ခမိဂယောရပ်ကွက်၊ ကျိုတို
ခမိဂယောရပ်ကွက် (上京区, かみぎょうく) သည် ဂျပန်နိုင်ငံ၊ ကျိုတိုစီရင်စု၊ ကျိုတိုမြို့ရှိ ရပ်ကွက်တစ်ခု ဖြစ်သည်။ ကျိုတိုမြို့တွင် ရပ်ကွက် (၁၁) ခု ရှိသည်။ ဂျပန်နိုင်ငံ၏ ရှေးဟောင်းမြို့တော်ဖြစ်သည့် “ဟဲအိအန်-ခယော” ခေတ်ကာလတုန်းက ဤရပ်ကွက်နယ်မြေသည် တော်ဝင်မျိုးနွယ်များ၊ မင်းစိုးမင်းနွယ်များနှင့် အထက်တန်းလွှာများ နေထိုင်ခဲ့ကြသည့်နေရာ ဖြစ်သည်။[၁] လက်ရှိအချိန်ကာလကျိုတိုမြို့၏ အလယ်ဗဟိုတွင် တည်ရှိသည့် ရပ်ကွက်လည်း ဖြစ်သည်။ ရှေးဟောင်းကျိုတိုမြို့အနေဖြင့် ကြည့်ပါက ဤရက်ကွက်သည် ထိုအချိန်က မြို့၏ မြောက်ဘက်အပိုင်းတွင် တည်ရှိခဲ့သည်။ ခမိုမြစ်သည် ရပ်ကွက်၏ အရှေ့ဘက်ပိုင်းကို ဖြတ်သန်းစီးဆင်းလျက်ရှိသည်။
ခမိဂယောရပ်ကွက် 上京区 | |
---|---|
ကျိုတိုမြို့ရှိ ရပ်ကွက် | |
Top: The Shishinden is a majestic building in the Kyoto Imperial Palace. Bottom: An Exchange Corner at a kiosk in Demachi Shoutenkai featuring characters from Tamako Market. | |
Location of Kamigyō-ku in Kyoto | |
Location of Kamigyō-ku in Japan | |
ကိုဩဒိနိတ်: 35°1′47″N 135°45′24″E / 35.02972°N 135.75667°Eကိုဩဒိနိတ်: 35°1′47″N 135°45′24″E / 35.02972°N 135.75667°E | |
Country | Japan |
Prefecture | Kyoto |
City | Kyoto |
Founded | 1879 |
ဧရိယာ | |
• စုစုပေါင်း | ၇.၀၃ စတုရန်းကီလိုမီတာ (၂.၇၁ စတုရန်းမိုင်) |
အမြင့်ဆုံး နေရာ | ၇၇ မီတာ (၂၅၃ ပေ) |
အနိမ့်ဆုံး နေရာ | ၄၆ မီတာ (၁၅၁ ပေ) |
လူဦးရေ (October 1, 2020) | |
• စုစုပေါင်း | ၈၃၈၃၂ |
• သိပ်သည်းမှု | ၁၂၀၀၀/km၂ (၃၁၀၀၀/sq mi) |
အချိန်ဇုန် | Japan Standard Time (UTC+9) |
ဝက်ဘ်ဆိုဒ် | city.kyoto.lg.jp/kamigyo/ |
ဤရပ်ကွက်တွင် ကျိုတိုဘုရင့်နန်းတော်၊ ခိတနိုတန်းမန်းဂူးနတ်ကျောင်း၊ ဆဲမဲနတ်ကျောင်း၊ နိရှိဂျင်းအိုရိအထည်လုပ်ငန်းနှင့် ဂျပန်နိုင်ငံ၏ ရိုးရာလက်ဖက်ရည်သင်ကြားပြသရာကျောင်းများဖြစ်သည့် အိုမိုတဲဆန်းခဲနှင့် ရမဆန်းခဲတို့ တည်ရှိသည်။
၂၀၂၀ ခုနှစ်တွင် ခမိဂယောရပ်ကွက်၏ လူဦးရေသည် ၈၃,၈၃၂ ဦး ရှိသည်။
ဈေးဆိုင်တန်းတစ်ခုဖြစ်သည့် “မဆုဂတရှောတန်းဂိုင်” ကို ၂၀၁၃ ခုနှစ်တွင် ကျိုတိုအန်းနီမေးရှင်းက “တမခိုမားကတ်” ဟူသည့် အန်နီမေးရှင်းတွင် ဖော်ပြခဲ့သည်။
လူဦးရေဆိုင်ရာ
ပြင်ဆင်ရန်နှစ်အလိုက်လူဦးရေ | ||
---|---|---|
ခုနှစ် | လူဦးရေ | ±% |
1960 | ၁၄၈၄၂၇ | — |
1970 | ၁၂၄၄၅၆ | −16.2% |
1980 | ၉၉၂၆၂ | −20.2% |
1990 | ၈၇၈၆၁ | −11.5% |
2000 | ၈၄၁၈၇ | −4.2% |
2010 | ၈၃၂၆၄ | −1.1% |
2020 | ၈၃၈၃၂ | +0.7% |
Source: [၁] |
ပညာရေး
ပြင်ဆင်ရန်- ဒိုရှိရှတက္ကသိုလ်
- ကျိုတိုစီရင်စုဆေးတက္ကသိုလ်
- ဟဲအိအန်ဂျောဂခုအင်းတက္ကသိုလ်
- ဒိုရှိရှအမျိုးသမီးဝိဇ္ဇာနှင့် သိပ္ပံကောလိပ် ၏ အိမဒဲဂဝနယ်မြေ
ကျိုတိုနိုင်ငံတကာပြင်သစ်စာသင်ကျောင်း (Lycée Français de Kyoto) , ခန်ဆိုင်းရှိ ပြင်သစ်နိုင်ငံတကာကျောင်းသည် ဤရပ်ကွက်တွင် တည်ရှိသည်။[၂]
ကျိုတိုနိုင်ငံတကာစာသင်ကျောင်း သည်လည်း ဤရပ်ကွက်တွင် တည်ရှိသည်။[၃]
ပြင်ပလင့်များ
ပြင်ဆင်ရန်Wikimedia Commons ရှိ Kamigyō-ku, Kyoto နှင့်ပတ်သက်သော မီဒီယာများ
- တရားဝင် ဝက်ဘ်ဆိုဒ် (in ဂျပန်)
- Kamigyo Ward mascot character, Kamigyukun (in ဂျပန်)
ကိုးကား
ပြင်ဆင်ရန်- ↑ Nakane၊ Chie (1972)။ Japanese Society (အင်္ဂလိပ်ဘာသာစကားဖြင့်)။ England, USA, Canada: University of California Press။ p. 78။ ISBN 9780520021549။
- ↑ "Accès et contact Archived 2015-04-26 at Archive.is." Lycée Français de Kyoto. Retrieved on 26 April 2015. "536-1 WARAYA-CHO MARUTAMACHI DORI KUROMON HIGASHI IRU KAMIGYO-KU 602-8144 KYOTO, JAPON"
- ↑ "Find Us Archived 2015-12-20 at the Wayback Machine.." Kyoto International School. Retrieved on August 17, 2015. "317 Kitatawara-cho, Kamigyo-ku, Kyoto, Japan 602-8247"