ကျိုးပဲ့အိပ်မက်များ
ဤဆောင်းပါးတွင်ဖော်ပြထားသော ရင်းမြစ် အချို့သည်ယုံကြည်အားထားနိုင်မှု ရှိချင်မှ ရှိမည်ဖြစ်သည်။ သင်တည်းဖြတ်နိုင်သည်။။ (ဇန်နဝါရီ ၂၀၂၄) |
ကျိုးပဲ့အိပ်မက်များ (အင်္ဂလိပ်: Broken Dreams: Stories from the Myanmar Coup) သည် ၂၀၂၃ ခုနှစ်ထွကန် မြန်မာ စာညွန့်ရုပ်ရှင်ဖြစ်ပြီး ၂၀၂၁ မြန်မာနိုင်ငံ စစ်အာဏာသိမ်းခြင်းနှင့် ပြည်တွင်းစစ်တို့နှင့် ဆက်စပ်သော ဇာတ်လမ်း ကိုးခု ပါဝင်သည်။ အမည်မဖော်သော ရုပ်ရှင်ဖန်တီးသူအုပ်စု ရှစ်ဖွဲ့ပါဝင်သည့် Ninefold Mosaic က ရိုက်ကူးတည်းဖြတ်ထားသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် ထိုင်းနိုင်ငံရှိ Foreign Correspondents' Club of Thailand တွင် ပထမဆုံး ပြသခဲ့သည်။ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ၂၉ ကြိမ်မြောက် ကာလကတ္တားရုပ်ရှင်ပွဲတော်တွင် ပြသခဲ့ရာ NETPAC ဆုကို ရရှိခဲ့သည်။
Broken Dreams: Stories from the Myanmar Coup | |
---|---|
အခြေခံအချက်အလက် | |
ဒါရိုက်တာ | The Ninefold Mosaic |
ထုတ်လုပ်သူ |
|
သရုပ်ဆောင် | အောင် မြတ်နိုးအေး Priscilla Bawicia နေခြည် ဂျပန်ကြီး နိုဗန်ထူး Poe Meh Kyaw Meh လမိုး အောင်မြင့်မြတ် Preh Reh ရပ်ဆဲ ပိုင်ဖြိုးသု ချစ်သုဝေ မေဝင်းမောင် Flynn the Fish |
ဂီတမှူး |
|
ဓာတ်ပုံ |
|
တည်းဖြတ် | The Ninefold Mosaic |
ကြာမြင့်ချိန် | ၁၂၈ မိနစ် |
နိုင်ငံ | မြန်မာ |
ဘာသာစကား | မြန်မာ |
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း | |
ဖြန့်ချိသည့်နေ့ |
|
ဇာတ်လမ်းတိုများ
ပြင်ဆင်ရန်- သံသရာ (ဒါရိုက်တာ - နေနီလှိုင်းခ)
- သရုပ်ဆောင် - အောင်
- Dark Tangle (ဒါရိုက်တာ - ရစ်)
- သရုပ်ဆောင် - ချစ်သုဝေ
- Un (ဒါရိုက်တာ - Rek)
- သရုပ်ဆောင် - Flynn the Fish
- Two Souls (ဒါရိုက်တာ - မြတ်နိုး)
- သရုပ်ဆောင် - အောင်မြင့်မြတ် နှင့် ရပ်ဆဲ
- အိမ် (ဒါရိုက်တာ - ဝေး)
- သရုပ်ဆောင် - Priscilla Bawicia နှင့် မေဝင်းမောင်
- To a Dear Little Seedling (ဒါရိုက်တာ - နေခြည်မြတ်နိုးဝင့်)
- The Dictator's Bathroom (ဒါရိုက်တာ - အယ်လ် မင်းပြည့်မွန်)
- သရုပ်ဆောင် - မြတ်နိုးအေး၊ နိုဗန်ထူး နှင့် ဂျပန်ကြီး
- Dancing in the Dark (ဒါရိုက်တာ - ဘိုသက်ထွန်း)
- သရုပ်ဆောင် - La Moe, Poe Meh, Preh Reh and Kyaw Meh
- Late Pyar (ဒါရိုက်တာ - ရစ်)
- သရုပ်ဆောင် - မြတ်နိုးအေး နှင့် ပိုင်ဖြိုးသု
ထုတ်လုပ်ရေး
ပြင်ဆင်ရန်ကျိုးပဲ့အိပ်မက်များ၏ ရိုက်ကူးရေးနှင့် သရုပ်ဆောင်အများစုမှာ တိမ်းရှောင်နေကြရသူများ ဖြစ်သည်။[၂] Ninefold Mosaic အုပ်စုရှိ ဒါရိုက်တာအချို့မှာ ၂၀၂၂ ခုနှစ် ရုပ်ရှင် မြန်မာဒိုင်ယာရီကို အတူရိုက်ကူးခဲ့ကြသူများဖြစ်သည်။[၂]
ကိုးကား
ပြင်ဆင်ရန်- ↑ Broken Dreams: Stories from the Myanmar Coup - Credits။ 20 January 2024 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ Film Screening "Broken Dreams: Stories from the Myanmar Coup"။ 20 January 2024 တွင် ပြန်စစ်ပြီး။ “After its premiere screening at the Foreign Correspondents' Club of Thailand and subsequent editing...”
ပြင်ပလင့်များ
ပြင်ဆင်ရန်- အိုင်အမ်ဒီဘီပေါ်ရှိ ကျိုးပဲ့အိပ်မက်များ