မြန်မာနိုင်ငံရှိ ခရိုင်များ
၂၀၁၉ ခုနှစ် ဒီဇင်ဘာလ စာရင်းအရ မြန်မာနိုင်ငံတွင် ခရိုင်ပေါင်း ၇၅ ခု[၁][၂] ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် ခရိုင် ၄၆ ခု တိုးချဲ့ဖွဲ့စည်းခဲ့ရာ စုစုပေါင်း ခရိုင် ၁၂၁ ခု ရှိလာခဲ့သည်။[၃]
တိုင်းနှင့်ပြည်နယ်အလိုက် ခရိုင်များဇယားပြင်ဆင်
လူဦးရေအလိုက် ခရိုင်များပြင်ဆင်
အောက်ပါစာရင်းသည် ၂၀၁၄သန်းခေါင်စာရင်းမှ တိုက်ရိုက်ရယူထားသော အချက်အလက်များဖြစ်သည်။ ထို့ကြောင့် ခရိုင်များသည် ၂၀၁၄ခုနှစ် မတ်လအထိ ဖွဲ့စည်းထားသော ခရိုင်များဖြစ်သည်။ ထိုစဉ်က ဖွဲ့စည်းထားသော ခရိုင် (၇၄)ခရိုင်ရှိသည်။ နောက်ပိုင်းတွင် ခရိုင်များအကြား နယ်မြေများ ပြောင်း၍ဖွဲ့စည်းခြင်း (ဥပမာ- မြင်းခြံခရိုင်မှ ကျောက်ပန်းတောင်းမြို့နယ်အား ညောင်ဦးခရိုင်အတွင်း ထည့်သွင်းခြင်း)၊ မြို့နယ်များခွဲထုတ်၍ ခရိုင်အသစ်ဖွဲ့စည်းခြင်း (ဥပမာ- ရွှေဘိုခရိုင်မှ မြို့နယ်များအားခွဲထုတ်၍ ကန့်ဘလူခရိုင်ဖွဲ့စည်းခြင်း၊ မင်းတပ်ခရိုင်မှမြို့နယ်များအား ခွဲထုတ်၍ မတူပီခရိုင်ဖွဲ့စည်းခြင်း) စသည်တို့ဖြင့် အပြောင်းအလဲများရှိသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/တိုင်း များမှာလည်း သက်ဆိုင်ရာ မူလခရိုင်များအတွင်းသာ ထည့်သွင်းရေတွက်ထားသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်မြောက်ပိုင်းခရိုင်သည် လူဦးရေအများဆုံးခရိုင်ဖြစ်ကာ ကရင်ပြည်နယ်ရှိ ဖာပွန်ခရိုင်သည် လူဦးရေအနည်းဆုံးခရိုင်ဖြစ်သည်။ မြို့ပြနေရာခိုင်နှုန်းအမြင့်ဆုံးမှာ ရန်ကုန်မြို့အဖြစ် ပါဝင်ဖွဲ့စည်းသည့် ရန်ကုန်အနောက်ပိုင်းခရိုင်ဖြစ်ကာ မြို့ပြနေရာခိုင်နှုန်း ၁၀၀ရာခိုင်နှုန်းဖြစ်သည်။[၄]
စဉ် | ခရိုင် | လူဦးရေ | ကျား | မ | မြို့ပြနေလူဦးရေ | မြို့ပြနေရာခိုင်နှုန်း | တိုင်းဒေသကြီး/ပြည်နယ်/ပြည်ထောင်စုနယ်မြေ | မြေပုံ |
---|---|---|---|---|---|---|---|---|
