ကြည်လှဟန်
ကြည်လှဟန်သည် ယခင် ပရော်ဖက်ရှင်နယ် ဂေါက်သီးရိုက်သမား တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံမှ ဖြစ်သည်။ အာရှလှည့်လည်ပြိုင်ပွဲ အသင်းတွင် executive chairman အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။[၂]
ကြည်လှဟန် | |
---|---|
ပုဂ္ဂိုလ်ရေး အချက်အလက် | |
မွေးဖွား | ရန်ကုန် | ဖေဖော်ဝါရီ ၁၃၊ ၁၉၆၁
သေဆုံး | ဖေဖော်ဝါရီ ၁၉၊ ၂၀၂၂[၁] စင်ကာပူနိုင်ငံ | (အသက် ၆၁)
နိုင်ငံသား | မြန်မာ |
Career | |
ကြေးစားဘဝ | ၁၉၈၀ |
အငြိမ်းစား | ၂၀၀၄ |
Former tour(s) | Asian Tour |
Professional wins | ၁၀ |
အောင်မြင်မှုနှင့်ဆုတံဆိပ်များ | |
Asian Tour Order of Merit | ၁၉၉၉ |
ကြည်လှဟန်သည် ၁၉၈၀ ခုနှစ်မှစ၍ ပရော်ဖက်ရှင်နယ် အဖြစ် စတင်ကစားခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် မလေးရှား ပီဂျီအေ ချန်ပီယံရှစ်ပ်တွင် ပထမဆုံးအကြိမ် အဖြစ် အနိုင်ရခဲ့သည်။ သူသည် အာရှလှည့်လည်ပြိုင်ပွဲတွင် ပထမဆုံးစတင်သည့် ၁၉၉၅ ခုနှစ်မှ ၂၀၀၄ ခုနှစ် အထိ ကစားခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် အာရှလှည့်လည်ပြိုင်ပွဲ၏ Chairman အဖြစ်ခန့်အပ်ခံခဲ့ရသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ "Asian golf great Kyi Hla Han dies aged 61"၊ The Guardian.ng၊ 21 February 2022။
- ↑ Myanmar Open Makes A Return။ Asian Tour (2010-02-02)။
ဤ မြန်မာလူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |