။ ကျပင်းမင်းသမီး၏ မိသားစုတွင်း၌ပင် မိဖုရားခေါင်(၄)ဆက်ဖြစ်တည်ခဲ့သည်။ ၎င်းတို့မှာ
- ဘေးမတော် မဟာမင်္ဂလာရတနာဓိပတိသီရိရာဇာစန္ဒာဒေဝီ ဘွဲ့ခံ မိဖုရားခေါင်ကြီး မယ်ယွန်းစံ
- ဘွားတော် သီရိအတုလမဟာ ပဒုမ္မာဒေဝီ ဘွဲ့ခံ မိဖုရားခေါင်ကြီး ခင်မင်းလှ
- ၎င်းကိုယ်တိုင် နှင့်
- သမီးတော် သီရိပဝရ အတုလတိလောက မဟာရာဇိန္ဒာဓိပတိ ရတနာဒေဝီဘွဲ့ခံ စကြာဒေဝီ မိဖုရားခေါင်ကြီးတို့ဖြစ်ကြသည်။
ငယ်စဉ်ဘဝ
ပြင်ဆင်ရန်ကျပင်းမင်းသမီး (မယ်မြတ်ရွှေ)ကို ခရစ်နှစ် ၁၇၉၄ ဝန်းကျင်ခန့်တွင် ပုဂံမြို့စားသတိုးမင်းဖျား ၏ ကြင်ယာတော်မင်းရွှေနန်း မှ ဖွားမြင်သည်။ ဖခင်ဖြစ်သူမှာ ဘိုးတော်ဘုရား ၏ တောင်ရွှေရေးမိဖုရားမှ မွေးသော သားတော်ဖြစ်ရာ ဘိုးတော်ဘုရား ၏မြေးမ တော်စပ်ပြီး တောင်ငူမြို့ကိုစားရသည်၊ နောင် ကျပင်းမြို့ကိုစားရသည်။ ၁၈၁၀ ဝန်းကျင်ခန့်တွင် ဝမ်းကွဲအစ်ကိုတော်စပ်သူ မောင်ခင် (သာယာဝတီမင်း) နှင့် စုလျားရစ်ပတ် ထိမ်းမြားခဲ့သည်။ မောင်ခင်မှာ ထိုစဉ်ကာလ က သရက်မြို့ကိုစားရသောကြောင့် ခင်ပွန်းသည်၏ စားရသောမြို့အမည်နှင့် တွဲ၍ သရက်ထားထား ဟူ၍ လည်းကောင်း၊ စစ်ကိုင်းမင်းလက်ထက် ခင်ပွန်းသည်မှာ သာယာဝတီမြို့ကိုစားရ၍ သာယာဝတီထိပ်ထား ဟုလည်းကောင်းခေါ်တွင်ခဲ့သည်။ သရက်မြို့စားမင်းသား မောင်ခင်နှင့်ပေါင်းသင်းရာ ခရစ်နှစ် ၁၈၁၁၊ ဇွန် ၁၁ရက် တွင် မောင်လူကလေး(ပုဂံမင်းဖြစ်လာမည့်သူ) နှင့် ၁၈၁၃၊ဒီဇင်ဘာ၊၁၃ရက် ၌ စကြာဒေဝီမင်းသမီး ကိုလည်းကောင်း မွေးဖွားခဲ့သည်။
မြန်မာသက္ကရာဇ် ၁၁၉၆ ခုနှစ် (ခရစ်နှစ် ၁၈၃၄ ဝန်းကျင်ခန့်) တွင်ခဲအိုတော်ဘကြီးတော်မင်းတရားကြီး ကိုယ်တော် ကျန်းခန့်တော်မမူသောအခါ နိုင်ငံအုပ်ချုပ်ရေးကို မိဖုရားခေါင်ကြီး မယ်နုနှင့် ၎င်း မောင်တော်စလင်းမြို့စားမင်းသားတို့အား လွဲအပ် ထားခိုက် စလင်းမြို့စားနှင့်အပေါင်းပါတို့က သာယာဝတီမင်းသားအပေါ် မှုခင်းရှာကြံ၍အိမ်တော်ကိုဝိုင်းသောကြောင့် သာယာဝတီမင်းသားသည် ကြင်ယာတော် ကျပင်းမင်းသမီးနှင့် အတူ ရွှေဘိုသို့ နောက်တော်ပါများနှင့် အတူထွက်ခွါ၍ အခိုင်နေလေသည်။
