ကျော်စွာလင်း
ကျော်စွာလင်း(၁၉၇၁ ခုနှစ်ဖွား) သည် မြန်မာတပ်မတော်မှ အရာရှိတစ်ဦးဖြစ်ပြီး ယခုအခါတွင် စစ်ထောက်ချုပ်တာဝန်အား ထမ်းဆောင်လျက်ရှိသည်။
ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း | |
---|---|
တပ်မတော် (ကြည်း) စစ်ထောက်ချုပ် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် မေ ၂၀၂၀ | |
ယခင်လူ | ဒုတိယဗိုလ်ချုပ်ကြီး ညိုစော |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ၁၉၇၁ (အသက် ၅၂–၅၃) |
လူမျိုး | မြန်မာ |
ကြင်ဖော်(များ) | နန်းကူကူ |
မိခင်ကျောင်း | စစ်တက္ကသိုလ် |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် (ကြည်း) |
ရာထူး | ဒုတိယဗိုလ်ချုပ်ကြီး |
ငယ်ဘဝနှင့် ပညာရေး
ပြင်ဆင်ရန်ကျော်စွာလင်းကို ၁၉၇၁ ခုနှစ်တွင် မွေးဖွားခဲ့ပြီး စစ်တက္ကသိုလ် အမှတ်စဉ် (၃၅) ဗိုလ်လောင်းသင်တန်းတွင် တက်ရောက်ပညာသင်ကြားခဲ့သည်။
ဘဝဖြတ်သန်းမှု
ပြင်ဆင်ရန်ကျော်စွာလင်းသည် အရာရှိငယ်ဘဝတွင် စစ်ဆင်ရေးအထူးအဖွဲ့မှူးတစ်ဦးဖြစ်သူ မိုးမြင့်ထွန်း လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ၂၀၁၈ ခုနှစ်မတိုင်မီကာလများတွင် ၎င်းတို့နှစ်ဦးသည် ရခိုင်ပြည်နယ်တွင် အတူတကွ အလုပ်လုပ်ခဲ့ဖူးသည်။[၁] သို့ပေမယ်လည်း ကျော်စွာလင်းသည် ၂၀၁၈ ခုနှစ်တွင် ဗိုလ်မှူးချုပ်ဘဝဖြင့် မန္တလေးမြို့တွင် အခြေစိုက်သော အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တိုင်းမှူးအဖြစ် ခန့်အပ်ခြင်းခံရသောအခါတွင် လူသိများ ထင်ရှားလာခဲ့သည်။[၂] ၂၀၂၀ ခုနှစ် မေလတွင် တပ်မတော်၌ အသက်အငယ်ဆုံးသော ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရပြီး အနားယူခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၏ ဆက်ခံသူအဖြစ် စစ်ထောက်ချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သည်။[၃][၄]
ကျော်စွာလင်းသည် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်းအား ဦးဆောင်သူဖြစ်ပြီး မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်အား ကူညီထောက်ပံ့ပေးသော ကုမ္ပဏီတစ်ခုဖြစ်သည်။[၅] ထို့ပြင် သူသည် တပ်မတော်၏ ဘဏ္ဍာမွေများကို စီမံခန့်ခွဲရသူတစ်ဦးဖြစ်ပြီး ထိုဘဏ္ဍာငွေသည် ၂၀၁၂ ခုနှစ်မှစ၍ နိုင်ငံတော်ဘဏ္ဍာငွေအားလုံး၏ ၁၃ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအကြားရှိသည်။[၆]
ကိုးကား
ပြင်ဆင်ရန်- ↑ https://www.cpg-online.de/asia-in-review-sea-myanmar-2019-2020/
- ↑ Min Aung Hlaing reshuffles senior military ranks ahead of election (19 May 2020)။
- ↑ https://www.researchgate.net/publication/341601125_INFAMOUS_MYANMAR_MILITARY_SKIP_GENERATION_MONOPOLY_MAY2020
- ↑ Younger Myanmar Military Officers Promoted to Key Roles in Reshuffle (11 May 2020)။
- ↑ Systemic Conflict of Interest in Myanmar Military Allows for Serious Corruption (17 June 2020)။
- ↑ Military-Corporate conflicts of interest ‘inflame’ Myanmar’s civil wars, rights group says။
ဤ မြန်မာလူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |