ကျောင်းတော်ရာ သည် မကွေးတိုင်းဒေသကြီးပွင့်ဖြူမြို့နယ်ကျောင်းတော်ရာကျေးရွာအုပ်စု တွင် ရှိသည်။ ကျောင်းတော်ရာကျေးရွာသည် မြန်မာနိုင်ငံရှိ ထင်ရှားသည့် စေတီပုထိုးများစာရင်းဝင်သည့် စန္ဒကူးနံ့သာကျောင်းတော်ရာဘုရား တည်ရှိသောကြောင့် လူသိများသော ရွာဖြစ်သည်။

ကျောင်းတော်ရာ
ရွာ
ကျောင်းတော်ရာ
ကျောင်းတော်ရာ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကျောင်းတော်ရာ
ကျောင်းတော်ရာ
ကျောင်းတော်ရာ တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 20°21′49″N 94°46′06″E / 20.363749°N 94.768205°E / 20.363749; 94.768205ကိုဩဒိနိတ်: 20°21′49″N 94°46′06″E / 20.363749°N 94.768205°E / 20.363749; 94.768205
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး မကွေး
ခရိုင်မင်းဘူးခရိုင်
မြို့နယ်ပွင့်ဖြူမြို့နယ်
ကျေးရွာအုပ်စုကျောင်းတော်ရာ ၁

သမိုင်းကြောင်း ပြင်ဆင်ရန်

ဂေါတမဘုရားရှင်လက်ထက်တွင် မဟာပုဏ္ဏမထေရ်၏ ညီ စုဠပုဏ္ဏသူကြွယ် နှင့် ဝါဏိဇ္ဇဂါမရွာသား ငါးရာသော ကုန်သည်တို့ ကောင်းမှုအဖြစ် ဘုရားရှင်သီတင်းသုံးရန် ဆောက်လုပ်လှူဒါန်းခဲ့သော စန္ဒကူးနံ့သာကျောင်းတော်ရာကြီး တည်ရှိခဲ့သည့်နေနေကို အစွဲပြု၍ ကျောင်းတော်ရာ ဟုခေါ်တွင်ခဲ့သည်။[၁]


အုပ်ချုပ်ရေး ပြင်ဆင်ရန်

ကျောင်းတော်ရာသည် ကျောင်းတော်ရာကျေးရွာအုပ်စု၏ အုပ်စုချုပ် ရွာကြီးဖြစ်သည်။ ရွာတည်နေရာကုတ်မှာ ၁၈၆၂၉၇ ဖြစ်သည်။ [၂] ကျောင်းတော်ရာကျေးရွာတွင် ကျောင်းတော်ရာမြို့မရပ်ကွက်၊ ကျောင်းတော်ရာမြို့သစ်ရပ်ကွက်၊ ပဉ္စရူပရပ်ကွက် နှင့် ရတနာပုံရပ်ကွက် ဟူ၍ ရပ်ကွက် (၄) ခုရှိသည်။ ကျောင်းတော်ရာကျေးရွာအုပ်စုတွင် ကျေးရွာ(၆)ရွာ ပါဝင်သည်။ အုပ်စုဝင်ကျေးရွာများမှာ

လူဦးရေ ပြင်ဆင်ရန်

ပညာရေး ပြင်ဆင်ရန်

အခြေခံပညာအထက်တန်းကျောင်း(ကျောင်းတော်ရာ) ၁ ကျောင်း ရှိသည်။ ကလေးသူငယ်ပြုစုပျိုးထောင်ရေးကျောင်း ၂ ကျောင်း ရှိသည်။

စီးပွားရေး ပြင်ဆင်ရန်

လယ်ယာစိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြသည်။

ဆက်သွယ်ရေး ပြင်ဆင်ရန်

မြန်မာ့ဆက်သွယ်ရေး စာတိုက် ၁ ခု နှင့် အော်တိုအိတ်ချိန်းဌာန ၁ ခု ရှိသည်။ ကျောင်းတော်ရာတွင် ကုန်းလမ်း ဆက်သွယ်ရေး ကောင်းမွန်လာပြီဖြစ်သောကြောင့် ရန်ကုန်မြို့ ၊ မန္တလေးမြို့ စသည့် မြို့ကြီးများတိုက်ရိုက် ခရီးစဉ်အဖြစ် အမြန်ယာဉ်လိုင်းကားဂိတ်များလည်း ရှိနေပြီ ဖြစ်သည်။

အစိုးရရုံးဌာနများ ပြင်ဆင်ရန်

  • ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး
  • တောင်သူအကျိုးပြုလယ်စိုက်ရှင်းရုံး
  • သစ်တောပျိုးဥယျာဉ်
  • ကျေးလက်ကျန်းမားရေးဌာန (မကြာမီ တိုက်နယ်ဆေးရုံ အဖြစ် တိုးမြှင့်ဖွင့်လှစ်တော့မည်။ )
  • မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာန
  • အရန်မီးသတ်တပ်ဖွဲ

ဘာသာရေး ပြင်ဆင်ရန်

  • စန္ဒကူးနံ့သာကျောင်းတော်ရာဘုရား[၄]
  • မဟာမုနိကြေးသွန်းရုပ်ပွားတော်[၅]
  • ကျောင်းကြီးကျောင်းတိုက်
  • မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ အဖွဲ့ခွဲအမှတ် (၄၄၁)
  • ဓမ္မရသဓမ္မာရုံ
  • ရွှေနိဗ္ဗာန် အရုဏ်ဆွမ်းလောင်းအသင်း
  • သန္တိသုခ ဓမ္မာရုံ တို့ ရှိသည်။

ပရဟိတအသင်းအဖွဲ့များ ပြင်ဆင်ရန်

  • သီတာရေကြည်လူငယ်အဖွဲ့
  • မေတ္တာရှင်
  • မဈ္ဇိမမေတ္တာ
  • ဗိမာန်ရှင်

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၂)
  2. Place codes (Pcodes)Myanmar Information Management Unit (June 2020)။
  3. ၂၀၁၄ ခုနှစ် ပွင့်ဖြူမြို့နယ်၏ မြို့ရပ်ကွက် / ကျေးရွာအုပ်စုအလိုက် ကျား/မ လူဦးရေစာရင်း ၂၉-၃-၂၀၁၄
  4. မော်ကွန်းတင်ပြီးမိတ္တူ။ 12 December 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 November 2020 တွင် ပြန်စစ်ပြီး။
  5. မော်ကွန်းတင်ပြီးမိတ္တူ။ 12 December 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 November 2020 တွင် ပြန်စစ်ပြီး။