နောင်တော်မင်းတရားကြီးကလည်း တပ်များစေလွှတ်၍တိုက်ခိုက်စေသည်။ သို့ရာတွင် သာယာဝတီ မင်းသားတပ်များကသာ အောင်လျက်ရှိသည်။ ညီတော် နောင်တော်ရင်းတို့ စိတ်ဝမ်းမကြည်ရှိကြသည်ကို အင်္ဂလိပ် ကိုယ်စားလှယ် မေဂျာဗားနေး(မယ်စယ်ဘော်ရနီ)သည် သာယာဝတီမင်းသားရှိရာ ရွှေဘိုသို့လိုက်သွားဖြန်ဖြေသော်လည်း အရေးမရသဖြင့် ဆရာတော်များကြွရောက်ဖြန်ဖြေစေ့စပ်ရသည်။ မကျန်းမမာဖြစ်နေသော နောင်တော်မင်းတရားကြီးသည် စလင်းမင်းသားနှင့်အပေါင်းပါတို့ကို ညီတော် သာယာဝတီ မင်းသားအားပေးအပ်၍ ၁၁၉၉ ခုနှစ်ကဆုန်လပြည့်ကျော် ၁၂ ရက်နေ့(ခရစ်နှစ်-၁၈၃၇)တွင် ထီးနန်းကိုပါ လွှဲအပ်လေသည်။ ယင်းသို့ ကုန်းဘောင်ရွှေဘိုမြို့မှနေ၍ မင်းအဖြစ်သို့ရသောကြောင့် ကုန်းဘောင်မင်း ဟူ၍လည်းကောင်း၊ ရွှေဘိုမင်းဟူ၍လည်းကောင်း တွင်ခြင်းဖြစ်သည်။
သာယာဝတီမင်းသည် ရွှေထီးရွှေနန်းကို သိမ်းမြန်းတော်မူပြီးလျှင်အမရပူရမြို့ကို ပြန်လည်ပြုပြင်၍ ၁၈၃၈ ခုနှစ်တွင်ပြောင်းရွှေ့စံတော်မူသည်။ ၁၂၀၂ ခုနှစ်ဝါဆိုလဆန်း၁ဝ ရက်နေ့ (ခရစ်နှစ် ၁၈၄၀ခန့်)တွင် ကျပင်းမင်းသမီး နှင့်အတူ ဘိသိက်ခံတော် မူ၍ သီရိပဝရာဒိတျာလောကဓိပတိ ဝိဇယမဟာ ဓမ္မရာဇာဓိရာဇာ တံဆိပ်နာမံခံ တော်မူသည်။ ကျပင်းမင်းသမီးအား သီရိပဝရတိလောကမဟာရတနာ ပဒုမဒေဝီ ဘွဲ့ခံစေ၍ မိဖုရားခေါင် မြှောက်သည်။
မိဖုရားခေါင်ကြီး အဖြစ် တန်ခိုးထွားခဲ့ပုံ
ပြင်ဆင်ရန်ကုန်းဘောင်မင်းဆက် သုံးဆက်တိုင်တိုင်အာဏာ ကြီးခဲ့ပါတယ်။မိမိရဲ့အာဏာအတွက် နန်းသွေးတော်တော်များများ ကို သုတ်သင်ခဲ့သည်ဟု မှတ်တမ်းများပါရှိသည်။
သာယာဝတီမင်း ဟာ မိမိရဲ့ မိဖုရားခေါင်ကျပင်းမင်းသမီးကြီးက မွေးဖွားတဲ့ပုဂံမင်းသားထက် အလယ်နန်းမိဖုရားကဖွားမြင်တဲ့ သားတော်တွေ ဖြစ်တဲ့ ပခန်းမင်းသားနဲ့ပြည်မင်းမင်းသားကို အရေးပေးချစ်ခင်ခဲ့ပါသည်။
သာယာဝတီမင်းကြီး စိတ္တဇ ရောဂါစွဲကပ်တဲ့အချိန်ကစပြီး မိမိသားရဲ့ ထီးနန်းလုဘက်ဖြစ်တဲ့ပြည်မင်းသား၊ ပခန်းမင်းသားနဲ့တကွ မြောက်သားတော်အခြွေအရံတွေကို ဘုရင့်အမိန့်နဲ့ဖမ်းဆီးပြီး သုတ်သင်ပြစ်ခဲ့ပါသည်။
နောက်ပြီး ပုဂ္ဂလိက ရန်ငြိုးထားပြီး သာယာဝတီမင်းရဲ့သာမန်အရပ်သူ အနောက်နန်းမိဖုရားမမြလေးကိုလဲ ဘုရင့်အမိန့်သုံးကာ သာယာဝတီမင်းရဲ့သားတော်ပြည်မင်းသားနဲ့ဖောက်ပြန်သည်ဟုစွပ်စွဲပီး ဆင်နဲ့နင်း အဆုံးစီရင်စေသည်။
