အရှင်ဇဋိလ သည် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးဖြစ်၍ ဘွဲ့အမည်ထက် ကြာနီကန်ဆရာတော် ဟူ၍ ပိုသိရှိကြသည်။ နိုင်ငံကျော် ဓမ္မကထိကဆရာတော်တစ်ပါးဖြစ်သည်။ တရားဟောပြောရာ၌ အဆိုအငိုများဖြင့် အဟောအပြော ပိုင်နိုင်သော ရဟန်းတစ်ပါးဖြစ်သည်။ ထိုသို့ ဟောပြောခြင်းများကြောင့် ဆရာတော်ကို ဝေဖန်ကြသလို နှစ်သက်ကြသည်များလည်းရှိသည်။ သက်တော် (၄၆)နှစ်အရွယ်တွင် ကားမတော်တဆမှုဖြင့် ပျံလွန်တော်မူသည်။

မွေးဖွားခြင်းပြင်ဆင်

ကြာနီကန်ဆရာတော်လောင်းလျာကို စစ်ကိုင်းတိုင်း ငါန်းဇွန်မြို့နယ်၊ ရွှေတွင်းကုန်းကျေးရွာနေ ဦးရှိန်+ဒေါ်ဒွန်းတို့မှ ၁၂၉၄ ခုနှစ် တော်သလင်းလဆန်း ၁၄ ရက် အင်္ဂါနေ့ ၈ နာရီတိတိအချိန်တွင် မွေးဖွားခဲ့သည်။ မတင်၊ မမှုန်ကြီး၊ မလှဖွေး၊ မောင်စိုးတင်၊ မောင်စိုးရှင်ဟူ၍ သားသမီးငါးဦးရှိရာ ကြာနီကန်ဆရာတော် လောင်းလျာ မောင်စိုးတင်သည် လေးဦးမြောက်ဖြစ်သည်။ ၁၃၀၀ ပြည့် အရေးတော်ပုံကြီးပေါ်ပေါက်နေချိန်တွင် မိုးခေါင်ရေရှားမှုကြောင့် ကျွဲ၊ နွား တိရစ္ဆာန်များ သေကြေပျက်စီးကြသောကြောင့် ဦးရှိန်နှင့် ဒေါ်ဒွန်းတို့သည် သားသမီးများနှင့်အတူ ကြာနီကန်ရွာ၏ အရှေ့အရပ်ရှိ လျှော်ဖြူပင်ရွာသို့ ပြောင်းရွေ့ကာ လယ်လုပ်ခြင်း၊ ကျွဲနွား၊ သိုး၊ ဆိတ် မွေးမြူခြင်းအလုပ်ဖြင့် အသက်မွေး ဝမ်းကျောင်းကြသလို မိခင်ကြီးကလည်း ဒေသထွက်ကုန်များကို ရောင်းဝယ်ဖောက်ကားခဲ့သည်။ ထိုလျှော်ဖြူပင်ရွာသည်လည်း မကြာခဏဆိုသလို လူဆိုးဓားပြများ၏ လုယက်တိုက်ခိုက်မှုကို ခံနေရသောကြောင့် ၁၃၀၂ ခုနှစ်တွင် ကြာနီကန်ရွာသို့ ပြောင်းရွေ့ခဲ့သည်။

ပညာသင်ကြားခြင်းပြင်ဆင်

မောင်စိုးတင်နှင့် မောင်စိုးရှင်တို့အား ပညာသင်ကြားရန်အလို့ငှာ ဓမ္မကထိက ဒုတိယ တောင်ကြာနီကန်ဆရာတော် ဦးဝဏ္ဏထံ သို့ အပ်နှံလိုက်ကြသည်။ ဆရာတော်ဦးဝဏ္ဏသည် ကျမ်းဂန်ပိဋကတ် ကျွမ်းကျင်နှံ့စပ်၍ မတ္တရာ တစ္နယ္လုံးရွိ ဝိနိစ္ဆယအဆုံးအဖြတ်များကို တာဝန်ယူ ဆောင်ရွက်ပေးရသော မဟာနာယက ဆရာတော်တစ်ပါးဖြစ်သည်။ ထို့အပြင် ဗိသုကာပညာ၊ ဂဏန်းသင်္ချာပညာနှင့် ပန်းရန်အတတ်၊ ကနုတ်ပန်းအတတ်ပညာတို့ကိုပါ ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားသလို ဘုရားတည်ဆောက်ပုံ သတ္တဌာနထားရှိပုံနှင့် နက္ခတ်ဗေဒင်ကအစ ရင်းနှီးကျွမ်းဝင်သည့် ဆရာတော်တစ်ပါးဖြစ်သည်။

