ကျောက်ဖယားမြစ်
ကျောက်ဖယားမြစ်(အင်္ဂလိပ်: Chao Phraya၊/ˌtʃaʊ prəˈjɑː/ CHOW-_-PRƏ-yah၊ထိုင်း: แม่น้ำเจ้าพระยา RTGS: မေေ့နာံ့ ကျော့ ဗြးယာ, အသံထွက် [mɛ̂ːnáːm tɕâːw pʰráʔjaː] သို့မဟုတ် [tɕâːw pʰrajaː][၁])(စော့ဗရယာမြစ်)သည် ထိုင်းနိုင်ငံ၏ အဓိကမြစ်ကြီးတစ်စင်းဖြစ်သည်။[၂]မြို့တော်ဘန်ကောက်ကို ဖြတ်၍ စီးဆင်းကာ ထိုင်းပင်လယ်ကွေ့အတွင်း စီးဝင်သည်။
ကျောက်ဖယားမြစ် (แม่น้ำเจ้าพระยา) | |
နခွန်စဝမ်ရှိ မြစ်ဖျားခံရာ
| |
နိုင်ငံ | ထိုင်း |
---|---|
ဒေသ | ထိုင်းနိုင်ငံ အလယ်ပိုင်း |
မြစ်လက်တက်များ | |
- ဘယ် | ပါစပ်မြစ် |
- ညာ | သေက္ကဲခရမ်မြစ် |
မြို့ | ဘန်ကောက် |
ရင်းမြစ် | ပင်မြစ်နှင့် နန်မြစ် |
- တည်နေရာ | ပက်နမ်ဖို, နခွန်စဝမ်ပြည်နယ်, ထိုင်းနိုင်ငံ |
- အမြင့် | ၂၅ m (၈၂ ft) |
မြစ်ဝ | |
- တည်နေရာ | ထိုင်းပင်လယ်ကွေ့, စမယ်ပရာခမ်ပြည်နယ် |
- အမြင့် | ၀ m (၀ ft) |
အရှည် | ၃၇၂ km (၂၃၁ mi) |
မြစ်ဝှမ်း | ၁၆၀,၄၀၀ km2 (၆၁,၉၃၁ sq mi) |
ရေစီးဝင်မှု | for နခွန်စဝမ် |
- ပျမ်းမျှ | ၇၁၈ m3/s (၂၅,၃၅၆ cu ft/s) |
- အများဆုံး | ၅,၉၆၀ m3/s (၂၁၀,၄၇၅ cu ft/s) |
အမည်နာမ
ပြင်ဆင်ရန်ရှေးကျလှသော ဥရောပမြေပုံများတွင် ကျော့ဗြးယာမြစ်အား (မေနမ်မြစ်) သို့မဟုတ် (မေဵနာံ့)(Thai: แม่น้ำ)ဟု တွေ့နိုင်သည်။ ထိုင်းမြေတိုင်းဌာန မတည်ထောင်မီကရှိခဲ့သော သယာမ်အစိုးရမြေတိုင်းဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဂျိမ်း အမ်စီ ကာသရီက ပြောကြားခဲ့သည်မှာ မိနမ်မှာ ယေဘူယျ အမည်ဖြစ်ကြောင်း၊ (မေ) မှာ အမေဟု အဓိပ္ပာယ်ဖွင့်နိုင်ပြီး (နမ်)မှာ ရေဟု အဓိပ္ပာယ်ရသည်။ "သယာမ်တိုင်းပြည်၏ အဓိကအကျဆုံးမြစ် ဖြစ်သည်။[၂]
သယာမ်၏ မိုင်းတွင်းဌာနတွင် ၁၈၉၁ ခုနှစ်မှ ၁၈၉၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သော ဟားဘတ်ဝါတန်စမစ်[၃] မှ ၁၈၉၈ခုနှစ်တွင် ထုတ်ဝေခဲ့သော သူ၏စာအုပ်တွင် မေနမ်ကျော့ဗြးယာ ဟု ရည်ညွှန်းပြောဆိုခဲ့သည်။ ထိုင်းနိုင်ငံ အတွင်းရှိ အင်္ဂလိပ်ဘာသာ မီဒီယာတွင် ကျောက်ဖယားမြစ်ကို မြစ်ဘုရင်ဟု ရံဖန်ရံခါ ဘာသာပြန်တတ်ကြသည်။[၄]
