ကျော်မြင့် (ဆရာဝန်၊ ဝန်ကြီး)
မြန်မာ သမားတော်နှင့် နိုင်ငံရေးသမား၊ ဝန်ကြီး အငြိမ်းစား
(ကျော်မြင့် မှ ပြန်ညွှန်းထားသည်)
ကျော်မြင့် (ဆရာဝန်၊ ဝန်ကြီး) အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် ကျော်မြင့် (ဆရာဝန်၊ ဝန်ကြီး) (သံတူကြောင်းကွဲ) ကို ကြည့်ပါ။
ပါမောက္ခဒေါက်တာကျော်မြင့် (၂၂ ဇန်နဝါရီ ၁၉၄၀ မွေးဖွား[၁]) သည် မြန်မာနိုင်ငံသား အဆုပ်နှင့်ရင်ခေါင်းအထူးကုဆရာဝန်တစ်ဦးဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ပထမအကြိမ်ပြည်သူ့လွှတ်တော် (၂၀၁၀-၂၀၁၅) တွင် ချမ်းအေးသာဇံမြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော် အမတ်အဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ သူသည် ဦးသန်းရွှေ၏ မိသားစုဆရာဝန်အဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။[၂]
ကျော်မြင့် | |
---|---|
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် | |
တာဝန်သက်တမ်း ၃၁ ဇန်နဝါရီ ၂၀၁၁ – ၂၉ ဇန်နဝါရီ ၂၀၁၆ | |
ယခင်လူ | အခြေခံဥပဒေ စတင် |
ဆက်ခံသူ | မျိုးနိုင် |
မဲဆန္ဒနယ် | ချမ်းအေးသာဇံမြို့နယ် |
အနိုင်ရမဲ အရေအတွက် | ၃၀,၅၉၁ (၄၁.၈၅%) |
ကျန်းမာရေး ဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၀၃ – ၃၀ မတ် ၂၀၁၁ | |
ယခင်လူ | ကတ်စိန် |
ဆက်ခံသူ | ဖေသက်ခင် |
ကျန်းမာရေး ဝန်ကြီးဌာန ဒုဝန်ကြီး | |
တာဝန်သက်တမ်း ၂၀၀၀ – ၂၀၀၃ | |
ဆေးတက္ကသိုလ်(၁) ရန်ကုန် ပါမောက္ခချုပ် | |
တာဝန်သက်တမ်း ၁၇ စက်တင်ဘာ ၁၉၉၇ – ၂၀ ဖေဖော်ဝါရီ ၁၉၉၈ | |
ယခင်လူ | ကျော်မြင့်ထွန်း |
ဆက်ခံသူ | မျိုးမြင့် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ၂၂ ဇန်နဝါရီ ၁၉၄၀ မြန်မာနိုင်ငံ |
(အသက် ၈၄)
လူမျိုး | မြန်မာ |
နိုင်ငံရေးပါတီ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
ကြင်ဖော်(များ) | ဒေါ်နီလာသော် |
သားသမီး | နှင်းကလျာကျော်မြင့် |
မိခင်ကျောင်း | ရန်ကုန်ဆေးတက္ကသိုလ် (M.B.,B.S.) |
အလုပ်အကိုင် | ဆေးတက္ကသိုလ်(၁) ရန်ကုန် ပါမောက္ခ |
ပညာရေး
ပြင်ဆင်ရန်အခြေခံပညာကို အ.ထ.က(၉)မန္တလေး (ယခင် စိန်ပီတာ) ၌ သင်ကြားခဲ့သည်။ ဆေးတက္ကသိုလ် မန္တလေး ၌ ဆေးပညာသင်ကြားခဲ့သည်။
ဝန်ထမ်းဘဝ
ပြင်ဆင်ရန်ဆေးတက္ကသိုလ် မန္တလေး၊ ဆေးတက္ကသိုလ်(၁)ရန်ကုန် ၊ဆေးတက္ကသိုလ်(၂)ရန်ကုန်၊ စစ်တွေပြည်သူ့ဆေးရုံကြီးတို့၌ တာဝန်ထမ်းဆောင်ခဲ့သည်။[၃]
ကိုးကား
ပြင်ဆင်ရန်- ↑ Professor U Kyaw Myint။ ဆေးတက္ကသိုလ်(၁) ရန်ကုန် (၂၀၀၆)။ 19 December 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၀ အောက်တိုဘာ ၂၀၁၂ တွင် ပြန်စစ်ပြီး။
- ↑ "Than Shwe Watch"၊ The Irrawaddy၊ ၁၀ မတ် ၂၀၀၉။ ၁၃ ဧပြီ ၂၀၁၂ တွင် ပြန်စစ်ပြီး။ Archived from the original on 30 July 2011။
- ↑ ဒေါက်တာကျော်မြင့်(ချမ်းအေးသာဇံမဲဆန္ဒနယ်)၊ ပြည်သူ့လွှတ်တော်၊ 30 November 2020 တွင် မူရင်း အား မော်ကွန်းတင်ပြီး၊ 22 November 2020 တွင် ပြန်စစ်ပြီး