ကျေးကုလားမ
ကျေးကုလားမကို အိန္ဒိယနှင့် မြန်မာနိုင်ငံတို့တွင် တွေ့ရသည်။ ကုလားမကြက်တူရွေး၊ ကုလားမကျေးဟုလည်း ခေါ်သည်။[၁] မြန်မာနိုင်ငံရှိ ကြက်တူရွေးများတွင် အသံအကျယ်ဆုံး အော်နိုင်သောအမျိုးဖြစ်၏။[၂] ဦးခေါင်းမွဲခြောက်ပြီး အထီးရောအမပါ နုတ်ခမ်းမွေးပါပြီး အရွယ်ရောက်အထီးက အပေါ်နုတ်ခမ်း ပန်းရောင်ဖြစ်သည်။ အသံအကျယ်ဆုံး အော်နိုင်သော အမျိုးဖြစ်သည်။
ကျေးကုလားမ
Red-Breasted Parakeet | |
---|---|
Female (left) and male (right) | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | |
မျိုးပေါင်းစု: | |
မျိုးပေါင်း: | |
မျိုးစဉ်: | |
မျိုးရင်း: | |
မျိုးစု: | |
မျိုးစိတ်: | P. alexandri
|
ဒွိနာမ | |
Psittacula alexandri (Linnaeus, 1758)
|
ကျေးကုလားမ၏ရင်အုပ်မှာ အနီရောင် ဖြစ်၏။ ထို့ကြောင့် ကျေးကုလားမကို အင်္ဂလိပ်ဘာသာဖြင့် “အနီရောင်ရင်အုပ်ရှိသော အိန္ဒိယကြက်တူရွေး”ဟု ခေါ်ခြင်း ဖြစ်သည်။ ကျေးကုလားမဆိုသည်မှာ ၎င်း ကြက်တူရွေးမျိုးကို ခေါ်ခြင်း ဖြစ်သည်။ ကြက်တူရွေးအမကိုသာ ကျေးကုလားမဟု ခေါ်ခြင်းမဟုတ်ဘဲ ၎င်းကြက်တူ ရွေးမျိုး အဖိုရော အမကိုပါ ကျေးကုလားမဟု ခေါ်ခြင်း ဖြစ်လေသည်။[၁] ငှက်မဦးခေါင်းသည် မွဲခြောက်၍ အပြာရောင်သော်လည်းကောင်း၊ အစိမ်းရောင်သော်လည်းကောင်း၊ ရောလျက်ရှိသည်။ ရင်အုပ်မှာ အနီရင့်ရောင် ပေါက်နေသည်။ ငှက်ကလေးများတွင် တစ်ကိုယ်လုံး စိမ်း၍ အညိုရောင်များလည်း ရောနှောနေတတ်သည်။[၂] အဖိုသည် အမထက် အနည်းငယ် ပိုထွားသည်။
အထီးအမခွဲခြားခြင်း
ပြင်ဆင်ရန်အထီးများသည်နှုတ်သီးနီ၍ အမများသည် နှုတ်သီးမဲကြသည်။
ပုံများ
ပြင်ဆင်ရန်-
Male at Jerusalem Biblical Zoo
-
Female in Assam, India
-
Male
-
Juvenile male
-
Male
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ မောင်ဝင်းနိုင်၏ တိရစ္ဆာန်ဥယျာဉ်နှင့် တိရစ္ဆာန်များစာအုပ်
- ↑ ၂.၀ ၂.၁ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၅၅)။ "ကျေးကုလားမ"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း။ ၂ (ပထမအကြိမ် ed.)။ ဟေဇယ်၊ ဝပ်ဆင်နှင့် ဗိုင်းနေး ပုံနှိပ်လုပ်ငန်း၊ အင်္ဂလန်။: စာပေဗိမာန်။
ဤ ငှက်နှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |