ကျုံထော်ရေတံခွန်သည် ဘားအံမြို့မှ မြောက်ဘက်ရှိ မြိုင်ကြီးငူဒေသ ထိုင်း-မြန်မာနယ်စပ်အနီးတွင်တည်ရှိသည်။ ဘားအံမြို့မှတစ်ဆင့် ၂၇ မိုင် ၄ ဖာလုံကွာဝေးသည့် ရွှေဂွန်းကျေးရွာသို့ လည်းကောင်း၊ ရွှေဂွန်းကျေးရွာမှ ၁၃ မိုင်ကွာဝေးသည့် မြိုင်ကြီးငူအထူးဒေသသို့ လည်းကောင်း၊ မြိုင်ကြီးငူအထူးဒေသမှ ၃၄ မိုင်ကွာဝေးသည့် ကျုံထော်ရေတံခွန်သို့ အဆင့်ဆင့် ၂ နာရီကျော်မောင်းနှင်ရပြီး မြိုင်ကြီးငူအထူးဒေသသည် သက်သတ်လွတ်ဒေသဖြစ်သောကြောင့် သားငါးများ ယူဆောင်စားသုံးခြင်း၊ အရက်၊ ဘီယာများ သယ်ဆောင် သောက်သုံးခြင်းများကို ခွင့်မပြုထားပေ။ [၁]

ကျုံထော်ရေတံခွန်
ကျုံထော်ရေတံခွန်
တမ်းပလိတ်:น้ำตก กลูทอ
အင်္ဂလိပ်:  Glue-Thor Waterfall
ကျုံထော်ရေတံခွန်
တည်နေရာမြိုင်ကြီးငူဒေသလှိုင်းဘွဲ့မြို့နယ်ကရင်ပြည်နယ်
ကိုဩဒိနိတ်17°27′39″N 97°48′08.6″W / 17.46083°N 97.802389°W / 17.46083; -97.802389ကိုဩဒိနိတ်: 17°27′39″N 97°48′08.6″W / 17.46083°N 97.802389°W / 17.46083; -97.802389
အမျိုးအစားPlunges
ရေဆင်းလမ်းများ2

၂၀၁၆ ခုနှစ် မေ၂၁ ရက်တွင် BGF နှင့် DKBA (ခွဲထွက်) အဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှုများ ရှိနေခြင်းကြောင့် ကျုံထော်ရေတံခွန်အား သွားလာခွင့်ကို ယာယီပိတ်ထားပြီး ၂၀၁၈ မတ် ၁ ရက် တပေါင်းလပြည့်နေ့မှ စတင်၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ [၂] ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း တည်ရှိသည့် ကျုံထော်ရေတံခွန်သည် တစ်နှစ်ပတ်လုံး ရေခန်းခြောက်မှု မရှိခြင်း၊ သဘာ၀ တောတောင်များ မပျက်မယွင်း တည်ရှိခြင်းတို့ကြောင့် ၂၀၁၅ ခုနှစ်နောက်ပိုင်း ပြည်တွင်းခရီးသွား ဧည့်သည်များအကြား လူသိများ ထင်ရှားလာခဲ့ကာ ပျမ်းမျှတစ်နေ့လျှင် ခရီးသွား ဧည့်သည် ၂၀၀ ကျော်ခန့်နှင့် စနေ၊ တနင်္ဂနွေနှင့် ရက်ရှည်ရုံးပိတ်ရက်များအတွင်း ခရီးသွားဧည့်သည် ၁၀၀၀ ကျော် လာရောက် လည်ပတ်လေ့ရှိသည်။[၃]

ရုပ်ပုံများ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်