ကျိတ်ပင်

အပင်မျိုးစိတ်များ
Job's tears
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Monocots
Clade: Commelinids
မျိုးစဉ်: Poales
မျိုးရင်း: Poaceae
မျိုးရင်းသေး: Panicoideae
မျိုးဇာတ်သေး: Coicinae
မျိုးစု: Coix
မျိုးစိတ်:
C. lacryma-jobi
ဒွိနာမ
Coix lacryma-jobi
L.
Synonyms[]
  • Coix agrestis Lour.
  • Coix arundinacea Lam.
  • Coix chinensis Tod.
  • Coix chinensis Tod. ex Balansa nom. illeg.
  • Coix exaltata Jacq. ex Spreng.
  • Coix gigantea J.Jacq. nom. illeg.
  • Coix lacryma L. nom. illeg.
  • Coix ma-yuen Rom.Caill.
  • Coix ouwehandii Koord.
  • Coix ovata Stokes nom. illeg.
  • Coix palustris Koord.
  • Coix pendula Salisb. nom. illeg.
  • Coix pumila Roxb.
  • Coix stenocarpa (Oliv.) Balansa
  • Coix stigmatosa K.Koch & Bouché
  • Coix tubulosa Hack.
  • Lithagrostis lacryma-jobi (L.) Gaertn.
  • Sphaerium lacryma (L.) Kuntze nom. illeg.
  • Sphaerium tubulosum (Warb.) Kuntze

ကျိတ်ပင်သည် မြက်ပင်ကြီးတစ်မျိုးဖြစ်၍ စိမ့်မြေများ၌ ဖြစ်ထွန်းလေ့ရှိသည်။ ဂျာမီနီးမျိုးရင်းဝင်ဖြစ်၍ ရုက္ခဗေဒအလိုအရ ကွားလက် ခရိုင်းမား ဂျိုဗီဟု ခေါ်သည်။

တစ်ခါတစ်ရံ ၆ ပေမှ ၈ ပေအထိမြင့်၍ အရွက်များ အောက်သို့ငိုက်ကျနေသည်။ ပင်စည်အထက်ပိုင်းမှ အပွင့်နှင့် အသီးများ အခိုင်လိုက် ထွက်သည်။ ဖြူပြာပြာအရောင်ရှိသော အစေ့များမှာ မာကျောလှပကာ ယင်းတို့ကို ပုတီးသီကုံး၍ သော်လည်းကောင်း၊ လွယ်အိတ်စသည်တို့တွင် တန်ဆာဆင်၍သော်လည်းကောင်း အသုံးပြုကြသည်။ တရုတ်လူမျိုးတို့ကမူ ကျိတ်စေ့ကို ဆေးဖက် ဝင်သည်ဟု ဆိုကာ ကျိတ်ပင်ကို စိုက်ပျိုးသည်။[]

  1. The Plant List: A Working List of All Plant Species၊ 28 March 2018 တွင် မူရင်း အား မော်ကွန်းတင်ပြီး6 August 2017 တွင် ပြန်စစ်ပြီး
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)