အဲ့ဒီအချိန်မှာသာယာဝတီမင်းကြီးရဲ့အခြေအနေဟာ တော်တော်ဆိုးရွားနေချိန် ဗေဒင်ဟောကိန်းအစီအရင်ဖြင့် ကြေးနဲ့ပြုလုပ်ထားတဲ့ ထောင်ထဲမှာ သီးသန့်ထားပြီး သာမန်အဆင့်ကိုယ်လုပ်တော်ကမွေးဖွားတဲ့ ထီးနန်းလုနိုင်ခြေမရှိတဲ့ တရုတ်မြှော်မင်းသားလေးကို အစောင့်အနေနဲ့ထားရှိခဲ့သည်။
အဲ့ဒီနောက်မကြာခင်မှာပဲရွှေဘိုမင်းတရားကြီးဟာ သက္ကရာဇ် ၁၂၀၈ခု၊ ခရစ်နှစ် ၁၈၄၆ နိုဝင်ဘာလတွင် နတ်ရွာစံခဲ့သည်။ ယုတ်စွအဆုံး မိမိရဲ့ လင်တော်မောင် ရွှေဘိုမင်းတရားကြီး ကိုပင် အဆိပ်ဆေးခပ်ပြီး အဆုံးစီရင်ခဲ့သည်ဟု ကောလဟာလ ထွက်စေခဲ့သည်အထိ ဖြစ်စေခဲ့သည်။
နောက်ပြီး မြန်မာတို့အတွက်အရေးပါလွန်းလှတဲ့ ပင်လယ်ထွက်ပေါက်အပါအဝင် မြေကလားသော် သရက် ကုန်းကလားသော် တောင်ငူအထိ နယ်မြေတွေဆုံးရှူံးခဲ့ရတဲ့ အင်္ဂလိပ် မြန်မာဒုတိယ ကျူးကျော်စစ်ကြီးကို ဖြစ်စေခဲ့သူ အဖြစ် လက်ညှိုး ထိုးနိုင်ဖွယ်ရှိသူ ဖြစ်သည်။
ပုဂံမင်းလက်ထက်
ပြင်ဆင်ရန်ရွှေဘိုမင်းနတ်ရွာစံပြီးသည့်နောက် သားတော်ပုဂံမင်း နန်းတက်ရာ မယ်တော်ကျပင်းမင်းသမီးအား မယ်တော်ကြီးအဖြစ် တောင်နန်းဆောင်၌သာ ဆက်လက်စံစေ၍ မင်းခမ်းမင်းနား အဆောင်အယောင်နှင့်ထားသည်။ ပုဂံမင်း၏ မိဖုရားခေါင်မင်းရွှေကျူ မှာ ဘိုးတော်ဘုရား၏ မက္ခရာသားတော်မှ မြင်သောသမီးတော်ဖြစ်သည့် အလျောက် ကျပင်းမယ်တော်ကြီး နှင့် ညီအစ်မဝမ်းကွဲ တော်စပ်ပြီး အနေအေးသူဖြစ်ရာ ကျပင်းမယ်တော်ကြီးသာလျှင် အနောက်ဆောင်၌ တန်ခိုးထွားခဲ့သည်။
ပုဂံမင်း မှာ တိုင်းပြည်ရေးထက် ဘိုင်ဆပ်၊ မောင်ပိန် တို့၏ မြှောက်ပေးမှု ဖြင့် ဖဲရိုက် ကြက်တိုက် အပျော်အပါးတို့၌သာ ယစ်မူးနေရာ မယ်တော်ကျပင်းမိဖုရားကြီးမှာ လွှတ်တော်ကိစ္စများတွင် စိတ်ကြိုက် ခြယ်လှယ်လေသည်။ နောင်တွင် ဘိုင်ဆပ်၊မောင်ပိန် တန်ခိုးထွားလာရာ မယ်တော်ကြီး ၏ အရှိန်အဝါကျဆင်းလာသည်။ မြို့ဝန် ဘိုင်ဆပ်တို့ အဖွဲ့မှ မိဖုရားငယ်များ၊ မောင်းမမိဿံ များအား အကျပ်ကိုင်ခြိမ်းခြောက်၍ အလောင်းအစားပွဲများ အတွက်ငွေကြေးတောင်းခံသည်။ ထိုအခြင်းအရာတို့အား မသိရှိသော