နိုင်ငံခြားရေး ဝန်ကြီးဌာန
မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် နိုင်ငံခြားရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ အဓိကဆောင်ရွက်နိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနကို ဖွဲ့စည်းတည်ထောင်ထားသည်။ အာဏာသိမ်းစစ်အစိုးရမှ ခန့်အပ်ထားသော လက်ရှိဝန်ကြီးမှာ ဦးသန်းဆွေဖြစ်သည်။ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ကဒေါ်ဇင်မာအောင်အား ပြည်ထောင်စုဝန်ကြီး တာဝန်များကို ထမ်းဆောင်ရန် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ထားသည်။[၁]
မြန်မာအစိုးရအဖွဲ့အစည်း | |
---|---|
နိုင်ငံခြားရေး ဝန်ကြီးဌာန | |
နိုင်ငံခြားရေးဝန်ကြီးဌာန အမှတ်တံဆိပ် | |
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
ဖွဲ့စည်းသည့်အချိန် |
|
ဌာနချုပ် | ရုံးအမှတ် (၉)၊ နေပြည်တော် |
19°45′12″N 96°07′09″E / 19.7534296°N 96.1192157°E | |
ဝန်ကြီးများ | ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီး |
ဒုတိယဝန်ကြီးများ | ဦးလွင်ဦး |
ဌာနအကြီးအမှူးများ | ဦးအောင်ကျော်မိုး၊ အမြဲတမ်းအတွင်းဝန် |
ဝက်ဘ်ဆိုက် | mofa.gov.mm |
သမိုင်းကြောင်း
ပြင်ဆင်ရန်မြန်မာနိုင်ငံ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့လက်အောက်ရှိစဉ်၊ ၁၉၃၅ခုနှစ် ၊ မြန်မာပြည်အက်ဥပဒေ (Government of Burma Act, 1935 )၊ ပုဒ်မ (၇) ပြဋ္ဌာန်းချက်အရ နိုင်ငံခြားရေးကိစ္စများနှင့် ကာကွယ်ရေး၊ သာသနာရေးကိစ္စများကို မြန်မာနိုင်ငံဘုရင်ခံက တစ်ချက်လွှတ်အာဏာဖြင့် ဆောင်ရွက်ခဲ့သည်။
ဒုတိယကမ္ဘာစစ်ကာလအတွင်းနှင့် ဗြိတိသျှအစိုးရ အိန္ဒိယသို့ ဆုတ်ခွာသည့် ၁၉၄၂ ခုနှစ် အချိန်တို့တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးရာကိစ္စကို မြန်မာပြည်ကာကွယ်ရေးဝန်ကြီးဌာန (Defence Department) တစ်ခုတည်းက တာဝန်ယူဆောင်ရွက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးဆုံးပြီးနောက် အိန္ဒိယမှ မြန်မာနိုင်ငံသို့ ဗြိတိသျှအစိုးရ ပြန်လည်ဝင်ရောက်လာသည့်အချိန်တွင် ၁၉၃၅ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် မြန်မာပြည်အက်ဥပဒေသည် ပြန်လည်အသက်ဝင်လာခဲ့သည်။ယင်းအက်ဥပဒေ၊ ပုဒ်မ (၇)ပါ ပြဋ္ဌာန်းချက်ကို တာဝန်ယူဆောင်ရွက်ရန်၊ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးရာဌာန(Defence and External Affairs Department) ကိုတည်ထောင်၍ ဘုရင်ခံ၏ အတိုင်ပင်ခံအရာရှိတစ်ဦးက တိုက်ရိုက်တာဝန်ယူဆောင်ရွက်ခဲ့သည်။