၁ | ရန်ကုန်မြောက်ပိုင်းခရိုင် | ၂,၆၀၆,၆၇၀ | ၁,၂၅၃,၀၈၂ | ၁,၃၅၃,၅၈၈ | ၁,၄၂၈,၆၅၉ | ၅၄.၈ | ရန်ကုန်တိုင်းဒေသကြီး | |
၂ | ရန်ကုန်အရှေ့ပိုင်းခရိုင် | ၂,၃၆၆,၆၅၉ | ၁,၁၂၇,၁၆၉ | ၁,၂၃၉,၄၉၀ | ၂,၃၃၉,၉၀၃ | ၉၈.၉ | ရန်ကုန်တိုင်းဒေသကြီး | |
၃ | ပဲခူးခရိုင် | ၁,၇၇၀,၇၈၅ | ၈၄၆,၁၁၀ | ၉၂၄,၆၇၅ | ၄၆၄,၇၄၁ | ၂၆.၂ | ပဲခူးတိုင်းဒေသကြီး | |
၄ | မန္တလေးခရိုင် | ၁,၇၂၆,၈၈၉ | ၈၄၁,၉၁၄ | ၈၈၄,၉၇၅ | ၁,၃၁၉,၄၅၂ | ၇၆.၄ | မန္တလေးတိုင်းဒေသကြီး | |
၅ | တောင်ကြီးခရိုင်¹ | ၁,၇၀၁,၃၃၈ | ၈၄၂,၅၉၄ | ၈၅၈,၇၄၄ | ၄၆၃,၉၈၈ | ၂၇.၃ | ရှမ်းပြည်နယ် | |
၆ | ပုသိမ်ခရိုင် | ၁,၆၃၀,၇၁၆ | ၇၉၅,၂၈၆ | ၈၃၅,၄၆၀ | ၃၀၃,၉၅၄ | ၁၈.၆ | ဧရာဝတီတိုင်းဒေသကြီး | |
၇ | ရွှေဘိုခရိုင်² | ၁,၄၃၃,၃၄၃ | ၆၆၁,၀၁၆ | ၇၇၂,၃၂၇ | ၁၇၈,၁၈၄ | ၁၂.၄ | စစ်ကိုင်းတိုင်းဒေသကြီး | |
၈ | ရန်ကုန်တောင်ပိုင်းခရိုင် | ၁,၄၁၇,၇၂၄ | ၆၈၉,၆၈၅ | ၇၂၈,၀၃၉ | ၄၂၂,၃၀၀ | ၂၉.၈ | ရန်ကုန်တိုင်းဒေသကြီး | |
၉ | မကွေးခရိုင် | ၁,၂၃၅,၀၃၀ | ၅၆၇,၂၃၅ | ၆၆၇,၇၉၅ | ၂၅၃,၀၇၄ | ၂၀.၅ | မကွေးတိုင်းဒေသကြီး | |
၁၀ | မော်လမြိုင်ခရိုင် | ၁,၂၃၂,၂၂၁ | ၅၈၇,၆၇၆ | ၆၄၄,၅၄၅ | ၄၃၄,၀၉၂ | ၃၅.၂ | မွန်ပြည်နယ် | |
၁၁ | ဟင်္သာတခရိုင် | ၁,၁၃၈,၇၁၀ | ၅၃၉,၃၁၁ | ၅၉၉,၃၉၉ | ၁၆၃,၂၃၈ | ၁၄.၃ | ဧရာဝတီတိုင်းဒေသကြီး | |
၁၂ | တောင်ငူခရိုင် | ၁,၁၂၃,၃၅၅ | ၅၃၄,၅၆၄ | ၅၈၈,၇၉၁ | ၂၃၁,၇၃၆ | ၂၀.၆ | ပဲခူးတိုင်းဒေသကြီး | |
၁၃ | သာယာဝတီခရိုင် | ၁,၀၆၂,၃၃၁ | ၅၀၇,၁၁၃ | ၅၅၅,၂၀၈ | ၁၅၀,၃၉၅ | ၁၄.၂ | ပဲခူးတိုင်းဒေသကြီး | |
၁၄ | မြင်းခြံခရိုင်³ | ၁,၀၅၅,၉၅၇ | ၄၇၅,၄၀၃ | ၅၈၀,၅၅၄ | ၁၆၇,၉၅၁ | ၁၅.၉ | မန္တလေးတိုင်းဒေသကြီး | |
၁၅ | ဖျာပုံခရိုင် | ၁,၀၃၃,၀၅၃ | ၅၀၉,၃၅၃ | ၅၂၃,၇၀၀ | ၁၃၅,၅၀၉ | ၁၃.၁ | ဧရာဝတီတိုင်းဒေသကြီး | |