ပုဂံမင်းမှာ တစ်နေ့၌ မြို့စောင့်နတ်၏ အိပ်မက် ပေးမှုဖြင့် ရုပ်သေးသဘင်ကျင်းပရာ မယ်တော်ကျပင်းမိဖုရားမှ ပုဂံမင်း၏ ဇကားမိဖုရား အကူအညီဖြင့် အနောက်ဝန်ထံ ခွင့်မတောင်းဘဲ ဝင်လာသော ဘိုင်ဆပ်တို့အား အလစ်ငိုက်ဖမ်း၍ ဘုရင့်ရှေ့တော်မှောက် ခေါ်သွင်းစေသည်။ ထိုနောက်စစ်ဆေးမေးမြန်းရာ ပုန်ကန်ခြားနားမှာ ပေါ်ပေါက်သဖြင့် ဘိုင်ဆပ်၊မောင်ပိန်နှင့် နောက်လိုက်များ ကွပ်မျက်ခံရသည်။
ခရစ်နှစ် ၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ် ကုန်တင်သင်္ဘော ကပ္ပတိန် ဟာရိုလူဝီနှင့် ရောဘတ်ရှက်ပတ်တို့သည် ရန်ကုန်မြစ်အတွင်း၌ ရှိနေစဉ် သင်္ဘော ပေါ်၌ လူသတ်မှု ကျူးလွန်ခဲ့ကြသည်။ မြန့်မာရေပိုင်နက်အတွင်းတွင် ဖြစ်သည့်အတွက် ရန်ကုန်မြို့ဝန်က ဖမ်းဆီးဒဏ်ရိုက်သည်ကို အင်္ဂလိပ်တို့က မကျေမနပ်ဖြစ်ကာ ဒုတိယအင်္ဂလိပ်မြန်မာစစ်ကို စတင်ခဲ့သည်။ ဒုတိယ အင်္ဂလိပ်မြန်မာစစ်တွင် မြန်မာတို့ ရှုံးနိမ့်ခဲ့ပြီး အကျိုးဆက်အနေဖြင့် စစ်လျှော်ကြေးငွေ တစ်ကုဋေပေးရပြီး အောက်မြန်မာနိုင်ငံပါ သိမ်းယူခဲ့သည်။ ထို့နောက် စိတ်ပိုင်းဆိုင်ရာထိခိုက်လျက်ရှိသော ပုဂံမင်းသည် ပြည်သူများက မိမိထက်ကြံရည်ဖန်ရည် ရှိသော မင်းတုန်း၊ ကနောင် ညီနောင်တို့အား အရေးပေးသည့်အပေါ် မရှုစိမ့်ဖြစ်၍ ပုန်ကုန်မှုဖြင့် စွဲချက်တင်ရာ မင်းသားညီနောင်တို့ ရွှေဘိုအရပ်သို့ တိမ်းရှောင်လေသည်။ သမိုင်းစာအုပ်များတွင် မင်းတုန်း ညီနောင် စွဲချက်တင်ခံရခြင်းမှာ ကျပင်းမိဖုရားကြီး ၏ ပယောဂမကင်းဟု ရေးသားဖော်ပြကြသည်။
မင်းတုန်းမင်းလက်ထက်
ပြင်ဆင်ရန်မင်းသားညီနောင် တို့၏ လက်ရုံးရည်၊နှလုံးရည် ကို မယှဉ်နိုင်ရကား ထီးနန်းစွှန့်သဖြင့် ခရစ်နှစ် ၁၈၅၃ တွင် မင်းတုန်းမင်းသား နန်းတက်သည်။ ကျပင်းမယ်တော်ကြီး မှာ ပုန်ကုန်မှု အစတွင် သားတော်ပုဂံမင်းဘက်မှ ပါဝင်သောလည်း အခြေအနေမလှ သဖြင့် မင်းတုန်းမင်း ဘက်ခိုလှုံသည်။ မင်းတုန်းမင်းလည်း ကျပင်းမယ်တော်ကြီးအား မိမိထံခိုလှုံသည်ကတစ်ကြောင်း၊နတ်ရွာစံဖခမည်းတော်၏မိဖုရားခေါင်ကြီး ဖြစ်သည်ကတစ်ကြောင်း ထောက်၍ စည်းစိမ်အခြွေအရံ မလျော့စေဘဲ စံမြန်းစေသည်။
