ကြိုးကြာဆို ဘာငှက်လဲမေး
ကြိုးကြာဆို ဘာငှက်လဲမေး ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက် ပြင်ဆင်ရန်
ကြိုးကြာငှက်ဖြစ်သည်ဟု ပြောပြီးပါလျက် ဘာငှက်လဲဟု မေးသကဲ့သို့ အကြောင်းအရာကိစ္စကို ရှင်းလင်းစွာ ပြောပြီးပါလျက် မလိုအပ်ဘဲ ထပ်မေးသည်။
ဆိုလိုရင်းတူညီသောအခြားစကားပုံ ပြင်ဆင်ရန်
- ကျားကိုက်ပါတယ်ဆို နာတာရှည်လားမေး -နှင့်အတူတူဖြစ်သည်။