ကျောက်စရစ်မြို့ဟောင်း
ကျောက်စရစ်မြို့ဟောင်းသည် ဟံသာဝတီ (၃၂)မြို့စာရင်း၌ ပါဝင်သည့် မြို့ဟောင်းတစ်ခု ဖြစ်သည်။ စစ်တမ်းများ၌လည်းတွေ့ရသည်။ ရန်ကုန်-မန္တလေးကားလမ်းနှင့် မီးရထားလမ်းပေါ်ရှိ ကျောက်တံခါးမြို့၏ အရှေ့ဘက် (၃)မိုင်ကျော်ခန့် စစ်တောင်းမြစ်၏အနောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည့် မြို့ဟောင်းတစ်မြို့ဖြစ်သည်။
တည်နေရာ
ပြင်ဆင်ရန်ကျောက်စရစ်မြို့ဟောင်းသည် မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၁၀ မိနစ် သာသာခန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၄မိနစ်ခန့်တွင် တည်ရှိသည်။ စစ်တောင်းမြစ်၏ အရှေ့ဘက်ကမ်း တွင် ယခုလက်ရှိ ကျောက်စရစ်ရွာရှိပြီး ၎င်းနှင့် မျက်နှာချင်းဆိုင် စစ်တောင်းမြစ်၏ အနောက်ဘက် ကမ်းတွင် ကျောက်စရစ်မြို့ဟောင်းတည်ရှိခြင်းဖြစ်သည်။
ပုံသဏ္ဌာန်
ပြင်ဆင်ရန်ကျောက်စရစ်မြို့ဟောင်းသည် စတုဂံပုံသဏ္ဌာန်ရှိသည့် မြို့ဟောင်းတစ်ခုပင်ဖြစ်သည်။ သို့ရာတွင် မြို့ထောင့်များမှာ ကွေးဝိုင်းဝိုင်းသဏ္ဌာန်ရှိသည်။ အရှေ့ဘက်တွင် စစ်တောင်းမြစ်ကို မြှောင်လျက်ရှိသည်။ မြို့ဟောင်း၏အတွင်းအပြင်တွင် လယ်ယာမြေများနှင့် ပြည့်လျက်ရှိလေပြီ။ ပို၍ စတုဂံကျသဖြင့် မြို့ရိုးအလျားသည်တစ်ဖက်လျှင် မီတာ(၄၀ဝ)ကျော်ခန့်စီမျှ ရှိသည်ကိုတွေ့ရ၏။ ဧရိယာပမာဏအားဖြင့် ဧက (၄၀)ခန့် (၁၆-ဟက်တာ)မျှရှိပေသည်။
မြို့ဟောင်းအတွင်းဖက်အပြင်ဖက်နေရာအနှံ့၊ လယ်ယာမြေများဖြင့်ပြည့်လျက်ရှိလေပြီ။ မြို့ရိုး ရာများကို မြင်တွေ့ဖတ်ရှုနိုင်စေကာမူ ကျုံးရာများမူကား ကောင်းစွာမတွေ့မြင်နိုင်တော့ချေ။ မြောက် ဘက်မြို့ရိုး၏ အနောက်ဘက်ပိုင်းရှိ ကျုံးရာမှ တွေ့မြင်ရသေးသော်လည်း ကျန်နေရာများ၌ ကျုံးရာ များကို ကောင်းစွာမတွေ့နိုင်တော့ပြီ။ အနောက်တောင်ဘက်မြို့ရိုးနေရာတွင် မြို့ရိုးကိုသုံးပုံတစ်ပုံ ကျော်ကျော်မျှ ဖြိုဖျက်ပြီး လယ်မြေများကို တိုးချဲ့ထားပြီး၊ ထိုနေရာသည် မြေပြင်နှင့် တပြေးညီလျက် ရှိချေပြီ။ မြို့၏အတွင်းဖက်အနောက်တောင်ဘက်ပိုင်းတွင် ရေဝပ်သည့်အခြေအနေမျိုးရှိသည်။
ပွန်းတီးမှု
ပြင်ဆင်ရန်ကျောက်စရစ်မြို့ဟောင်းမြို့ရိုးများမှာ များစွာပွန်းတီးနိမ့်လျောခဲ့ပြီ။ အရှေ့မြို့ရိုးဘက်မှ တစ်ပါး တခြားဖက်၌ ကျုံးများရှိခဲ့ဖူးမည့် ဖြစ်သော်လည်း ယခုအခါထင်ထင်ရှားမရှိတော့ချေ။ မြောက်ဘက်မြို့ရိုးတစ်လျှောက်တွင်ကား ကျုံးရာကို ဓာတ်ပုံထဲ၌ ဖတ်ရှုတွေ့ရှိနိုင်သေး၏။ အနောက် ဘက်တွင်မူကျုံးများ လယ်ယာဖော်ထုတ်ရာတွင် ပါဝင်ကုန်ပြီ ဖြစ်သည်။ အနောက်ဘက်မြို့ရိုး မြောက်ဘက်ပိုင်းအနည်းငယ်မျှသာ ကျုံးရာလိုလို နေရာများတွေ့တော့သည်။
စတုဂံပုံသဏ္ဌာန်ရှိ ကျောက်စရစ်မြို့ဟောင်းကလေးကိုလည်း ထိန်းသိမ်းစောင့်ရှောက်ထား သင့်သည်။ ဟံသာဝတီ ၃၂ မြို့စာရင်းဝင်ဖြစ်နေသေးသည်ကိုလည်း သတိမူသင့်ပေသည်။