မြေမျက်နှာသွင်ပြင်
ပြင်ဆင်ရန်ကျောက်ဖယားမြစ်မှာ နခွန်စဝမ်ဒေသ (ပတ်နမ်ဖို) တွင် ပင်မြစ်နှင့် နမ်မြစ်တို့ ပေါင်းဆုံကာ မြစ်ဖျားခံလာသည်။ ထို့နောက်တွင် တောင်ဘက်သို့ အလယ်ပိုင်းလွင်ပြင်များမှ ဘန်ကောက်မြို့သို့ ၃၇၂ ကီလိုမီတာ (၂၃၁ မိုင်) စီးဆင်းကာ ထိုင်းပင်လယ်ကွေ့အတွင်း စီးဝင်သည်။ ချနတ်ဒေသတွင် သချင်းမြစ်လက်တက် စီးဆင်းသည်။ သချင်းမြစ်မှာ ပင်မမြစ်ကြီးနှင့်အပြိုင် စီးဆင်းကာ ဘန်ကောက်မြို့၏ အနောက်ဘက် ၃၅ ကီလိုမီတာ (၂၂ မိုင်)ခန့်အကွာ စမွတ်ဆခွန်ဒေသတွင် ထိုင်းပင်လယ်ကွေ့အတွင်း စီးဝင်သည်။ ချိုင်းနတ်ဆည် အောက်ပိုင်းမှစသော အနိမ့်ပိုင်းလွင်ပြင် ဒေသမှစ၍ ခလွန်ဟုခေါ်သော တူးမြောင်း များစွာရှိသည်။ ထိုတူးမြောင်းများမှာ ဒေသတွင်း ကောက်ပဲသီးနှံ စိုက်ပျိုးရေးအတွက် ရေသွင်း တူးမြောင်းများဖြစ်သည်။
ကျောက်ဖယားမြစ်၏ ယေဘူယျ ကိုဩဒိနိတ်အညွှန်းမှာ 13N၊ 100E ဖြစ်သည်။ ဤဒေသတွင် မုတ်သုံရာသီဥတုရှိပြီး တစ်နှစ်လျှင် မိုးရေချိန် ၁,၄၀၀ မီလီမီတာ (၅၅ လက်မ) ခန့်ရှိသည်။ ဘန်ကောက်မြို့တွင် အပူချိန် ၂၄ to ၃၃ ဒီဂရီ စင်တီဂရိတ် (၇၅ to ၉၁ ဒီဂရီ ဖာရင်ဟိုက်) ရှိသည်။
မြစ်ကြောင်း ပြုပြင်ခြင်းများ
ပြင်ဆင်ရန်အယုဓယခေတ်က ကျောက်ဖယားမြစ် အောက်ပိုင်းတွင် လူလုပ်ပြုပြင်မှုများ ရှိခဲ့သည်။ တူးမြောင်း တော်တော်များများမှာ မြစ်ဘေးတွင် ကြီးမားသော ကွင်းများအဖြစ် တည်ရှိသည်။
- ၁၅၃၈ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ပထမဆုံး မြစ်ကြောင်းပြုပြင်မှုဖြစ်သော ၃ km (၂ mi) ရှည်လျားသော တူးမြောင်းတစ်ခုကို ချာရီချာဘုရင်၏ အမိန့်တော်ဖြင့် တူးဖော်ခဲ့သည်။ ခလွန်လတ် ဟုခေါ်သည်။ ယနေ့ခေတ်တွင် ခလွန် ဘန်ကောက်နွိုင်ဟု သိကြသည်။ ဤတူးမြောင်းမှာ ထိုင်းပင်လယ်ကွေ့မှ မြို့တော် အယုဓယသို့ လာရောက်ကြမည့် သင်္ဘောများကို 13–14 km ခရီးတိုစေသည်။[၅]
- ၁၅၄၂ ခုနှစ်တွင် ခလွန်လတ်ဘန်ကောက်ဟု ခေါ်သော ၂ ကီလိုမီတာ ရှည်လျားသော တူးမြောင်းတစ်ခု တူးဖော်ခဲ့သည်။ ယနေ့ခေတ်တွင် ခလွန်ဘန်ကောက်ရီဟု သိကြသည်။ ထိုတူးမြောင်းမှာ မြစ်အတွင်း ခရီးသွားလာရေး လမ်းကြောင်းကို ၁၄ km (၉ mi) တိုစေသည်။[၅]
