ကျောက်မျက် ရတနာတို့၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ

ကျောက်မျက်ရတနာဟု သတ်မှတ်နိုင်ရန်အတွက် ရုပ်ပိုင်းဆိုင်ရာအင်္ဂါရပ်များစွာလိုအပ်သည်ဟု ဆိုနိုင်သည်။ ၎င်းတို့မှာ-

  1. အရောင် (Colour)
  2. မာခြင်း (Hadness)
  3. ကြံ့ခိုင်ခြင်း (Toughness)
  4. ကွဲအင် (Cleavage)
  5. အက်ရာ (Fracture)
  6. သိပ်သည်းဆ (Specific Gravity)
  7. အပူစီးနိုင်မှု (Thermal Conductivity)
  8. ဓာတုပစ္စည်းများကို ခံနိုင်ရည်ရှိမှု)
  9. အလေးချိန် ယူနစ်များ (Units of Weight) တို့ဖြစ်ကြသည်။

အရောင်သည် ကျောက်မျက်ရတနာတို့အတွက် လှပခြင်းဟူသော စွမ်းရည်ကို ပေးပါသည်။ ကျောက်မျက်အတန်းစား၊ အရည်အသွေးနှင့် တန်ဖိုးအနည်းအများကို ဆုံးဖြတ်ပေးသော အဓိကကျသည့် အချက်ဖြစ်သကဲ့သို့ ကျောက်မျက်အမျိုးအစား ခွဲခြားရေး၌လည်း အဆုံးအဖြတ်ပေးသည့် အရေးကြီးအချက်တစ်ခုဖြစ်သည်။

ဥပမာအားဖြင့် ပတ္တမြား=အနီရောင်(ခိုသွေးရည်) ၊ နီလာ= အပြာရောင်(ကတ္တီပါရည်) ၊ မြ=အစိမ်းရောင် .. စသည်ဖြင့်

တွင်းထွက်အများစုတို့သည် တိုက်ခိုက်ထိုးခြစ်ခြင်းကို ခံနိုင်ရည်ရှိသည့် မာခြင်းမျိုးရှိကြသည်။ စံသတ်မှတ်ထားသည့် တွင်းထွက်များ၏ မာခြင်းနှင့် နှိုင်းယှဉ်ခြင်းဖြင့် တွင်းထွက်တစ်မျိုး၏ မာခြင်းအဆင့်ကို သိနိုင်ပေသည်။ ထင်ရှားသည့် မာဆင့်စံနှုန်းများမှာ-

မိုး စံနှုန်း (ခေါ်) မိုးစကေး (Mohs' Scale of Hadness)

ပြင်ဆင်ရန်

လွန်ခဲ့သည့် နှစ်တစ်ရာကျော်ခန့်က ဂျာမန်တွင်းထွက်ပစ္စည်းဆိုင်ရာပညာရှင် ဖရက်ဒရစ်မိုး(စ်) သတ်မှတ်ခဲ့သည့် အတွက် မိုး စံနှုန်း (သို့) မိုးစကေး (Mohs' Scale of Hadness) ဟုခေါ်ကြသည်။

 
မိုးစကေး (Mohs' Scale of Hadness)
  1. ကန့်ကူဆံ (Talc)
  2. ဂျစ်ပဆမ် (Gypsum)
  3. ငုကျောက် (Calcite)
  4. မိုးကုတ်ပုလဲ (Flourite)
  5. နဂါးသွဲ့ (Apatite)
  6. ကြွေကျောက် (Feldspar)
  7. သလင်းကျောက် (Quartz)
  8. ဥဿဖယား/ထပ်တစ်ရာ (Topaz)
  9. ကိုရိုဒမ် (ပတ္တမြားနီလာ မျိုးရင်းအုပ်စု) (Corundum)
  10. စိန် (Diamond)

