ကျော်၊ ဦး(လက်ဖက်)
ဦးကျော်(လက်ဖက်)
ပြင်ဆင်ရန်မန္တလေးမြို့ရှိ မစိုးရိမ်ကျောင်းတိုက်ကြီးအား တစ်ဦးတည်း ဆောက်လုပ်လှူဒါန်းခဲ့သည့် လက်ဖက်ကုန်သည်၊ ဆားကုန်သည်ကြီး ဖြစ်သည်။ မန္တလေးတောင်ဘက် ဆယ်မိုင်ခန့် အကွာ မြစ်ငယ်တံတားအနောက်ဘက် မြို့ပြင်ကြီးရွာ ဇာတိဖြစ်၍ ဖခင်မှာ လက်ဖက်ခြောက်သည် ဦးသက်ရှည် ဖြစ်သည်။ ဖခင်နှင့်အတူ မန္တလေး ပွဲကုန်းအရပ်တွင် လက်ဖက်ခြောက်လုပ်ငန်းပွဲရုံကို တည်ထောင်နိုင်ခဲ့ပြီး မြန်မာသက္ကရာဇ် ၁၂၆၉-ခုနှစ်တွင် မြို့တော်ဝန် ဦးပေစိ၏ မစိုးရိမ်ဥယျာဉ်နေရာအား ဝယ်ယူ၍ မြို့ပြင်ကြီး ဆရာတော်အား ကျောင်းဆောက်လှူဒါန်းခဲ့သည်။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ နေထွတ်၏ မန္တလေး အဘိဓာန်