၁၆ | ပခုက္ကူခရိုင် | ၁,၀၀၅,၅၄၅ | ၄၅၁,၈၈၇ | ၅၅၃,၆၅၈ | ၁၃၈,၂၄၄ | ၁၃.၇ | မကွေးတိုင်းဒေသကြီး | |
၁၇ | ပြင်ဦးလွင်ခရိုင် | ၁,၀၀၁,၉၄၅ | ၄၉၅,၈၀၀ | ၅၀၆,၁၄၅ | ၂၈၁,၇၈၄ | ၂၈.၁ | မန္တလေးတိုင်းဒေသကြီး | |
၁၈ | မအူပင်ခရိုင် | ၉၇၃,၉၄၈ | ၄၇၂,၅၅၀ | ၅၀၁,၃၉၈ | ၁၀၉,၁၄၈ | ၁၁.၂ | ဧရာဝတီတိုင်းဒေသကြီး | |
၁၉ | ရန်ကုန်အနောက်ပိုင်းခရိုင် | ၉၆၉,၆၅၀ | ၄၄၆,၄၆၇ | ၅၂၃,၁၈၃ | ၉၆၉,၆၅၀ | ၁၀၀ | ရန်ကုန်တိုင်းဒေသကြီး | |
၂၀ | ပြည်ခရိုင် | ၉၁၀,၉၀၂ | ၄၃၄,၅၅၁ | ၄၇၆,၃၅၀ | ၂၂၅,၄၆၄ | ၂၄.၈ | ပဲခူးတိုင်းဒေသကြီး | |
၂၁ | မိတ္ထီလာခရိုင် | ၈၈၁,၅၃၀ | ၄၀၈,၀၄၅ | ၄၇၃,၄၈၅ | ၁၇၈,၄၉၁ | ၂၀.၂ | မန္တလေးတိုင်းဒေသကြီး | |
၂၂ | ကသာခရိုင် | ၈၆၁,၂၈၃ | ၄၁၇,၇၁၀ | ၄၄၃,၅၇၃ | ၉၅,၃၂၇ | ၁၁.၁ | စစ်ကိုင်းတိုင်းဒေသကြီး | |
၂၃ | သထုံခရိုင် | ၈၂၂,၁၇၂ | ၃၉၉,၇၁၆ | ၄၂၂,၄၅၆ | ၁၃၈,၀၉၇ | ၁၆.၈ | မွန်ပြည်နယ် | |
၂၄ | ဘားအံခရိုင် | ၇၈၃,၅၁၀ | ၃၈၂,၃၂၇ | ၄၀၁,၁၈၃ | ၁၀၂,၄၀၅ | ၁၄.၃ | ကရင်ပြည်နယ် | |
၂၅ | မြောင်းမြခရိုင် | ၇၈၁,၈၄၄ | ၃၈၁,၂၉၉ | ၄၀၀,၅၄၅ | ၉၄,၄၃၃ | ၁၂.၁ | ဧရာဝတီတိုင်းဒေသကြီး | |
၂၆ | ကျောက်မဲခရိုင် | ၇၇၀,၀၆၅ | ၃၇၆,၁၀၃ | ၃၉၃,၉၆၂ | ၁၁၉,၄၆၉ | ၁၅.၅ | ရှမ်းပြည်နယ် | |
၂၇ | မုံရွာခရိုင် | ၇၅၇,၃၅၈ | ၃၄၆,၂၄၇ | ၄၁၁,၁၁၁ | ၂၄၄,၁၄၄ | ၃၂.၂ | စစ်ကိုင်းတိုင်းဒေသကြီး | |
၂၈ | ကျောက်ဆည်ခရိုင် | ၇၄၁,၀၇၁ | ၃၅၃,၁၂၆ | ၃၈၇,၉၄၅ | ၈၁,၅၀၃ | ၁၁ | မန္တလေးတိုင်းဒေသကြီး | |
၂၉ | သရက်ခရိုင် | ၇၃၈,၀၄၇ | ၃၅၃,၈၈၇ | ၃၈၄,၁၆၀ | ၁၀၀,၀၃၃ | ၁၃.၆ | မကွေးတိုင်းဒေသကြီး | |
၃၀ | မြိတ်ခရိုင် | ၆၉၃,၀၈၇ | ၃၄၅,၆၇၁ | ၃၄၇,၄၁၆ | ၁၅၀,၃၁၅ | ၂၁.၈ | တနင်္သာရီတိုင်းဒေသကြီး | |
၃၁ | မင်းဘူးခရိုင် | ၆၈၇,၅၇၅ | ၃၂၂,၁၄၀ | ၃၆၅,၄၃၅ | ၆၈,၆၄၆ | ၁၀ | မကွေးတိုင်းဒေသကြီး | |
၃၂ | မိုးညှင်းခရိုင် | ၆၇၃,၆၀၈ | ၃၇၅,၈၂၂ | ၂၉၇,၇၈၆ | ၁၄၇,၅၀၀ | ၂၁.၉ | ကချင်ပြည်နယ် | |