ဤဇယားစဉ်အရ ကန့်ကူဆံသည် အပျော့ဆုံးအဆင့်ဖြစ်ပြီး စိန်မှာ အမာဆုံးအဆင့်ဖြစ်သည်။ အဆင့်ကိုးတွင်ရှိသည့် ကိုရိုဒမ် နှင့် အဆင့်တစ်ဆယ်တွင်ရှိသည် စိန်တို့၏ မာဆင့်ခြားနားခြင်းမှာ ကိုရိုဒမ်နှင့် ကန့်ကူဆံတို့ကြား ခြားနားခြင်းထက် များစွာပိုသည်ကို တစ်ဖက်ပါ ပုံတွင်လေ့လာနိုင်သည်။

  • အချို့သော ပစ္စည်းများကို မာဆင့်စမ်းသပ်ရာတွင်လည်း အသုံးပြုနိုင်သည်။ ဥပမာအားဖြင့်-

လက်သဲ= ၂.၅ သံချောင်း= ၄.၅ - ၅ မှန်ချပ်= ၅.၅ - ၆

ဗိုက်ကာ စံနှုန်း (ခေါ်) ဗိုက်ကာ စကေး (Vicker's Scale)

ပြင်ဆင်ရန်

အခြားပညာရှင်တစ်ဦးဖြစ်သည့် ဗိုက်ကာသတ်မှတ်သည့် ဗိုက်ကာစကေး ဟူ၍လည်း ရှိပါသေးသည်။ အထူးအဖြင့် ဗိုက်ကာစကေးကို စိန်၏မာဆင့်သတ်မှတ်ရာတွင် အသုံးများကြသည်။

ကြေးနီပြား ၁၀၀ သံမဏိဓား ၅၀၀ ထပ်တစ်ရာ ၁၃၀၀ ကုရုန္စံ ၂၀၀၀ ဘိုကာရွန်ဗိုက် ၂၈၀၀ တင်တလန်နိုက်ထရိုက် ၃၂၀၀ စိန် ၁၀၀၀၀-၅၀၀၀၀ (မျက်နှာပြင်နေရာအလိုက် သတ်မှတ်သည်။)

  • မှတ်ချက်။ ။ သွေးပြီးသော ကျောက်မျက်နှာပြင်ပေါ်တွင် မာဆင့်စမ်းသပ်ခြင်းကို လုံးဝ(လုံးဝ) မပြုလုပ်ရပါ။

ကြံ့ခိုင်ခြင်း

ပြင်ဆင်ရန်

အရာဝတ္တုတစ်ခုအနေဖြင့် ထုခြင်း၊ရိုက်ခြင်းကို ခံနိုင်ရည်ရှိမှုကို ဆိုလိုသည်။ ယေဘူယျအားဖြင့် ကျောက်စိမ်းသည် ကြံ့ခိုင်မှုအား အကောင်းဆုံးဖြစ်သည်။ မြ မှာမူအတော်အားနည်းပြီး ကြွတ်ဆက်ကာကြံ့ခိုင်ခြင်း မရှိလှပေ။

လားရာ တစ်ခု (သို့) တစ်ခုထက်ပိုသော လားရာများအတိုင်း ကွဲထွက်သွားတတ်သည့် အချို့တွင်းထွက်တို့၏ သဘာဝကို ကွဲအင်ဟု ခေါ်သည်။ ကွဲအင်မျက်နှာပြင်တို့သည် ညီညာသော မျက်နှာပြင်များဖြစ်ပြီး အဏုမြူဖွဲ့စည်းမှုအားနည်းသည့် ပြင်ညီတစ်လျှောက် ပေါ်ပေါက်လာရခြင်းဖြစ်သည်။

  1. သလင်း/အညံ့ပန်း=ကွဲအင်မရှိပါ
  2. ထပ်တစ်ရာ= ထင်ရှားပြတ်သားသည့် ကွဲအင်တစ်စုံတည်းရှိသည်။
  3. ကြွေကျောက်= ကွဲအင် နှစ်စုံ
  4. ငုကျောက်= ကွဲအင် သုံးစုံ
  5. မိုးကုတ်ပုလဲ= ကွဲအင် လေးစုံ

