နယ်ခြားစောင့်ရဲတပ်ဖွဲ့ နှင့် မရောထွေးပါနှင့်။

အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို တပ်မတော်အတွင်းသွတ်သွင်းပြီး နယ်ခြားစောင့်တပ်ဟူသောအမည်ဖြင့် ဖွဲ့စည်းခဲ့သည်။ ပြည်သူ့စစ်နှင့်နယ်ခြားစောင့်တပ်များညွှန်ကြားရေးမှူးအောက်တွင်ထားရှိသဖြင့် နယ်ခြားစောင့်တပ်များသည် တပ်မတော်လစာ၊ ရိက္ခာရရှိနေသော်လည်း တင်းပြည့်တပ်မတော်သားဟုမခေါ်ဆိုနိုင်သေးပါ။ ကချင်လွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို)၊ ဝပြည်သွေးစည်းညီညွှတ်ရေးအဖွဲ့၊ မွန်ပြည်သစ်ပါတီ နှင့် ဗိုလ်နှုတ်ခမ်းမွေးခေါ် ဗိုလ်မှူးချုပ်စောလားပွယ်ခေါင်းဆောင်သည့် ဒီကေဘီအေအချို့က နယ်ခြားစောင့်တပ်ဖွဲ့စည်းခြင်းကိုလက်မခံသေးပေ။ နောက်ဆုံးငြိမ်းချမ်းရေးယူခဲ့သည့် ကေအဲင်ယူ(ကေအဲင်အယ်အေ)တို့နှင့်မူ ယင်းကိစ္စဆွေးနွေးခြင်းမရှိသေးပါ။ မြန်မာနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန မှ တိုက်ရိုက်အုပ်ချုပ်မည့် နယ်ခြားစောင့်တပ်၌ တာဝန်ထမ်းဆောင်သူ တပ်ဖွဲ့ဝင်များအား လစာ အများဆုံး ၂ သိန်းခွဲမှ အနည်းဆုံး ၅ သောင်းကျော်ထိ စစ်အစိုးရက ယခုလမှစတင်ကာ ရာထူးအလိုက် ထုတ်ပေးသွားမည်ဟုသိရသည်။

နယ်ခြားစောင့်တပ်ဖွဲ့
Border Guard Forces
နယ်ခြားစောင့်တပ်ဖွဲ့ လက်မောင်းတံဆိပ်
တည်ထောင်ဧပြီ ၂၀၀၉ (၂၀၀၉-၀၄)
သစ္စာခံ မြန်မာ
တပ်မတော်
အမျိုးအစား
 တပ်မတော် (ကြည်း)
တပ်
အမျိုးအစား
အရံတပ်ဖွဲ့
အခန်းကဏ္ဍနယ်စပ်ဒေသလုံခြုံရေး
တပ်
အရွယ်အစား
၁၈,၉၉၈ (စုစုပေါင်း)
  • ၈,၀၀၀ (ကရင် နယ်ခြားစောင့်)
  • ၄,၀၀၀ (ကယား နယ်ခြားစောင့်)
  • ၂,၀၀၀ (ကချင် KDA+NKA)
  • ၁,၀၀၀ (ကိုးကန့် နယ်ခြားစောင့်)
အစိတ်အပိုင်း တပ်မတော်
ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံးစစ်ရုံး၊ နေပြည်တော်ပြည်ထောင်စုနယ်မြေ
အမည်ပြောင်ဘီဂျီအက်ဖ်
အုပ်ချုပ်သူများ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ဒု-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်/
ကာကွယ်ရေးဦးစီးချုပ်(ကြည်း)
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးဗိုလ်ချုပ် အောင်ပိုင်ဦး
အဆောင်အယောင်များ
အလံတော်

နယ်ခြားစောင့်တပ်တွင် အသက် ၁၈ နှစ်မှ ၅၀ အကြားသာ ထမ်းဆောင်ခွင့်ရှိမည်ဟု သတ်မှတ်ထားသည်။ အရာရှိ အဆင့် ၁၈ ဦး၊ အခြားအဆင့် ၃၀၈ ဦးပါဝင်သော နယ်ခြားစောင့်တပ်တွင် တပ်မှူးမှာ အပစ်ရပ်အဖွဲ့မှ ဖြစ်သော်လည်း မြန်မာ့တပ်မတော်မှ ဗိုလ်မှူးအဆင့်ရှိ အရာရှိ တဦး၊ ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦးနှင့် အခြားအဆင့်ရှိသူ ၂၇ ဦးတို့ကိုလည်း ထည့်သွင်းရမည် ဖြစ်သည်။