ဆခယောရပ်ကွက် (左京区, Sakyō-ku) သည် ဂျပန်နိုင်ငံကျိုတိုစီရင်စုကျိုတိုမြို့တွင် တည်ရှိသည့် ရပ်ကွက်တစ်ခု ဖြစ်သည်။ ကျိုတိုမြို့တွင် ရပ်ကွက်ပေါင်း ၁၁ ခု ရှိသည်။ ဤရပ်ကွက်သည် မြို့၏ အရှေ့မြောက်ဘက်ဆုံးနေရာတွင် တည်ရှိသည်။

ဆခယော
左京区
Ward of Kyoto
Kyoto International Conference Center
Location of Sakyō-ku in Kyoto
Location of Sakyō-ku in Kyoto
ဆခယော သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
ဆခယော
ဆခယော
Location of Sakyō-ku in Japan
ကိုဩဒိနိတ်: 35°2′55″N 135°46′42″E / 35.04861°N 135.77833°E / 35.04861; 135.77833ကိုဩဒိနိတ်: 35°2′55″N 135°46′42″E / 35.04861°N 135.77833°E / 35.04861; 135.77833
CountryJapan
PrefectureKyoto
Founded1929
ဧရိယာ
 • စုစုပေါင်း၂၄၆.၇၇ စတုရန်းကီလိုမီတာ (၉၅.၂၈ စတုရန်းမိုင်)
အမြင့်ဆုံး နေရာ၉၇၁ မီတာ (၃၁၈၆ ပေ)
အနိမ့်ဆုံး နေရာ၄၀ မီတာ (၁၃၀ ပေ)
လူဦးရေ (October 1, 2020)
 • စုစုပေါင်း၁၆၆၀၃၉
 • ခန့်မှန်း (2021)၁၆၄၉၆၃
 • သိပ်သည်းမှု၆၇၀/km (၁၇၀၀/sq mi)
အချိန်ဇုန်Japan Standard Time (UTC+9)
ဝက်ဘ်ဆိုဒ်city.kyoto.lg.jp/sakyo/
This ukiyo-e by Hiroshige shows Yase, a village now in Sakyō-ku, during the Edo period.

သမိုင်းကြောင်း

ပြင်ဆင်ရန်

ဆခယောရပ်ကွက်၏ အဓိပ္ပါယ်မှာ “ဘုရင်မင်းကြီး၏ လက်ဝဲဘက်” ဟု အဓိပ္ပါယ်ရသည်။ ကျိုတိုနန်းတော်တွင် ဘုရင်မင်းကြီးသည် တောင်ဘက်သို့ မျက်နှာမူလေ့ထိုင်ရှိသည့်အတွက် ဤရပ်ကွက်တည်ရှိသည့် အရှေ့ဘက်အရပ်သည် မင်းတရားကြီး၏ လက်ဝဲဘက် ဖြစ်လာခဲ့သည်။ နန်းတော်၏ အနောက်ဘက်အရပ်တွင် တည်ရှိသည့် ရပ်ကွက်ကိုမူ အုခယောရပ်ကွက် ဟု ခေါ်သည်။ ရှေးခေတ်ကာလများက ဆခယောရပ်ကွက်ကို နန်းတော်၏ အရှေ့ဘက်အရပ်အဖြစ် ရည်ညွှန်းပြောဆိုခဲ့ကြသည်။ လက်ရှိအချိန်ကာလ ဆခယောရပ်ကွက်သည် အနောက်ဘက်တွင် ခမိုမြစ်တည်ရှိသည်။

ဤရပ်ကွက်ကို ၁၉၂၉ ခုနှစ်တွင် ခမိဂယောရပ်ကွက်မှ ရပ်ကွက်အသစ်တစ်ခုအဖြစ် ခွဲထုတ်ခဲ့သည်။

ပထဝီဝင်ဆိုင်ရာ

ပြင်ဆင်ရန်

ဤရပ်ကွက်သည် ကျိုတိုမြို့၏ အရှေ့မြောက်အရပ်တွင် တည်ရှိသည်။ အရှေ့ဘက်တွင် ရှိဂစီရင်စုရှိ အိုးဆွတ်မြို့နှင့် နယ်နိမိတ်ချင်းဆက်စပ်နေသည်။ တောင်ဘက်တွင် ဆန်းဂျောလမ်းမတည်ရှိပြီး ထိုလမ်းမသည် ဟိဂရှိယာမရပ်ကွက်နှင့် ယာမရှိနရပ်ကွက် စသည့်ရပ်ကွက်များနှင့် နယ်နိမိတ်ချင်းပိုင်းခြားပေးထားသည်။ မြောက်ဘက်တွင် ရှိဂစီရင်စု၏ တခရှိမမြို့နှင့် ကျိုတိုစီရင်စု၏ နန်းတန်းမြို့တို့ တည်ရှိသည်။ ကျိုတိုမြို့၏ မြို့လယ်ရှိ ခမိုမြစ်သည် ဤရပ်ကွက်၏ အနောက်ဘက်နယ်နိမိတ်ကို ဖြတ်သန်းစီးဆင်းလျက်ရှိသည်။

အိဝခုရ (Iwakura) ကဲ့သို့သော ဧရိယာများကို ကြီးမားသည့်မြို့ပြအဆောက်အဦများတည်ဆောက်ခြင်းမှ ကန့်သတ်ထားသည်။ ထိုနေရာတွင် များစွာသော လယ်ကွင်းများ ကျန်ရှိနေသည်။ ဆခယောရပ်ကွက်၏ မြောက်ဘက်ပိုင်းသည် တောင်များထူထပ်ကာ တောအုပ်များစွာ ရှိသည်။

