ကျိုတိုဘုရင့်နန်းတော် (京都御所, Kyōto-gosho) သည် ဂျပန်နိုင်ငံကျိုတိုမြို့ခမိဂယောရပ်ကွက်တွင် တည်ရှိသည့် ရှေးယခင်ဂျပန်နိုင်ငံ၏ ဘုရင့်နန်းတော်တစ်ခု ဖြစ်သည်။ ၁၈၆၉ ခုနှစ် မဲဂျိခေတ်ကာလပြုပြင်ပြောင်းလဲမှုများစတင်ခဲ့သည့်အချိန်ကတည်းက အုပ်ချုပ်သူများသည် တိုကျိုဘုရင့်နန်းတော်သို့ ပြောင်းရွှေ့ခဲ့သည်။ ၁၈၇၇ ခုနှစ်တွင် ကျိုတိုဘုရင့်နန်းတော်ကို ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ရန် အမိန့်ပေးခဲ့သည်။[] လက်ရှိအချိန်တွင် နန်းတော်နေရာကို အများပြည်သူ ကြည့်ရှုလေ့လာရန် ဖွင့်လှစ်ထားရှိသည်။

ရှိရှင်းဒန်းပင်မအဆောင် (Shishinden) ကို ဂျောမဲအိမွန်ဂိတ်ပေါက် (Jomeimon) မှ မြင်တွေ့ရပုံ

ကျိုတိုဘုရင့်နန်းတော်သည် ဟဲအိအန်-ခယောခေတ်ကာလ (လက်ရှိကျိုတိုမြို့) မြို့တော်များ၏ အရှေ့မြောက်ပိုင်းတွင် တည်ရှိသည့်ဘုရင့်နန်းတော်များထဲတွင် နောက်ဆုံးနန်းတော် ဖြစ်သည်။ မဲဂျိခေတ်ကာလပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည့်အချိန်တွင် နန်းတော်တွင် လုပ်ငန်းဆောင်တာများစွာ လုပ်ဆောင်ခြင်းကို လျှော့ချခဲ့ပြီး မြို့တော်အသစ်ဖြစ်သည့် တိုကျိုသို့ မြို့တော်နှင့်သက်ဆိုင်သည့် လုပ်ငန်းဆောင်တာများကို ရွှေ့ပြောင်းခဲ့ကြသည်။ သို့သော်လည်း ဘုရင်တိုင်းရှော[]နှင့် ဘုရင်ရှောဝ[]တို့၏ နန်းတင်မြှောက်ပွဲများကို ဤနန်းတော်တွင်ပင် ကျင်းပခဲ့ကြသည်။

နန်းတော်၏ ပုံစံ

ပြင်ဆင်ရန်
 
Aerial view of the Kyōto-gyoen in 2020 with the Imperial Palace in the northern part

နန်းတော်သည် ကျယ်ဝန်းသည့် ခယောတို-ဂယောအန်း Kyōto-gyoen (京都御苑) ထောင့်မှန်စတုဂံပုံစံဝင်းအတွင်းတွင် တည်ရှိသည်။ ခယောတို-ဂယောအန်း သည် မြောက်ဘက်မှ တောင်ဘက်သို့ ၁၃၀၀ မီတာ (၄၃၀၀ ပေ) ရှိပြီး အရှေ့ဘက်မှ အနောက်ဘက်မှသို့ ၇၀၀ မီတာ (၂၃၀၀ ပေ) ရှိသည်။ ၎င်းဝင်းအတွင်းတွင် ဆန်းတိုးဘုရင့်ပန်းခြံနှင့် ကျိုတိုမြို့ဧည့်ရိပ်သာများ စသည်တို့ ပါဝင်သည်။ အဲဒိုခေတ်ကာလအစောပိုင်းတွင် နန်းတွင်းသူနန်းတွင်းသားမျာသည် နေထိုင်ခဲ့ကြပြီး ဤဝင်းကိုလည်း တံတိုင်းခတ်ထားခဲ့ကြသည်။ မြို့တော်သည် ကျိုတိုသို့ ရွှေ့ပြောင်းခဲ့သည့်အခါတွင် နန်းတွင်းအတွင်းရှိ နေထိုင်ကြသူများသည် ဤဝင်းကို ဖြိုဖျက်ခဲ့ကြသည်။ လက်ရှိအချိန်တွင် ခယောတို-ဂယောအန်း၏ အစိတ်အပိုင်းအများစုကို အများပြည်သူ အပန်းဖြေအနားယူနိုင်သည့် ပန်းခြံတစ်ခုအဖြစ် ဖွင့်လှစ်ထားသည်။

ကျိုတိုဘုရင့်နန်းတော်သည် ၁၂ ရာစုနောက်ပိုင်း ဟဲအိအန်နန်းတော်ကို နောက်ဆုံးအချိန်မစွန့်ခွာမီကာလကတည်းက ဤနေရာတွင် တည်ရှိခဲ့သည်။

တည်ဆောက်မှုများ

ပြင်ဆင်ရန်

ပြင်ပလင့်များ

ပြင်ဆင်ရန်

ကိုဩဒိနိတ်: 35°01′31″N 135°45′44″E / 35.02528°N 135.76222°E / 35.02528; 135.76222

  1. 明治神宮-明治神宮とは-။ 2007-02-17 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  2. Japan's First Modern Enthronement: The Ceremonies for Emperor Taishō in 1915 (8 November 2019)။ 7 March 2022 တွင် ပြန်စစ်ပြီး။
  3. Rare footage shows Hirohito's enthronement rituals in Kyoto (12 November 2019)။ 7 March 2022 တွင် ပြန်စစ်ပြီး။