ကျိုတိုနိုထရီဒမဲတက္ကသိုလ်

ကျိုတိုနိုထရီဒမဲတက္ကသိုလ် (京都ノートルダム女子大学) သည် ဂျပန်နိုင်ငံကျိုတိုမြို့ဆခယောရပ်ကွက်တွင် တည်ရှိသည့် အငယ်စားပုဂ္ဂလိကတက္ကသိုလ်တစ်ခု ဖြစ်သည်။ ၎င်းကို KNDU ဟုလည်း ခေါ်ကြသည်။ ဤတက္ကသိုလ်သည် ဂျပန်ရှိ ကက်သလစ်တက္ကသိုလ်များထဲမှ တစ်ခုလည်း ဖြစ်သည်။ နိုထရီဟူသည့် အဓိပ္ပါယ်မှာ "ကျွန်ုပ်တို့၏ အမျိုးသမီး" ဟု အဓိပ္ပါယ်ရသည်။

Unison Hall

အကြောင်းအရာ

ပြင်ဆင်ရန်

ဤတက္ကသိုလ်သည် ကျိုတိုမြို့၏ လူနေဧရိယာတွင် တည်ရှိသည်။ တက္ကသိုလ်၏ အနီးအနားတွင် ကျိုတိုရုက္ခဗေဒဥယျာဉ်ကျိုတိုဂီတဖျော်ဖြေပွဲခန်းမရှိမိုဂမိုနတ်ကျောင်းနှင့် ဒိုင်းမွန်းဂျိတောင် စသည်တို့ တည်ရှိသည်။ ဂျပန်နိုင်ငံတွင် တက္ကသိုလ်စုစုပေါင်း ၆၉၆ ခု ရှိပြီး ဤတက္ကသိုလ်သည် အဆင့်သတ်မှတ်ချက်အရ ၄၉၁ ဖြစ်သည်။ ဤတက္ကသိုလ်သည် တစ်ကမ္ဘာလုံးမှ ကျောင်းသားများကို လက်ခံသင်ကြားလျက်ရှိသည်။ တက္ကသိုလ်သည် ဆရာဆရာမများ၊ စာကြည့်တိုက်မှူးများ၊ ပြတိုက်မှူးများကို အသိအမှတ်ပြုလက်မှတ်များ ပေးအပ်လျက်ရှိသည်။ အခြားတိုင်းပြည်များမှ ကျောင်းသားများတွင် တရုတ်နိုင်ငံမှ ကျောင်းသားများသည် များစွာရှိပြီး ထိုင်ဝမ်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ မလေးရှား၊ ဗီယက်နမ်၊ မြန်မာ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများမှ ကျောင်းသူကျောင်းသားများလည်း ရှိသည်။

သမိုင်းကြောင်း

ပြင်ဆင်ရန်

ဤတက္ကသိုလ်ကို နိုထရီဒမဲညီအစ်မကျောင်းများ (The School Sisters of Notre Dame) မှ တည်ထောင်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ကျိုတိုမြို့ ကတ်သလစ်ချက်ကျောင်းသည် နိုထရီဒမဲညီအစ်မကျောင်းများအဖွဲ့ကို အမျိုးသမီးများအတွက် ကျောင်းတစ်ခု တည်ထောင်ရန် မေးမြန်းစူးစမ်းခဲ့သည်။ ထိုအခါ ညီအစ်မလေးယောက်တို့သည် ကျိုတိုမြို့သို့ လာကာ အလယ်တန်းကျောင်းတစ်ခုကို တည်ထောင်ခဲ့သည်။ ထို့နောက် များမကြာမီ ၁၉၆၁ ခုနှစ်တွင် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့၊ ဆခယောရပ်ကွက်တွင် အင်္ဂလိပ်ဘာသာနှင့် စာပေဘာသာရပ်ဌာနပါဝင်သည့် နိုထရီဒမဲတက္ကသိုလ်ကို တည်ထောင်ခဲ့သည်။ တက္ကသိုလ်၏ တရားဝင်အမည်သည် ၁၉၉၄ ခုနှစ်တွင် ကျိုတိုနိုထရီဒမဲတက္ကသိုလ်အဖြစ် ပြောင်းလဲခဲ့သည်။

၁၉၆၃ ခုနှစ်တွင် ဘဝနှင့် ယဉ်ကျေးမှုဌာနကို တည်ထောင်ခဲ့သည်။ ယဉ်ကျေးမှုဖယ်မှုဆိုင်ရာလေ့လာရေးဣှင့် လူမှုသိပ္ပံဌာနများကိုလည်း ၂၀၀၀ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ဘဝနှင့် ယဉ်ကျေးမှုဌာနသည် စိတ်ပညာဌာန ဖြစ်လာခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် နိုင်ငံခြားပညာတော်သင်အစီအစဉ်များကို စတင်ခဲ့သည်။

ပြင်ပလင့်များ

ပြင်ဆင်ရန်

ကိုဩဒိနိတ်: 35°3′2.4″N 135°46′21.9″E / 35.050667°N 135.772750°E / 35.050667; 135.772750