၃၃ | မြောက်ဦးခရိုင် | ၆၆၉,၁၃၁ | ၃၀၉,၉၄၉ | ၃၅၉,၁၈၂ | ၉၀,၁၄၁ | ၁၃.၅ | ရခိုင်ပြည်နယ် | |
၃၄ | ဒက္ခိဏခရိုင် | ၆၃၃,၇၄၅ | ၃၀၇,၁၆၁ | ၃၂၆,၅၈၂ | ၂၃၀,၀၀၈ | ၃၆.၃ | နေပြည်တော် | |
၃၅ | လပွတ္တာခရိုင် | ၆၂၆,၅၅၈ | ၃၁၂,၀၃၉ | ၃၁၄,၅၁၉ | ၆၆,၃၁၈ | ၁၀.၆ | ဧရာဝတီတိုင်းဒေသကြီး | |
၃၆ | လားရှိုးခရိုင် | ၆၁၂,၂၄၈ | ၂၉၉,၅၃၀ | ၃၁၂,၇၁၈ | ၂၂၄,၁၃၆ | ၃၆.၆ | ရှမ်းပြည်နယ် | |
၃၇ | လွိုင်လင်ခရိုင် | ၅၆၅,၁၆၂ | ၂၇၆,၉၀၇ | ၂၈၈,၂၅၅ | ၁၂၈,၄၃၂ | ၂၂.၇ | ရှမ်းပြည်နယ် | |
၃၈ | ယင်းမာပင်ခရိုင် | ၅၄၁,၈၃၅ | ၂၅၀,၉၇၇ | ၂၉၀,၈၅၈ | ၁၉,၃၄၁ | ၃.၆ | စစ်ကိုင်းတိုင်းဒေသကြီး | |
၃၉ | စစ်တွေခရိုင် | ၅၃၅,၅၈၃ | ၂၄၈,၆၇၀ | ၂၈၆,၉၁၃ | ၁၃၃,၆၆၄ | ၂၅ | ရခိုင်ပြည်နယ် | |
၄၀ | မြစ်ကြီးနားခရိုင် | ၅၃၁,၄၅၆ | ၂၆၃,၀၈၈ | ၂၆၈,၃၆၈ | ၃၁၄,၁၈၀ | ၅၉.၁ | ကချင်ပြည်နယ် | |
၄၁ | ဥတ္တရခရိုင် | ၅၂၆,၄၉၇ | ၂၅၇,၉၉၂ | ၂၆၈,၅၀၅ | ၁၄၅,၁၈၁ | ၂၇.၆ | နေပြည်တော် | |
၄၂ | စစ်ကိုင်းခရိုင် | ၅၂၀,၅၉၁ | ၂၄၀,၀၄၆ | ၂၈၀,၅၄၅ | ၁၀၅,၇၈၅ | ၂၀.၃ | စစ်ကိုင်းတိုင်းဒေသကြီး | |
၄၃ | ရမည်းသင်းခရိုင် | ၅၁၈,၃၈၄ | ၂၄၄,၆၀၃ | ၂၇၃,၇၈၁ | ၅၉,၉၁၂ | ၁၁.၆ | မန္တလေးတိုင်းဒေသကြီး | |
၄၄ | ကလေးခရိုင် | ၅၀၉,၃၆၈ | ၂၄၅,၄၄၄ | ၂၆၃,၉၂၄ | ၁၄၂,၇၉၂ | ၂၈ | စစ်ကိုင်းတိုင်းဒေသကြီး | |
၄၅ | ထားဝယ်ခရိုင် | ၄၉၃,၅၇၆ | ၂၃၉,၀၇၃ | ၂၅၄,၅၀၃ | ၁၀၇,၉၅၆ | ၂၁.၉ | တနင်္သာရီတိုင်းဒေသကြီး | |
၄၆ | ကော့ကရိတ်ခရိုင် | ၄၇၅,၁၉၁ | ၂၃၁,၂၁၀ | ၂၄၃,၉၈၁ | ၈၂,၈၆၁ | ၁၇.၄ | ကရင်ပြည်နယ် | |
၄၇ | မူဆယ်ခရိုင် | ၄၅၃,၄၉၅ | ၂၂၇,၁၅၉ | ၂၂၆,၃၃၆ | ၁၆၄,၀၃၅ | ၃၆.၂ | ရှမ်းပြည်နယ် | |
၄၈ | ကျောက်ဖြူခရိုင် | ၄၃၉,၉၂၃ | ၂၀၇,၃၀၈ | ၂၃၂,၆၁၅ | ၄၄,၅၀၀ | ၁၀.၁ | ရခိုင်ပြည်နယ် | |
၄၉ | ခန္တီးခရိုင် | ၄၂၂,၆၉၂ | ၂၁၉,၅၇၈ | ၂၀၃,၁၁၄ | ၄၇,၂၁၉ | ၁၁.၂ | စစ်ကိုင်းတိုင်းဒေသကြီး | |