ကွဲအင်၏မျက်နှာပြင်တိုင်း မဟုတ်ဘဲ အက်ကွဲတတ်သည့် အက်ရာမျိုးကို ဆိုလိုသည်။

  1. ခရုပတ်အက်ရာ (Conchoidal fracture) = သလင်း
  2. အက်ရာချော (Even fracture) = Garnet
  3. အက်ရာကြမ်း (Uneven fracture) = ဗဟန်းရွှေဝါ (Pyrite)
  4. အက်ရာထစ် (Hackly fracture) = ကြေးနီကြမ်း
  5. မျှင်သားအက်ရာ (Splinstery fracture) = ဆာပန်တိုက် (Serpentine)
  • မှတ်ချက်။ ။ ကွဲအင် ကောင်းပါက အက်ရာမရှိပါ။

သိပ်သည်းဆ

ပြင်ဆင်ရန်

ကျောက်မျက်တိုင်းတွင် သီးခြားသိပ်သည်းဆများ ရှိကြသည့်အတွက် သိပ်သည်းဆသည်လည်း ကျောက်မျက်အမျိုးအမည် ခွဲခြားရာတွင် များစွာအသုံးဝင်ပါသည်။ တွက်ချက်ပုံမှာ ကျောက်မျက်အလေးချိန်နှင့် ထုထည်တူရေ၏အလေးချိန် (၄ ဒီဂရီ စင်တီဂရိတ်) တို့၏ အချိုးဖြစ်သည်။

ကျောက်မျက်၏ သိပ်သည်းဆ= လေထုထဲရှိ ပင်ကိုအလေးချိန်/ ရေထဲတွင် လျော့နည်းသွားသော အလေးချိန်

အပူစီးနိုင်မှု

ပြင်ဆင်ရန်

ကျောက်မျက်တို့သည် လူ့ကိုယ်ခန္ဓာအရေပြားမှ အပူကို လျင်မြန်စွာ စုပ်ယူနိုင်သည့်အတွက် အေးမြသော အထိအတွေ့မျိုးကို ခံစားနိုင်သည်။ (ဥပမာ-ကျောက်စိမ်း)

ဓာတုပစ္စည်းများကို ခံနိုင်ရည်ရှိမှု

ပြင်ဆင်ရန်

ကျောက်မျက်အများစုသည် ဓာတုပစ္စည်းများ၏ တိုက်စားမှုဒဏ်ကို ခံနိုင်ရည်ရှိကြသည်။ ဥပမာအားဖြင့် စိန်၊ပတ္တမြား၊နီလာ၊မျက်ရွဲ၊အညံ့ပန်း၊ မှတ်မီး ၊ ဥဿဖယားတို့သည် ငရဲမီးဒဏ်ကို ကောင်းစွာ ခံနိုင်ရည်ရှိကြသည်။

သို့သော် မာဆင့်ပျော့သည့် ပြောင်ခေါင်းစိမ်းနှင့် ဂေါ်မိတ်တို့သည် ကန့်ငရဲမီးနှင့် ကြာရှည်ထားပါက ချေဖြတ်ခြင်းခံသွားရတတ်သည်။

အလေးချိန် ယူနစ်များ

ပြင်ဆင်ရန်

ကာရတ် (Carat)

ပြင်ဆင်ရန်
  • ကျောက်မျက်အများစု၏ အလေးချိန် ယူနစ်ဖြစ်သည်။

၁ ကာရတ် = ၀.၂၀၀ ဂရမ် (gm) ၁ ဂရမ် = ၅ ကာရတ်

ဂရိန်းနှင့် မိုမီ (Grain & Mome)

ပြင်ဆင်ရန်
  • ပုလဲအတွက် အလေးချိန် ယူနစ်များဖြစ်သည်။

၁ ဂရိန်း=၀.၀၅ဂရမ် = ၀.၂၅ကာရတ် ၁ ဂရမ်= ၂၀ ဂရိန်း

၁မိုမီ = ၃.၇၅ ဂရမ် (နိုင်ငံတကာ ပုလဲ အလေးချိန်စံနှုန်း) ၁၀၀မိုမီ= ၁ kan

  • စိန်၊ပုလဲ နှင့် မြ တို့အတွက် မြန်မာတို့ သီးသန့်သုံးနှုန်းသည့် အလေးချိန်ယူနစ်ဖြစ်သည်။

၁ ရတီ= ၀.၉ ကာရတ် ၁ ကာရတ် = ၁.၁ ရတီ