၁၉၄၆ ခုနှစ်၊ အောက်တိုဘာလကုန်ပိုင်း၌ မြန်မာပြည်သူများ၏ တောင်းဆိုချက်အရ အဆိုပါဌာနကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီအောက်တွင် ထားရှိခဲ့ပြီး၊ ထိုစဉ်က ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယသဘာပတိဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းက တာဝန်ယူဆောင်ရွက်ခဲ့သည်။ နောက်ပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှအစိုးရ တို့ဆွေးနွေးသဘောတူညီချက်အရ နိုင်ငံခြားရေးရာကိစ္စများတွင် မြန်မာနိုင်ငံ၏ သဘောအလျောက် ဆောင်ရွက်ခွင့် ရရှိလာခဲ့ပြီး နိုင်ငံခြားရေးရာဌာန(Department of Foreign Affairs) ကို ၁၉၄၇ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့ နေ့စွဲပါ ကာကွယ်ရေးနှင့် ပြည်ပရေးရာဌာန၏ အမှာစာ ၇၇ ဒီ(အမ် အမ်) ၄၇ အရ ဗိုလ်ချုပ်အောင်ဆန်း၏ ကြီးကြပ်မှုအောက်တွင် သီးခြားဖွဲ့စည်းခဲ့သည့်နေ့ရက်ကို နိုင်ငံခြားရေးဝန်ကြီးဌာန စတင်ဖွဲ့စည်းထူထောင်သည့်နေ့ဟု သတ်မှတ်ခဲ့သည်။ စတင်ဖွဲ့စည်းချိန်၌ အတွင်းဝန် (၁) ဦး၊ ရုံးအုပ်ကြီး (၁) ဦး၊ အထက်တန်းစာရေး(၃)ဦး ၊ အောက်တန်းစာရေး(၁)ဦး၊ မင်းစေ(၂)ဦး ၊ စုစုပေါင်း အရာထမ်း(၁)ဦးနှင့် အမှုထမ်း (၈) ဦးသာ ရှိခဲ့သည်။ ယင်းအချိန် နိုင်ငံခြားရေးဝန်ကြီးဌာန ၏ အတွင်းဝန် မှာ အိုင်စီအက်(စ်)ဦးရွှေဘော် ဖြစ်သည်။
၁၉၄၈ ခုနှစ်၊ မေလ ၄ ရက်နေ့တွင် နိုင်ငံခြားရေးရာဌာနကို နိုင်ငံခြားရေးရုံးတော်(Foreign Office) ဟူ၍ ပြောင်းလဲခေါ်ဆိုခဲ့ပြီးနောက်၊ အတွင်းဝန်ဆိုသည့် ရာထူးအသုံးအနှုန်း ကို အမြဲတမ်းအတွင်းဝန်ဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။ ၁၉၆၇ ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင် နိုင်ငံခြားရေးရုံးတော် အမည်မှ နိုင်ငံခြားရေးဝန်ကြီးဌာန(Ministry of Foreign Affairs) ဟုပြောင်းလဲခေါ်ဆိုခဲ့သည်။[၂]
ဌာနများ
ပြင်ဆင်ရန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနများ ထပ်မံခွဲထားသည်။
အကြီးအကဲများ
ပြင်ဆင်ရန်ဝန်ကြီးများ
ပြင်ဆင်ရန်၁၉၄၇ ခုနှစ်မှ ယနေ့အချိန်အထိ နိုင်ငံခြားရေးဝန်ကြီး (၂၄) ဦးနှင့် ပြည်ထောင်စုဝန်ကြီး (၂) ဦး တာဝန်ထမ်းဆောင်နေသည်။[၂]
စဉ် | အမည် | တာဝန် | တာဝန်စတင် | တာဝန်ပြီးဆုံး |