မင်းတုန်းမင်းကြီး နန်းတက်လာပြီးတဲ့နောက်မှာ ကျပင်းမယ်တော်ကြီးရဲ့သမီးတော် စုဖုရားကြီး(စင်္ကြာဒေဝီ)ကိုတောင်နန်းတင်ပြီးမြှောက်စားခဲ့သည်။ မင်းတုန်းမင်းကြီးရဲ့ မန္တလေးနန်းတော်ထဲမှာပဲ နှစ်ပေါင်းနှစ်ဆယ်နီးပါးစံနေခဲ့ရပါတယ်။သမီးတော်စုဖုရားကြီး နတ်ရွာမစံမှီ တစ်နှစ်အလိုကျမှာသာ နတ်ရွာစံကံတော်ကုန်ခဲ့ပါတယ်။
နတ်ရွာစံပြီးတဲ့နောက်မှာလည်း စကြဝတေးမန္ဓတ်မင်းတို့၏ မိဖုရားကို သင်္ဂြိုဟ် သည့်နည်းအတိုင်းဟုဆိုကာ ခမ်းနားစွာ သင်္ဂြိုဟ် ခဲ့ပြီးတဲ့နောက်မှာ အရိုးကို လှော်ကားနဲ့ တင်ပြီး ဧရာဝတီမြစ် ထဲချခဲ့ပါတယ်။ မန်းလေးနန်းတွင်းက သင်္ဂြိုဟ် သည့်နေရာမှာလဲ ကျွန်းပြဿဒ် ဆောက်လုပ်ပြီး အမှတ်တရထားရှိခဲ့တာကို ယနေ့တိုင်တွေ့မြင်နိုင်သည်။
ကောင်းမှုတော်များ
ပြင်ဆင်ရန်ရွှေဘိုမင်းတရားကြီးသည် မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် တွင် မန္တလေးမြို့ပြည်ကြီးတံခွန်မြို့နယ်၊ ဇောင်းကလောရေကန်အနီး၌ ဘုရားစေတီတော်တစ်ဆူ တည်ထားတော်မူ၍ ဘုရားစေတီ တော်ကို “လောကမဏိစူဠာစေတီတော်”ဟု ဘွဲ့တော်တည်ထား ကိုးကွယ်တော်မူခဲ့သည်။ ထိုစေတီတော်မြတ်ကြီး၏ ထောင့်လေးထောင့်၌ အရံစေတီတော်တစ်ဆူစီ တည်ထားတော်မူသည်။ စေတီတော်၏ အနောက်မြောက်ထောင့်တွင် သမီးတော် စုဖုရားကြီး(နောင် စကြာဒေဝီ) မှ “သုံးလောကပရမေ” ဘွဲ့တော်တင်ပြီး စေတီတစ်ဆူတည်ထားတော် မူသည်။ စေတီတော်ကြီး၏ အရှေ့တောင်ထောင့်၌ မိဖုရားခေါင် ကျပင်းမင်းသမီး မှ “မဟာတိလောက” ဘွဲ့တော်တင်ပြီး စေတီတစ်ဆူတည်ထားတော်မူသည်။ စေတီတော်ကြီး၏ အနောက်တောင်ထောင့်၌ ဗန်းမော်မိဖုရားမှ “သုံးလူ့ထိပ်ပန်” ဘွဲ့တော်တင်ပြီး စေတီတစ်ဆူ တည်ထားတော်မူသည်။ စေတီတော်ကြီး၏ အရှေ့မြောက်ထောင့်၌ အနောက်နန်းမတော် မမြလေးမှ “ရတနာလောက” ဘွဲ့တော်တင်ပြီး စေတီတစ်ဆူတည်ထားတော်မူခဲ့သည်။
ထိုပြင့် ကျပင်းမိဖုရားကြီးသည် မင်းကွန်းအရပ်ရှိ မယ်တော်ကြီးဘုရား အား တည်ထားကိုးကွယ်သူ ဒါယိကာမ ဖြစ်သည်။ ဘုရားစေတီ၏ အမည်ခေါ်တွင်ပုံကိုကြည့်ခြင်းဖြင့် ရွှေဘိုမင်းနတ်ရွာစံပြီးနောက် ပုဂံမင်းလက်ထက်တွင် မယ်တော်ကြီးဖြစ်လာသည့်အချိန်၌ တည်ထားခဲ့ဟန်တူသည်။