ဟံသာဝတီ (၃၂)မြို့စာရင်း
ဟံသာဝတီ (၃၂)မြို့တွင် ပါဝင်သည်ဟု သမိုင်းဆရာတို့ လက်ခံမှတ်သားထားကြသည့် မြို့ငယ် (၃၂)မြို့မှာ အောက်ပါမြို့များပင်ဖြစ်သည်။
- ကျောက်မော်
- အံး(အမ်း)
- ဒုံဇရစ်
- ကျည်းကူ
- စစ်တောင်း
- ဒင်းမဲ့
- ဇွဲသဘုံ(ဖရွဲတုံ)
- မော်လုံ(မော်တုံ)
- လကွန်းဗျည်း
- အသား(အသာ)
- အစရိန်
- မအူ
- ရမ္မာနဂို
- ရမ္မာဝတီ
- မော်ပီ
- လှိုင်(လိုင်)
- ဘောင်လင်း
- ထန်းတောကြီး
- တီတွတ်
- ဇေဠ
- ဇောင်းတူ (ဇိုင်တွလဲ)
- ဖားအိုင်
- တုံခန်း
- ရဲနွဲ့
- မေရဉ္စရာ(မောရဉ္စယ)
- တငါပေါင်
- မင်းရဲလှ
- ကောလိယ
- ဘိုင်တာ(ပိုင်တာ)
- ဝင်ပြိုင်
- ယွန်းစလင်း(ယွန်းဇလင်း)
- ဟံသာဇိုင်းကနိုင်း(ဟင်္သာဇိုင်းကနန်း)နှင့် တချို့က (၃၃)ဟံသာဝတီကိုပါထည့်၍ ရေတွက်ကြပေသည်။
အမရပူရမြို့ ဘိုးတော်မင်းတရားကြီးလက်ထက်ဆက်သွင်းသော ဟံသာဝတီစစ်တမ်းတွင် ဟံသာဝတီမြီု့သူကြီး မောင်အိုင်(အသက်၅၅နှစ်)၏ ၁၁၆၄-ခုတော်သလင်းလဆန်း ၉ရက်နေ့ အစစ် ခံထွက်ဆိုချိန်တွင်-
သက္ကရာဇ် ၅၁၇ခုနှစ် သမလ မင်းစ၍ မြို့တည်ထောင်ပြုစုကြသည်။ ဟံသာဝတီပြည်ကြီး သမုတ်၍
- (က) သမလမင်းလက်ထက်မှ တည်သည့်မြို့များမှာကား-
၁။ ကျောက်မော်မြို့
၂။ ဒုန်ဇရစ်မြို့
၃။ ကျည်းကူမြို့
၄။ အမ်းမြို့
ပေါင်း(၄)မြို့တည်ထောင်ပြုစုတော်မူကြောင်း ပြဆိုထားလေသည်။
- (ခ) သက္ကရာဇ် ၅၂၉ခုနှစ် ညီတော် ဝိမလမင်းလက်ထက်တည်ထောင်သော မြို့များကား-
၁။ စစ်တောင်းမြို့
၂။ ဒင်းမဲမြို့
၃။ ဇွဲသတုံမြို့
၄။ အသားမြို့
ပေါင်း(၄)မြို့ကို တည်ထောင်ပြုစုကြောင်းကို ပြဆိုထားလေသည်။
- (ဂ) သက္ကရာဇ် ၅၃၆ခုနှစ် တိမုံက္ခမဟိင်္သရာဇာမင်းလက်ထက်တည်ထောင်သည့်မြို့များကား-
၁။ မော်လုံမြို့
၂။ လကွန်းဗျည်းမြို့
၃။ အခရိမ်မြို့
၄။ မအူမြို့
- (ဃ) သက္ကရာဇ် ၆၇၆ခုနှစ် ပုဏ္ဏရိကမင်းလက်ထက်တည်သော မြို့များကို-
၁။ ရမ္မာနဂိုရ်မြို့
၂။ ရမ္မာဝတီမြို့ (၎င်းမြို့နှစ်မြို့ကို စုံစမ်း၍မရသေးပါ။)
၃။ မော်ပီမြို့
၄။ လိုင်မြို့ (လှိုင်မြို့)
ပေါင်း(၄)မြို့ကို တည်ထောင်ပြုစုကြောင်း ဖော်ပြထားပေသည်။
- (င) သက္ကရာဇ် ၆၉၀ပြည့်နှစ် တိဉ္စရာဇာမင်းလက်ထက်တည်ထောင်သောမြို့ကား-
၁။ ဖောင်းလင်း
၎င်းတစ်မြို့တည်းကိုသာ တည်ထောင်မှုပြုကြောင်းဖော်ပြထား၏။
- (စ) သက္ကရာဇ် ၇၁၁ခုနှစ်မင်းပဲ ဦးမင်းလက်ထက်တည်ထောင်သောမြို့များကား-
၁။ ထန်းတောကြီးမြို့
၂။ တီတွတ်ခေါ် မဟူရာမြို့
၃။ ဇေဠမြို့
၄။ ဇိုင်တွယ်မြို့
၅။ ဖဲအိုင်မြို့
၆။ တုံခန်းမြို့
၇။ ရဲနွဲ့မြို့
၈။ မေရဉ္စယမြို့
၉။ တငါပေါင်မြို့
၁၀။ မင်းရဲလှမြို့
ပေါင်းမြို့ပေါင်း (၁၀)မြို့ကို တည်ထောင်ပြုစုကြောင်းကို ဖော်ပြထား၏။
- (ဆ) ရာဇာဓိရာဇ်မင်းလက်ထက်တည်ထောင်သည့်မြို့များကား-
၁၊။ ကောလိယမြို့
၂။ ဗိုင်တားမြို့
ပေါင်း(၂)မြို့ကိုသာ တည်ထောင်ပြုစုကြောင်း ဖော်ပြထား၏။
- (ဇ) မင်းညဲစောဘွဲ့ခံရှင်စောပု လက်ထက်တည်ထောင်သောမြို့ကား-
၁။ ဝင်ပြိုမြို့
၎င်းတစ်မြို့သာ ဖြစ်လေသည်။
- (ဈ) ရမ္မာဓိပတိမင်းလက်တည်တည်သောမြို့ကား-
၁။ ယွန်းဇလင်းမြို့ကိုတည်ထောင်သည်။
- (ည) သုရှင်တကာရွတ်ပိမင်းလက်ထက်တည်ထောင်သောမြို့ကား-
၁။ ဟံသာဇိုင်းကနိုင်းမြို့
၎င်းတစ်မြို့တည်းကိုသာ တည်ထောင်သည်။
သမလမင်းကသည် သုရှင်တကာရွတ်ပိအထိ၌ စိုးစံကြသည့် မင်းပေါင်း(၁၀)ဆက်တည် ထောင်သော ဟံသာဝတီမြို့ရံပေါင်း ၃၂ကို တည်ထောင်သမုတ်ထားကြောင်း ဖော်ပြလေသည်။