မစိုးရိမ်တိုက်(တိုက်ဟောင်း)

မစိုးရိမ်တိုက်(တိုက်သစ်) ပြင်ဆင်ရန်

မန္တလေးမြို့မှ ထင်ရှားသော ပရိယတ္တိစာသင်တိုက်ကြီး ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၆၉-ခန့်က လက်ဖက်သူဌေးကြီး ဦးသက်ရှည်နှင့် သား ဦးကျော်(လက်ဖက်)တို့ကမြို့တော်ဝန် ဦးပေစိ၏ မစိုးရိမ်ဥယျာဉ်နေရာအား ဝယ်ယူခဲ့ပြီး ရေကန်ကို မြေဖို့၍ မြို့ပြင်ကြီး ဆရာတော်အား ကျောင်းဆောက်လှူဒါန်းခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၇၀ တွင် အခန်း(၈)ခန်း၊ (၁၁)ခန်းရှိ အလယ်တိုက်ကြီး ဆောက်လုပ်ပြီးစီးခဲ့သည်။ ကျောင်းရံ (၁၆)ကျောင်းရှိသည်။ မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်၊ ၈၈-လမ်းနှင့် ၈၉-လမ်းကြား၊ ၃၆-လမ်းနှင့် ၃၈-လမ်းကြားတွင် တည်ရှိသည်။ စိုးရိမ်တိုက်(တိုက်ဟောင်း)၏ တောင်ဘက်၊ သင်္ဂဇာချောင်း တစ်ဖက်ကမ်းထိပ်၌ မစိုးရိမ်တိုက်(တိုက်သစ်)တည်ရှိသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. နေထွတ်၏ မန္တလေး အဘိဓာန်