၁။ | ဗိုလ်ချုပ်အောင်ဆန်း | ဝန်ကြီး | ၁၇-၃-၁၉၄၇ | ၁၉-၇-၁၉၄၇ |
၂။ | ဦးနု | ဝန်ကြီး | ၂၁-၇-၁၉၄၇ | ၁-၈-၁၉၄၇ |
၃။ | ဦးလွန်းဘော် | ဝန်ကြီး | ၂-၈-၁၉၄၇ | ၃၀-၁၀-၁၉၄၇ |
၄။ | ဦးတင်ထွဋ် | ဝန်ကြီး | ၃၁-၁၀-၁၉၄၇ | ၁၆-၈-၁၉၄၈ |
၅။ | ဦးကျော်ငြိမ်း | ဝန်ကြီး | ၁၄-၉-၁၉၄၈ | ၃၁-၃-၁၉၄၉ |
၆။ | သခင်နု | ဝန်ကြီး | ၁-၄-၁၉၄၉ | ၄-၄-၁၉၄၉ |
၇။ | ဦးအေးမောင် | ဝန်ကြီး | ၅-၄-၁၉၄၉ | ၂၀-၁၂-၁၉၄၉ |
၈။ | ဦးစဝ်ခွန်ချို | ဝန်ကြီး | ၂၀-၁၂-၁၉၄၉ | ၂၈-၁၀-၁၉၅၈ |
၉။ | ဦးသိမ်းမောင် | ဝန်ကြီး | ၂၉-၁၀-၁၉၅၈ | ၁၃-၂-၁၉၅၉ |
၁၀။ | ဦးချန်ထွန်းအောင် | ဝန်ကြီး | ၂၇-၂-၁၉၅၉ | ၃-၄-၁၉၆၀ |
၁၁။ | ဦးစဝ်ခွန်ချို | ဝန်ကြီး | ၄-၄-၁၉၆၀ | ၁-၃-၁၉၆၂ |
၁၂။ | ဦးသီဟန် | ဝန်ကြီး | ၂-၃-၁၉၆၂ | ၁၈-၆-၁၉၆၉ |
၁၃။ | ဒေါက်တာမောင်လွင် | ဝန်ကြီး | ၁၉-၆-၁၉၆၉ | ၄-၈-၁၉၇၀ |
၁၄။ | ဒေါက်တာလှဟန် | ဝန်ကြီး | ၄-၈-၁၉၇၀ | ၂၀-၄-၁၉၇၂ |
၁၅။ | ဦးကျော်စိုး | ဝန်ကြီး | ၂၀-၄-၁၉၇၂ | ၁-၃-၁၉၇၄ |
၁၆။ | ဦးလှဘုန်း | ဝန်ကြီး | ၂-၄-၁၉၇၄ | ၃-၃-၁၉၇၈ |
၁၇။ | ဦးမြင့်မောင် | ဝန်ကြီး | ၃-၃-၁၉၇၈ | ၁၈-၃-၁၉၈၀ |
၁၈။ | ဦးလေးမောင် | ဝန်ကြီး | ၁၉-၃-၁၉၈၀ | ၉-၁၁-၁၉၈၁ |
၁၉။ | ဦးချစ်လှိုင် | ဝန်ကြီး | ၉-၁၁-၁၉၈၁ | ၄-၁၁-၁၉၈၅ |
၂၀။ | ဦးရဲခေါင် | ဝန်ကြီး | ၄-၁၁-၁၉၈၅ | ၁၈-၉-၁၉၈၈ |
၂၁။ | ဗိုလ်ချုပ်မှူးကြီးစောမောင် | ဝန်ကြီး | ၂၀-၉-၁၉၈၈ | ၁၇-၉-၁၉၉၁ |
၂၂။ | ဦးအုန်းဂျော် | ဝန်ကြီး | ၁၈-၉-၁၉၉၁ | ၁၅-၁၁-၁၉၉၈ |
၂၃။ | ဦးဝင်းအောင် | ဝန်ကြီး | ၁၅-၁၁-၁၉၉၈ | ၁၇-၉-၂၀၀၄ |
၂၄။ | ဦးဉာဏ်ဝင်း | ဝန်ကြီး | ၁၈-၉-၂၀၀၄ | ၃၀-၃-၂၀၁၁ |
၂၅။ | ဦးဝဏ္ဏမောင်လွင် | ပြည်ထောင်စုဝန်ကြီး | ၃၀-၃-၂၀၁၁ | ၃၀-၃-၂၀၁၆ |
၂၆။ | ဒေါ်အောင်ဆန်းစုကြည် | ပြည်ထောင်စုဝန်ကြီး | ၃၀-၃-၂၀၁၆ | ၁ ဖေဖော်ဝါရီ ၂၀၂၁ |
၂၇။ | ဦးဝဏ္ဏမောင်လွင် | ပြည်ထောင်စုဝန်ကြီး | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၁ ဖေဖော်ဝါရီ ၂၀၂၃ |
၂၈။ | ဦးသန်းဆွေ | ပြည်ထောင်စုဝန်ကြီး | ၁ ဖေဖော်ဝါရီ ၂၀၂၃ | လက်ရှိ |
ဒုတိယဝန်ကြီးများ
ပြင်ဆင်ရန်- ဦးလှဖုန်း (၁၉၆၉-၁၉၇၄)
- ဦးဝင်း (၁၉၇၄-၁၉၇၈)
- ဦးတင်အုန်း (၁၉၇၈-၁၉၈၃)
- ဦးလှရွှေ (၁၉၈၃-၁၉၈၅)
- ဦးစောလှိုင် (၁၉၈၅-၁၉၈၈)
- ဦးအုန်းဂျော် (၁၉၈၉-၁၉၉၁)
- ဦးခင်မောင်ဝင်း (၁၉၉၁-၂၀၀၄)
- ဦးကျော်သူ (၂၀၀၃-၂၀၀၉)
- ဦးမောင်မြင့် (၂၀၀၄-၂၀၁၂)
