ကျိုင်းဟုံ ( လာအို: ຊຽງຮຸ່ງ )သည် မြို့တော်ဖြစ်ပြီး တရုတ်နိုင်ငံယူနန်ပြည်နယ် တောင်ဘက်စွန်း စစ်ဆောင်ပန္နားရှမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုရုံးစိုက်ရာမြို့ဖြစ်သည်။ ယခင်ရှမ်းပြည်တစ်ခုဖြစ်သော စစ်ဆောင်ပန္နား၏ သမိုင်းဝင်မြို့တော်ဖြစ်သည်။

Jinghong
景洪市 · ᦋᦵᧂᦣᦳᧂᧈ
เชียงรุ่ง · ຊຽງຮຸ່ງ
ကောင်တီအဆင့်မြို့
Location of Jinghong City (pink) within Xishuangbanna Prefecture (yellow) and Yunnan
Location of Jinghong City (pink) within Xishuangbanna Prefecture (yellow) and Yunnan
Jinghong သည် ယူနန်ပြည်နယ် တွင် တည်ရှိသည်
Jinghong
Jinghong
Location of the city centre in Yunnan
ကိုဩဒိနိတ် (Xishuangbanna Prefecture government): 22°00′32″N 100°47′49″E / 22.009°N 100.797°E / 22.009; 100.797ကိုဩဒိနိတ်: 22°00′32″N 100°47′49″E / 22.009°N 100.797°E / 22.009; 100.797
နိုင်ငံတရုတ်ပြည့်သူ့သမ္မတနိုင်ငံ
ပြည်နယ်ယူနန်ပြည်နယ်
Autonomous prefectureXishuangbanna
GB/T 2260 CODE[၁]532801
ဧရိယာ
 • ကောင်တီအဆင့်မြို့၇၁၃၃ စတုရန်းကီလိုမီတာ (၂၇၅၄ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၅၅၈ မီတာ (၁၈၃၁ ပေ)
လူဦးရေ (2010)[၂]
 • ကောင်တီအဆင့်မြို့၅၁၉၉၃၅
 • သိပ်သည်းမှု၇၃/km (၁၉၀/sq mi)
 • မြို့ပေါ်၂၀၅၀၀၀
အချိန်ဇုန်တရုတ်စံတော်ချိန် (UTC+8)
စာပို့သင်္ကေတ666100[၃]
ဧရိယာကုဒ်(များ)0691[၃]
ရာသီဥတုCwa
ဝက်ဘ်ဆိုဒ်jhs.gov.cn
1Yunnan Statistics Bureau [၁]
2Xishuangbanna Gov. [၂]
3Yunnan Portal [၃]

သမိုင်း ပြင်ဆင်ရန်

ဘုရင့်နောင်မင်းတရားလက်ထက်မှစတင်၍ မြန်မာပိုင်ဒေသဖြစ်လာခဲ့ပြီး ကျိုင်းရုံးကြီးနယ်ဟုထင်ရှားသည်။ တရုတ်-မြန်မာစစ်ပွဲတွင်ထင်ရှားသော ဆင်ဖြူရှင်မင်း၏စစ်သူကြီး တိမ်ကြားမင်းခေါင်၏ မွေးရပ်မြေလည်းဖြစ်သည်။ တတိယအဂ်လိပ်-မြန်မာစစ်ပွဲအပြီး သီပေါမင်းပါတော်မူပြီးနောက်တွင် အဂ်လိပ်ပိုင်ဖြစ်လာခဲ့သည်။ ၁၈၉၂တွင် ပြင်သစ်နှင့်နယ်မြေထိစပ်ခြင်းမရှိစေရန် ကျိုင်းရုံးကြီးနယ်ကို တရုတ်နိုင်ငံသို့ အခြားနိုင်ငံသို့လွှဲပြောင်းမပေးရဟူသော ကတိကဝတ်ဖြင့် လွှဲပြောင်းပေးခဲ့သည်။ ၁၉၄၂ခုနှစ်တွင် ဂျပန်အကူအညီဖြင့် ယိုးဒယားနိုင်ငံကသိမ်းယူခဲ့ပြီး ၁၉၄၅တွင် တရုတ်တို့ထံ ပြန်လည်လက်လွှတ်ခဲ့ရသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရလာသောအခါ တရုတ်-မြန်မာနယ်နိမိတ်စာချုပ်ချုပ်ဆိုရာတွင် ပါလီမန်အမတ်အများစုက ဝန်ကြီးချုပ်ဦးနုကို ကျိုင်းရုံးကြီးနယ်ကို ပြန်လည်တောင်းယူရန် အကြံပြုခဲ့သော်လည်း ဝန်ကြီးချုပ်ဦးနုက တရုတ်တို့၏အင်အားနှင့် မကြာသေးမီက တိဗက်နိုင်ငံကို တရုတ်တို့ဝင်ရောက်သိမ်းပိုက်မှုတို့ကို အကြောင်းပြ၍ ပြန်လည်တောင်းယူခြင်းမပြုခဲ့ပေ။ ထိုအချိန်မှစ၍ ကျိုင်းရုံးကြီးနယ်သည် စစ်ဆောင်ပန္နားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်၏ တရားဝင်အစိတ်အပိုင်းဖြစ်လာခဲ့သည်။

ပထဝီဝင်နှင့်ရာသီဥတု ပြင်ဆင်ရန်

အုပ်ချုပ်ရေးဌာနခွဲများ ပြင်ဆင်ရန်

သယ်ယူပို့ဆောင်ရေး ပြင်ဆင်ရန်

စိတ်ဝင်စားဖွယ်နေရာများ ပြင်ဆင်ရန်

ရှမ်းသင်္ကြန်နှင့် အနီးနားရှိကျေးရွာများတွင်နေထိုင်ကြသည်​့ အခြားတိုင်းရင်းသားလူမျိုးစုများက အဓိကဆွဲဆောင်မှုဖြစ်သည်။ ထို့အပြင်အနည်းဆုံးရုက္ခဗေဒဥယျာဉ်နှင့်ဥယျာဉ်သုံးခုသည် စစ်ဆောင်ပန္နားအပူပိုင်က္ခဗေဒဥယျာဉ်ဉ် သည်မြို့တော်နှင့်အနီးတွင်တည်ရှိပြီး၎င်းတွင်အကြီးဆုံးနှင့်အကျော်ကြားဆုံးဖြစ်သည်။

မှတ်စုများ ပြင်ဆင်ရန်

ကိုးကားချက်များ ပြင်ဆင်ရန်

  1. Archived copy။ 21 February 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 October 2021 တွင် ပြန်စစ်ပြီး။
  2. According to 2010 China National Census။ 25 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 October 2021 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ Area Code and Postal Code in Yunnan Province Archived 2007-11-07 at the Wayback Machine.

ပြင်ပလင့်များ ပြင်ဆင်ရန်