ကျိုက်ထီးရိုး စပါးအုံးမြွေ
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Reptilia
မျိုးစဉ်: Squamata
မျိုးစဉ်သေး: Serpentes
မျိုးရင်း: Pythonidae
မျိုးစု: Python
မျိုးစိတ်:
P. kyaiktiyo
ဒွိနာမ
Python kyaiktiyo
Zug, Gotte & Jacobs, 2011

ကျိုက်ထီးရိုး စပါးအုံးမြွေ (သို့) မြန်မာ့ စပါးအုံးမြွေမြီးတိုသည် မြန်မာနိုင်ငံတွင်သာတွေ့ရသော ဒေသရင်းစပါးအုံး မျိုးစိတ်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၁၂၈၀ (၃၉၀ မီတာ) ရှိ ရေတံခွန်မြောင်နေရာဒေသတွင်တွေ့ရှိရသည့် တစ်ကောင်တည်းသော မျိုးစိတ် နမူနာအရသာ သိရှိအတည်ပြုထားခြင်းဖြစ်ပါသည်။ ၂၀၁၂ ခုနှစ်မှစ၍ ၎င်းမျိုးစိတ်ကို IUCN ၏အနီရောင်စာရင်းတွင် အားနည်းသည့် ထိခိုက်လွယ်သော မျိုးစိတ် (Vulnerable species) အဖြစ် ထည့်သွင်းပြဋ္ဌာန်းထားသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Wogan, G. (2012). "Python kyaiktiyo". IUCN Red List of Threatened Species 2012. IUCN. doi:10.2305/IUCN.UK.2012-1.RLTS.T199854A2614411.en.