၅၀ | ကျိုင်းတုံခရိုင် | ၃၆၆,၈၆၁ | ၁၈၇,၉၉၃ | ၁၇၈,၈၆၈ | ၇၂,၅၃၅ | ၁၉.၈ | ရှမ်းပြည်နယ် | |
၅၁ | သံတွဲခရိုင် | ၃၅၇,၈၄၀ | ၁၇၄,၉၅၉ | ၁၈၂,၈၈၁ | ၆၃,၈၀၂ | ၁၇.၈ | ရခိုင်ပြည်နယ် | |
၅၂ | ဗန်းမော်ခရိုင် | ၃၄၆,၅၂၀ | ၁၇၁,၀၇၇ | ၁၇၅,၄၄၃ | ၁၀၈,၅၆၁ | ၃၁.၃ | ကချင်ပြည်နယ် | |
၅၃ | ဂန့်ဂေါခရိုင် | ၂၅၀,၈၅၈ | ၁၁၈,၈၂၅ | ၁၃၂,၀၃၃ | ၂၇,၉၃၄ | ၁၁.၁ | မကွေးတိုင်းဒေသကြီး | |
၅၄ | လွိုင်ကော်ခရိုင် | ၂၄၃,၇၁၈ | ၁၁၉,၈၃၃ | ၁၂၃,၈၈၅ | ၆၂,၇၈၃ | ၂၅.၈ | ကယားပြည်နယ် | |
၅၅ | မိုင်းဆတ်ခရိုင် | ၂၄၃,၅၇၁ | ၁၂၈,၅၉၀ | ၁၁၄,၉၈၁ | ၂၇,၇၇၅ | ၁၉.၈ | ရှမ်းပြည်နယ် | |
၅၆ | မက်မန်းခရိုင် | ၂၄၁,၈၈၄ | ၁၂၄,၄၇၈ | ၁၁၇,၄၀၆ | ၁၇,၆၁၇ | ၇.၃ | ရှမ်းပြည်နယ် | |
၅၇ | ညောင်ဦးခရိုင်³ | ၂၃၉,၉၄၇ | ၁၀၉,၄၇၆ | ၁၃၀,၄၇၁ | ၅၄,၃၄၃ | ၂၂.၆ | မန္တလေးတိုင်းဒေသကြီး | |
၅၈ | ဟိုပန်ခရိုင် | ၂၂၈,၈၈၀ | ၁၁၆,၅၇၃ | ၁၁၂,၃၀၇ | ၂၉,၅၅၃ | ၁၂.၉ | ရှမ်းပြည်နယ် | |
၅၉ | ကော့သောင်းခရိုင် | ၂၂၁,၇၃၈ | ၁၁၅,၈၇၅ | ၁၀၅,၈၆၃ | ၇၉,၁၄၈ | ၃၅.၇ | တနင်္သာရီတိုင်းဒေသကြီး | |
၆၀ | မင်းတပ်ခရိုင်⁴ | ၂၁၂,၄၉၇ | ၁၀၀,၉၆၁ | ၁၁၁,၅၃၆ | ၃၅,၉၂၁ | ၁၆.၉ | ချင်းပြည်နယ် | |
၆၁ | မြဝတီခရိုင် | ၂၁၀,၅၄၀ | ၁၀၇,၆၀၇ | ၁၀၂,၉၃၃ | ၁၁၆,၅၈၀ | ၅၅.၄ | ကရင်ပြည်နယ် | |
၆၂ | တာချီလိတ်ခရိုင် | ၁၇၇,၃၁၃ | ၉၀,၁၂၄ | ၈၇,၁၈၉ | ၅၈,၇၆၇ | ၃၃.၁ | ရှမ်းပြည်နယ် | |
၆၃ | ဖလမ်းခရိုင် | ၁၆၇,၅၇၈ | ၈၁,၂၄၂ | ၈၆,၃၃၆ | ၃၁,၃၇၅ | ၁၈.၇ | ချင်းပြည်နယ် | |
၆၄ | မော်လိုက်ခရိုင် | ၁၆၄,၀၀၈ | ၇၈,၉၂၄ | ၈၅,၀၈၄ | ၁၈,၆၀၅ | ၁၁.၃ | စစ်ကိုင်းတိုင်းဒေသကြီး | |
၆၅ | လောက်ကိုင်ခရိုင် | ၁၅၄,၉၁၂ | ၈၁,၁၀၄ | ၇၃,၈၀၈ | ၂၈,၁၈၃ | ၁၈.၂ | ရှမ်းပြည်နယ် | |
၆၆ | လင်းခေးခရိုင် | ၁၃၉,၄၈၃ | ၇၀,၅၇၂ | ၆၈,၉၁၁ | ၄၃,၈၈၂ | ၃၁.၅ | ရှမ်းပြည်နယ် | |