- ဒေါက်တာမျိုးညွန့် (၂၀၁၁-၂၀၁၂)
- ဦးသန့်ကျော် (၂၀၁၂-၂၀၁၆)
- ဦးဇင်ယော် (၂၀၁၂-၂၀၁၄)
- ဦးတင်ဦးလွင် (၂၀၁၄-၂၀၁၆)
- ဦးကျော်တင် (၂၀၁၆-၂၀၁၇)
- ဦးကျော်မျိုးထွဋ်(၂၀၂၁-၃၁ ဇန်နဝါရီ ၂၀၂၄)[၄]
- ဦးလွင်ဦး(၂၀၂၃-ယနေ့အထိ)
အမြဲတမ်းအတွင်းဝန်များ
ပြင်ဆင်ရန်- ဦးအောင်လင်း (၂၀၁၅-၂၀၁၆)
- ဦးကျော်ဇေယျ (၂၀၁၆-၂၀၁၇)
- ဦးမြင့်သူ (၂၀၁၇- ၂၀၁၉)
- ဦးစိုးဟန် (၂၀၁၉-၂၀၂၀)
- ဦးချမ်းအေး(၂၀၂၀-၂၄ အောက်တိုဘာ ၂၀၂၃ )[၅]
- ဒေါ်မာလာသန်းထိုက် (ခေတ္တအမြဲတမ်းအတွင်းဝန်)
- ဦးအောင်ကျော်မိုး (ယခင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး)(၁၆ မေ ၂၀၂၄-လက်ရှိ)[၆]
ညွှန်ကြားရေးမှူးချုပ်များ
ပြင်ဆင်ရန်- အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးရုံး - ဦးအောင်ကျော်မိုး
- နိုင်ငံရေးရာဦးစီးဌာန - ဦးသန်းထွေး
- အာဆီယံရေးရာဦးစီးဌာန - ဒေါက်တာခင်သီတာအေး
- မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန - ဦးဇော်ဖြိုးဝင်း
- သံတမန်ရေးရာဦးစီးဌာန - ဦးဇော်ထွန်းဦး [၇]
- အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန - ဦးကျော်ညွှန့်ဦး
- ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန - ဦးအောင်ကျော်ဦး
- စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာန - ဦးကျော်တင်ရှိန်
ကိုးကား
ပြင်ဆင်ရန်- ↑ https://nugmyanmar.org
- ↑ ၂.၀ ၂.၁ "နိုင်ငံခြားရေးဝန်ကြီးဌာန"၊ Myanmar National Portal။ Archived from the original on 21 April 2019။
- ↑ "ဝန်ကြီးများ"၊ နိုင်ငံခြားရေး ဝန်ကြီးဌာန။ Archived from the original on 21 April 2019။
- ↑ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ခန့်အပ်တာဝန်ပေးခြင်း။ MOI Myanmar (၃၁ ဇန်နဝါရီ ၂၀၂၄)။ ၁၀ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဦးချမ်းအေးအား ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်။ MOI Myanmar (၂၄ အောက်တိုဘာ ၂၀၂၃)။ ၂၈ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း။ MOI Myanmar (၁၆ မေ ၂၀၂၄)။ ၁၆ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာနိုင်ငံပြန်တမ်း၊ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများခန့်ထားခြင်း။ MOI Myanmar (၂၉ ဇွန် ၂၀၂၄)။ ၄ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။