ကျားကိုက်ပါတယ်ဆို နာတာရှည်လားမေး
ကျားကိုက်ပါတယ်ဆို နာတာရှည်လားမေး ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
ပြင်ဆင်ရန်ကျားကိုက်ခံရသည်ဟု ပြောပြီးပါလျက် နာတာရှည်ရောဂါနှင့် ဆုံးသလားဟု မေးသကဲ့သို့ အကြောင်းကိစ္စကို ထင်ထင်ရှားရှား ပြောပြီးပါလျက် မလိုအပ်ဘဲ ထပ်မေးသည်။
ဆိုလိုရင်းတူညီသောအခြားစကားပုံ
ပြင်ဆင်ရန်- ကြိုးကြာဆို ဘာငှက်လဲမေး နှင့်အတူတူဖြစ်သည်။
မူလရင်းမြစ်
ပြင်ဆင်ရန်- "ကျားကိုက်ပါတယ်ဆို နာတာရှည်လားလို့မေးနေရသေးတယ်။ သေမတတ် ကြိုက်နေပါတယ်ဆို ပစ်ထားမလားလို့ မေးနေရသေးတယ်။" [၁၂၉၁] လှမယ်။ ၂၁။