- ၁၆၀၈ ခုနှစ်တွင် ခလွန်ဘန်ဖို ဟုခေါ်သော ၇ ကီလိုမီတာရှည်လျားသော တူးမြောင်းကို တူးဖော်ပြီးစီးခဲ့ပြန်သည်။ ထိုတူးမြောင်းမှာ ကျောက်ဖယားမြစ်၏ မူလလမ်းကြောင်းကို ၁၈ km (၁၁ mi) တိုတောင်းစေသည်။[၅]
- ၁၆၃၆ ခုနှစ်တွင် ခလွန်လတ်မောင်းနော့သဘူရီ တူးမြောင်းကို တူးဖော်ပြီးစီးခဲ့သည်။[၅]
- ၁၇၂၂ ခုနှစ်တွင် ခလွန်လတ်ကရတ်နွိုင် ဟုခေါ်သော တူးမြောင်းတစ်ခုကို တူးဖော်ပြီးစီးရာ ကျော့ဗြးယာရေကြောင်းခရီးအား ၇ km (၄ mi) တိုစေခဲ့သည်။ ဤလမ်းကြောင်းမှာ ခိုခရတ်ကျွန်းမှ ဖြစ်သည်။[၅]
မြစ်ကြောင်းတစ်လျှောက်ရှိ ဒေသများ
ပြင်ဆင်ရန်ကျောက်ဖယားမြစ်ကြောင်းတစ်လျှောက် မြောက်မှတောင်သို့ ဖြတ်သန်းစီးဆင်းရာဒေသများမှာ နခွန်စဝမ်ဒေသ၊ အုတုန်သနီဒေသ၊ ချနတ်ဒေသ၊ စင်ဘူရီဒေသ၊ အန်သန်းဒေသ၊ အယုဓယဒေသ၊ ပသွန်သနီဒေသ၊ နော့သဘူရီဒေသ၊ ဘန်ကောက်နှင့် စမွတ် ဖယာခန်ဒေသတို့ ဖြစ်သည်။ ထိုမြို့များမှာ သမိုင်းကြောင်းအရ အရေးပါသောမြို့များဖြစ်ကာ ရေကြောင်းခရီးကြောင့် လူဦးရေ ထူထပ်ရာမြို့များဖြစ်သည်။
သယ်ယူပို့ဆောင်ရေး
ပြင်ဆင်ရန်ဘန်ကောက်မြို့တွင် ကျောက်ဖယားမြစ်ကိုဖြတ်၍ တည်ဆောက်ထားသော အဓိကတံတားကြီးများမှာ ရာမ ၆ သံလမ်းတံတား၊ နန်းတော်အနီးမှ ဗြးဖင်ခလိုတံတား၊ ရာမ ၈ တံတား၊ ရာမ ၉ တံတား၊ မီဂါတံတား တို့ဖြစ်သည်။
ဘန်ကောက်တွင် ကျောက်ဖယားမြစ်မှာ ရေကြောင်းဘတ်စ်များ၏ အဓိကသွေးကြောဖြစ်သည်။ နေ့စဉ်နှင့်အမျှ မြစ်ကြောင်းတစ်လျှောက် ဖယ်ရီများ၊ မြစ်တစ်ဖက်ကမ်းကူး ဖယ်ရီများ၊ ဝါးတားတက္ကဆီများ စသည်တို့ဖြင့် ကျောက်ဖယားမြစ်အတွင်းတွင် ကူးလူးသွားလာနေသည်။ ယာဉ်ကြောပိတ်ဆို့မှုများသော ဘန်ကောက်မြို့တွင် မိုးပျံရထား၊ မြေအောက်ရထားများအပြင် ဤရေကြောင်းသယ်ယူရေးများဖြင့်လည်း သွားလာကြသည်။ မြစ်နှင့် မြို့တွင်းရှိ တူးမြောင်းများတွင် လှေလိုင်းပေါင်း ၁၅ ခုထက်မက ရှိသည်။
ညပိုင်းတွင် ကျောက်ဖယားမြစ်အတွင်း ညစာသင်္ဘော၊ နေဝင်ချိန်ကြည့်သင်္ဘောများစွာ ရှိတတ်သည်။ ပြည်တွင်းပြည်ပ ခရီးသွားများကို ဆွဲဆောင်ရာလည်း ဖြစ်သည်။
