ကျားပါးစပ်

တံငါလုပ်ငန်းတစ်ခု

ပင်လယ်ဝ မြစ်ဝအတွင်း ရေအကျဆုံးသောအချိန်တွင် ထိပ်ဝ ၆ လက်မ၊ အမြင့် ၁၁ တောင်ခန့်ရှိသည့်တိုင် ၂ တိုင်ကို တစ်တိုင်နှင့် တစ်တိုင်(၁၈)တောင်အကွာ အောက်ခံမြေ၌ ခိုင်ခံ့စွာ စိုက်ထူထားရသည်။ ယင်းတိုင် ၂ တိုင်တွင် ပိုက်တန်းကို ချည်ထားပြီး ၄ တောင် ၅ တောင်ခန့်ရှိသည့် ဖော့ဝါးလုံးများကို ပိုက်တန်း၌ ချည်ထားရသည်။ ပိုက်၏အောက်ခြေများကိုလည်း တိုင် ၂ တိုင်တွင် ကြိုးဖြင့် ခိုင်ခံ့စွာ ချည်ထားရသည်။ ယင်းသို့ဖြင့် ရေတက်ရေကျ ပိုက်ဝကို လှည့်ပြန်ပြီး ပုဇွန်ဆိတ်ကလေးများမှအစ ငါးကြီးများအထိ ဖမ်းယူကြသည်ကို "ကျားပါးစပ်"ခေါ်ကြသည်။ ယင်းကျားပါးစပ်များကား မြန်မာပြည် မြိတ်ခရိုင်ရှိ ပင်လယ်ဝ မြစ်ဝများ၌ အကြီးကျယ်ဆုံးသော တံငါလုပ်ငန်းတစ်ရပ် ဖြစ်ပေသတည်း။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ရွှေဝယ်ဧ ရေးသည့် တံငါကိရိယာ သိကောင်းစရာ၊ ၁၉၆၇ ခုနှစ်၊ မေလထုတ်၊ မြဝတီမဂ္ဂဇင်း စာမျက်နှာ(၆၅-၇ဝ)