လမ်းမကြီးများဖြစ်သည့် ခဝဘတ၊ ဟိဂရှိအိုးဂျိနှင့် ရှိရခဝ တို့သည် တောင်ဘက်မှ မြောက်ဘက်သို့ သွယ်တန်းဖောက်လုပ်ထားသည်။ ဒဲမချိယနဂိဘူတာသည် ခဲအိဟန်ရထားလိုင်း၏ တောင်ဘက်မှသည် အိုဆာကာသို့ ပြေးဆွဲသည့် ရထားများနှင့် အဲအိဇန်ရထားလိုင်း၏ မြောက်ဘက်မှသည် ယဆဲဘူတာနှင့် ခုရမသို့ပြေးဆွဲသည့် ရထားလိုင်းများ၏ ခရီးဆုံးဘူတာလည်း ဖြစ်သည်။

လူဦးရေဆိုင်ရာ

ပြင်ဆင်ရန်

အိမ်ထောင်စုစာရင်းများအရ ဆခယောရပ်ကွက်၏ လူဦးရေသည် ၁၉၈၀ ကာလများမှစတင်၍ လျော့နည်းကျဆင်းလျှက်ရှိသည်။

သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
1930 ၉၇၄၄၈—    
1940 ၁၂၇၅၇၁+30.9%
1950 ၁၅၂၁၄၈+19.3%
1960 ၁၇၇၆၉၂+16.8%
1970 ၁၈၈၄၃၄+6.0%
1980 ၁၈၅၆၄၅−1.5%
1990 ၁၇၃၂၈၂−6.7%
2000 ၁၇၁၅၅၆−1.0%
2010 ၁၆၈၈၀၂−1.6%
2020 ၁၆၆၀၃၉−1.6%
Source: [၁]

အချက်အချာနေရာများ

ပြင်ဆင်ရန်

ဆခယောရပ်ကွက်အတွင်းရှိ ထင်ရှားသည့် နေရာများတွင် ဂင်ခခုဂျိ (Ginkaku-ji)၊ နန်းဇန်းဂျိ (Nanzen-ji)၊ ခမိုနတ်ကျောင်း (Kamo Shrine)၊ ဟဲအိအန်နတ်ကျောင်း (Heian Shrine) နှင့် ဟိုးနန်းအင်း (Hōnen-in) တို့ ပါဝင်သည်။

မြောက်ဘက်ပိုင်းတွင် တည်ရှိသည့်နေရာများတွင် ခုရမဒဲရခိဖုနဲဂျင်းဂျ၊ အိဝခုရတိုမိုမိကို အကျဉ်းချထားခဲ့သည့်အိမ်၏ အပျက်အစီးများကျန်ရှိနေသည့် ဆန်းဇန်းအင်း၊ ရှုဂခုအင်းဘုရင့်စံအိမ်နှင့် မန်းရှုအင်းကျောင်းတော်၊ ကျိုတိုအပြည်ပြည်ဆိုင်ရာညီလာခံခန်းမတို့ ပါဝင်သည်။

ကျိုတိုရုက္ခဗေဒဥယျာဉ်သည် ဤရပ်ကွက်တွင် တည်ရှိသည်။ ဤရပ်ကွက်အတွင်းရှိ များစွာတောတောင်များတွင် နှစ်စဉ်ကျင်းသည့် တောင်များကို မီးထွန်းညှိသည့်ပွဲတော်ဖြစ်သည့် ဂေါ့ဇန်းနော့အိုခုရိဘိပွဲတော်ကို ပြုလုပ်ကြသည်။ ဒိုင်းမွန်းဂျိတောင်တွင် အဓိကထား ပြုလုပ်သည်။[]

 
The conservatory of the Kyoto Botanical Garden
 
Kyoto Prefectural Library

ရပ်ကွက်တွင် မူလတန်းကျောင်း ၂၃ ကျောင်း( ၃ ကျောင်းသည် ပုဂ္ဂလိကကျောင်းဖြစ်သည်)၊ အစိုးရအလယ်တန်းကျောင်း ၇ ကျောင်းနှင့် အစိုးရအထက်တန်းကျောင်း ၇ ကျောင်း ပါဝင်သည်။ ထို့အပြင် ပုဂ္ဂလိကအလယ်တန်းနှင့် အထက်တန်းကျောင်းစသည် (၅) ကျောင်း ရှိသည်။

တက္ကသိုလ်များစွာသည်လည်း ဤရပ်ကွက်တွင် တည်ရှိသည်။ အထင်ကရဖြစ်သည့် တက္ကသိုလ်မှာ ကျိုတိုတက္ကသိုလ် ဖြစ်သည်။

ကျိုတိုကိုရီးယားအလယ်တန်းကျောင်းသည် ရပ်ကွက်တွင် တည်ရှိသည့် မြောက်ကိုရီးယားကျောင်းတစ်ခု ဖြစ်သည်။[]

ပြင်ပလင့်များ

ပြင်ဆင်ရန်

  Wikimedia Commons ရှိ Sakyō-ku, Kyoto နှင့်ပတ်သက်သော မီဒီယာများ

  1. Home။ Korea Education Institution။ 2020-05-16 တွင် ပြန်စစ်ပြီး။ “住所 (〒) 606-0802 京都市左京区下鴨宮崎町119”
  2. Home page. Kyoto Korean Junior High-High School. Retrieved on 14 October 2015. "京都朝鮮中高級学校 〒606-8282 京都府京都市左京区北白川外山町1"