ကျော်တင့်ဆွေ
(ကျော်တင့်ဆွေ၊ ဦး မှ ပြန်ညွှန်းထားသည်)
ဆင်တူသော နာမည်ရှိ ကျော်တင် (ဝန်ကြီး)နှင့် ပတ်သက်၍ သက်ဆိုင်ရာ ဆောင်းပါးကို ရှုပါ။
ဦးကျော်တင့်ဆွေ (၁၉ မတ် ၁၉၄၅ မွေးဖွား[၄]) သည် မြန်မာနိုင်ငံသား သံတမန်ဖြစ်ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်တွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၅] ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ကုလသမဂ္ဂသို့ မြန်မာနိုင်ငံ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၆] ၁၉၆၈ ခုနှစ်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် စတင် အလုပ်လုပ်ခဲ့သည်။[၆] သူသည် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သူ ဖြစ်သည်။[၄]
ကျော်တင့်ဆွေ | |
---|---|
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနဝန်ကြီး | |
တာဝန်သက်တမ်း ၁၇ မေ ၂၀၁၆[၁] – ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
ယခင်လူ | ရာထူးစတင် |
ဆက်ခံသူ | ရာထူးဖျက်သိမ်း[၂] |
ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး | |
တာဝန်သက်တမ်း ၉ ဧပြီ ၂၀၀၁ – ၂၀၁၀ | |
အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နိုင်ငံခြားရေး ဝန်ကြီးဌာန | |
တာဝန်သက်တမ်း ၁၉၉၈ – ၂၀၀၁ | |
အာဆီယံရေးရာ ဦးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် နိုင်ငံခြားရေး ဝန်ကြီးဌာန | |
တာဝန်သက်တမ်း ၁၉၉၈ – ၂၀၀၁ | |
ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး | |
တာဝန်သက်တမ်း ၁၉၉၄ – ၁၉၉၇ | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ၁၉ မတ်၊ ၁၉၄၅ |
လူမျိုး | မြန်မာ |
ကြင်ဖော်(များ) | ဒေါ်မေယဉ်ထွန်း[၃] |
သားသမီး | ၂ ဦး |
မိခင်ကျောင်း | ရန်ကုန်တက္ကသိုလ် International Institute of Social Studies |
ကျွမ်းကျင်မှု | သံတမန် |
ဦးကျော်တင့်ဆွေအား နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် ၂၀၁၆ မေလ ၁၇ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ခန့်အပ်ခဲ့သည်။[၁]၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုတွင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။[၇] ၂၀၂၂ခုနှစ် နိုဝင်ဘာ ၁၇ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၎င်းအား လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်ပေးသည်။ [၈]
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ Parliament approves appointment of Union Minister for the State Counsellor’s Office။ Eleven Media Group (၁၈ မေ ၂၀၁၆)။ 19 May 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၉ မေ ၂၀၁၆ တွင် ပြန်စစ်ပြီး။
- ↑ Myanmar's Ministry of State Counsellor Office revoked။
- ↑ Mission Personnel။ Permanent Mission of the Union of Myanmar to the United Nations။ 2 January 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 April 2012 တွင် ပြန်စစ်ပြီး။
- ↑ ၄.၀ ၄.၁ "Kyaw Tint Swe Of Myanmar Chairman Of Fourth Committee"၊ United Nations၊ 9 April 2001။ 16 April 2012 တွင် ပြန်စစ်ပြီး။
- ↑ "Burma’s NHRC: An Empty Gesture" (10 January 2012). Burma Partnership. မော်ကွန်းတင်ပြီးမိတ္တူ။ 12 February 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 March 2016 တွင် ပြန်စစ်ပြီး။
- ↑ ၆.၀ ၆.၁ U Kyaw Tint Swe - Representative Of Myanmar To The Asean Intergovernmental Commission on Human Rights။ 6 July 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 April 2012 တွင် ပြန်စစ်ပြီး။
- ↑ Myanmar Military Regime Detains More Members of Ousted Govt in Late Night Raids။
- ↑ https://www.bbc.com/burmese/articles/cydmyr1z8yno