၆၇ | တမူးခရိုင် | ၁၁၄,၈၆၉ | ၅၇,၀၀၇ | ၅၇,၈၆၂ | ၅၉,၉၃၈ | ၅၂.၂ | စစ်ကိုင်းတိုင်းဒေသကြီး | |
၆၈ | မိုင်းဖြတ်ခရိုင် | ၁၁၀,၄၄၆ | ၅၈,၀၈၃ | ၅၂,၃၆၃ | ၁၁,၉၂၆ | ၁၀.၈ | ရှမ်းပြည်နယ် | |
၆၉ | ဟားခါးခရိုင် | ၉၈,၇၂၆ | ၄၇,၄၀၁ | ၅၁,၃၂၅ | ၃၂,၅၁၃ | ၃၂.၉ | ချင်းပြည်နယ် | |
၇၀ | မောင်တောခရိုင် | ၉၆,၃၃၀ | ၄၈,၈၁၆ | ၄၇,၅၁၄ | ၂၂,၁၈၁ | ၂၃ | ရခိုင်ပြည်နယ် | |
၇၁ | ပူတာအိုခရိုင် | ၉၁,၂၅၇ | ၄၅,၃၆၆ | ၄၅,၈၉၁ | ၂၂,၁၁၆ | ၂၄.၂ | ကချင်ပြည်နယ် | |
၇၂ | ကွမ်းလုံခရိုင် | ၅၈,၇၇၄ | ၃၀,၉၀၀ | ၂၇,၈၇၄ | ၅,၅၄၉ | ၉.၄ | ရှမ်းပြည်နယ် | |
၇၃ | ဘောလခဲခရိုင် | ၄၂,၉၀၉ | ၂၃,၃၈၀ | ၁၉,၅၂၉ | ၉,၆၃၅ | ၂၂.၅ | ကယားပြည်နယ် | |
၇၄ | ဖာပွန်ခရိုင် | ၃၅,၀၈၅ | ၁၇,၉၈၃ | ၁၇,၁၀၂ | ၁၇,၃၂၀ | ၄၉.၄ | ကရင်ပြည်နယ် | |
1ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ မြို့နယ်များကိုပါ ထည့်သွင်းရေတွက်ထားသည်။ | ||||||||
2ကန့်ဘလူခရိုင်ကို ဖွဲ့စည်းခြင်း မရှိသေးပေ။ | ||||||||
3ကျောက်ပန်းတောင်းမြို့နယ်အား မြင်းခြံခရိုင်အတွင်း ထည့်သွင်းရေတွက်ထားသည်။ | ||||||||
4မတူပီခရိုင်ကို ဖွဲ့စည်းခြင်း မရှိသေးပေ။ |
ဆက်စပ်ဖတ်ရှုရန်ပြင်ဆင်
ကိုးကားပြင်ဆင်
- ↑ နေရာအညွှန်းသင်္ကေတများ (Pcodes)။ မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲမှုယူနစ်။ ၁၇ မတ် ၂၀၂၂ တွင် ပြန်စစ်ပြီး။
- ↑ နေပြည်တော် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ ဦးရေ စာရင်းချုပ် (၁၆. ၂. ၂၀၁၆)
- ↑ "နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးစသည်တို့ တိုးတက်ပြောင်းလဲဖြစ်ပေါ်မှုအရ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ခရိုင်အသစ်များ ထပ်မံတိုးချဲ့" (in မြန်မာ)၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ၁ မေ ၂၀၂၂၊ စာ- ၈။
- ↑ ပြည်ထောင်စုအစီရင်ခံစာ။