- ကျောက်ဖယား အိတ်စပတ်ဘုတ် (Chao Phraya Express Boat)သည် ကျောက်ဖယားမြစ်ကြောင်းတစ်လျှောက် ပြေးဆွဲသော ခရီးသည်တင် ရေယာဉ်များဖြစ်သည်။ ပုံမှန်အားဖြင့် ရတ်ဘူရီနာနှင့် နော့သဘူရီ အကြားရှိ မှတ်တိုင် ၃၄ ခုတွင် ဆိုက်ကပ်တတ်သည်။
- ဖယ်ရီများမှာ ဘန်ကောက်မြို့၏ ကမ်းတစ်ဖက် ၃၂ နေရာတွင် အကူးအပြောင်းရှိသည်။
- အမြှီးရှည်လှေ (Long-tail boat) များသည် ကျောက်ဖယားမြစ်ကြောင်းတစ်လျှောက် ၁၅ နေရာတွင် ဆိုက်ကပ်သည်။
- ခလွန် ဆန်ဆပ်လှေ (Khlong Saen Saep boat service) သည် ခလွန် ဆန်ဆပ်တူးမြောင်း တစ်လျှောက် မှတ်တိုင် ၂၇ ခုတွင် ပြေးဆွဲသည်။
- ခလွန် ဖရာခနောင်လှေ (Khlong Phra Khanong boat service) ခလွန် ဖရာခနောင်တူးမြောင်း တစ်လျှောက် မှတ်တိုင် ၁၃ နေရာတွင် ပြေးဆွဲသည်။
- ခလွန် ဖာစီချရမ်လှေ (Khlong Phasi Charoen boat service)သည် ခလွန် ဖာစီချရမ်တူးမြောင်း တစ်လျှောက် ပြေးဆွဲသည်။
မြစ်လက်တက်များ
ပြင်ဆင်ရန်ကျောက်ဖယားမြစ်၏ အဓိကမြစ်လက်တက်များမှာ ပစပ်မြစ်၊ သောက္ကဲခရမ်မြစ်၊ နမ်မြစ်၊ The principal ပင်မြစ်နှင့် သချင်မြစ်တို့ ဖြစ်သည်။[၆][၇][၈]
ကျောက်ဖယား ရေဝေရေလဲ
ပြင်ဆင်ရန်ကျောက်ဖယားမြစ်နှင့် သူ၏မြစ်လက်တက်များပါဝင်သော စနစ်အရ ကျောက်ဖယား ရေဝေရေလဲစနစ် ရှိသည်။ ဤစနစ်မှာ ထိုင်းနိုင်ငံတွင် အကြီးမားဆုံး စနစ်ဖြစ်သည်။ နိုင်ငံ၏ ၃၅ ရာခိုင်နှုန်းခန့် ဖြန့်ကျက်ထားသည်။
မြစ်ဝကျွန်းပေါ်
ပြင်ဆင်ရန်သချင်းမြစ်မှာ ကျောက်ဖယားမြစ်မှ ခွဲထွက်၍ အပြိုင်စီးကာ ထိုင်းပင်လယ်ကွေ့အတွင်းသို့ စီးဝင်သည်။ ကျောက်ဖယားမြစ်နှင့် သချင်းမြစ်နှင့် မြစ်လက်တက်များရှိသော ထိုကြားဒေသသည် မြစ်ဝကျွန်းပေါ်ဖြစ်သည်။
ဇီဝမျိုးကွဲများ
ပြင်ဆင်ရန်ကျောက်ဖယားစနစ်၏ အောက်ပိုင်းဒေသများဖြစ်သော နိုင်ငံအလယ်ပိုင်းတွင် စိမ့်မြေတောများ၊ အပူပိုင်းနှင့် စိမ့်သမနွေရွက်ကြွေတောများ ရှိသည်။ မြောက်မှတောင်သို့ ၄၀၀ km (၂၄၉ mi) ရှည်ကာ၁၈၀ km (၁၁၂ mi) ကျယ်သည်။ မူလ စိမ့်မြေတောများမှာ ဖယ်ရှားခြင်းခံခဲ့ရပြီး လွင်ပြင်များအဖြစ်ပြောင်းလဲကာ စပါး၊ ကောက်ပဲသီးနှံ၊ အခြား စိုက်ပျိုးရေးလုပ်ငန်းများ၊ ဘန်ထိုဒေသတွင် ကျက်စားသော သားရဲတိရစ္ဆာန်များပါ ပျောက်ကွယ်ကုန်သည်။ ထိုအထဲတွင် ငါးများ၊ ငှက်များပါ ပါဝင်သည်။
ငါးများ
ပြင်ဆင်ရန်ကျောက်ဖယား ရေဆင်းစနစ်အတွင်း ငါးမျိုးစိတ်ပေါင်း ၂၈၀ ခန့်ရှိသည်။
ဆက်စပ်ကြည့်ရှုရန်
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ Pronunciation
- ↑ ၂.၀ ၂.၁ McCarthy၊ James Fitzroy (2005-07-13) [1900]။ "Chapter VI. From Bangkok to Korat – Elephants"။ Surveying and exploring in Siam (PDF)။ London: John Murray, Albemarle Street။ p. 21။ OCLC 5272849။ 8 February 2012 တွင် ပြန်စစ်ပြီး။
The Me Nam Chao P'ia is a magnificent river.
[လင့်ခ်သေ] - ↑ Tamara Loos (1 December 2002)။ Introduction to Five Years in Siam။ 1994 reprint။ Pine Tree Web။ 19 December 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ The River of Kings II : City of Angels။ Thai Stories။ 12 June 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ “"The River of Kings II – City of Angels", a light and sound musical”
- ↑ ၅.၀ ၅.၁ ၅.၂ ၅.၃ ၅.၄ Steve Van Beek: The Chao Phya, p.39
- ↑ Royal Irrigation Department River Gauges Report။ RID Stations (2002)။ 14 August 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Chao Phraya River Basin (Thailand)။ World Water Assessment Programme။ 8 June 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Detailed Map of the Chao Phraya River Basin (Thailand)။ World Water Assessment Programme။ 18 September 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Rainer Froese နှင့် Daniel Pauly ၏ တည်းဖြတ်မှု (2015 ခုနှစ်)။ "Catlocarpio siamensis" ဆိုင်ရာ FishBase ၏ 2015 ခုနှစ် Marchလထုတ် မူကွဲပုံစံပါ အချက်အလက်များ။
- ↑ Hogan, Z. (2011). "Catlocarpio siamensis". The IUCN Red List of Threatened Species 2011. IUCN. doi: .[လင့်ခ်သေ]