ဆရာတော်ကြီး၏ သင်ပြမှုကြောင့် အခြေခံ စာပေများကို တစ်နှစ်အတွင်း ပြီးမြောက်အောင်မြင်ခဲ့သည်။ သုံးနှစ်ခန့် သင်ကြားပြီးသောအခါ မောင်စိုးတင်သည် ကျောင်းသားကိုရင် လေးဆယ်ကျော်တို့အား ထပ်ဆင့် သင်ကြားပေးရသည့် လက်ထောက် ဆရာပေါက်စလေးတစ်ဦး ဖြစ်လာခဲ့သည်။

ရှင်သာမဏေဝတ်ခြင်းပြင်ဆင်

မောင်စိုးတင် ၁၂ နှစ်သားအရွယ်ရောက်သောအခါ မိဘနှစ်ပါးက သားသမီးများကို ရှင်ပြုနားသ အလှူတော်မင်္ဂလာပွဲကြီး ကျင်းပပေးလေသောကြာင့် မောင်စိုးတင်မှာ ကိုရင်ဇဋိလ အမည်ဘွဲ့တော်ဖြင့် ရှင်သာမဏေ ဝတ်ခဲ့သည်။ ထို့နောက်တွင် ကိုရင်ဇဋိလသည် သဒ္ဒါ၊ သင်္ဂြိုဟ်၊ ဇာတ်ကြီးဆယ်ဘွဲ့၊ ဋီကာ၊ ရူပသိဒ္ဓိ၊ ဝိနည်း၊ မာတိကာ၊ ဓာတုကထာ၊ ယမိုက်၊ ပဌာန်း၊ ဆန်း၊ အလင်္ကာ၊ အဘိဓာန်၊ န်ာသ၊ မောဂ္ဂလာန်၊ ဂဠုန်ပျံဝိဂြိုဟ်နှင့် ရှင်နှောင်းငယ်ပျို့တို့ကို သင်ကြားတတ်မြောက်ခဲ့သည်။ ထို့အပြင် ဆရာတော်ဦးဝဏ္ဏမှ တရားဟောပုံဟောနည်း၊ စကားပြောပုံပြောနည်း၊ အနုပညာ၊ ပန်းချီ၊ ပန်းပု၊ ရေဆေးဓာတ်ပုံပညာနှင့် စက်မှုပညာပါမကျန် သင်ကြားခွင့် ရရှိခဲ့ကြသည်။ ထို့ကြောင့် ရှင်ဇဋိလအသက် ၁၆နှစ်ကျော် ၁၇ နှစ်အရွယ်ရောက်သောအခါ ဆရာတော်ဦးဝဏ္ဏ အုပ်ချုပ်သည့် သံဃာ့ဥပုသ်ပြု ဂိုဏ်းနှစ်ခုလုံးမှာ ရှင်မွန်လှတစ်ပါး ဟု ရေပန်းစားကျော်ကြားခဲ့သည်။

သီချင်းဝါသနာကြီးမားပုံပြင်ဆင်

ဤသို့ ကျော်ကြားသလို တစ်ဖက်မှာလည်း ဆရာတော်လစ်ရင် လစ်သလို သီချင်း ခိုးခိုးဆိုတတ်သည်။ သီချင်းတစ်ပုဒ်ကို သုံးခေါက်နားထောင်ရုံနဲ့ အလွတ်ရသည်။ ထို့ကြောင့်လည်း သီချင်းအပုဒ်ရေ လေးရာကျော်အထိ အလွတ်ရသည်။ ခင်မောင်ရင်၊ ရွှေကျီးညို၊ ပဲခူးမြတို့ကတော့ သူ့အကြိုက်ဆုံး အဆိုတော်များဖြစ်ကြသည်။ ကျောင်းမှာလည်း ဓာတ်စက် တစ္လုံး အသင့်ရှိနေသည်မို့ အခွင့်သင့်လာတိုင်း သီချင်းဖွင့်လေ့ရှိသည်။ ဖွင့်သည့်အခါ ရွာထဲက လူငယ်လူရွယ်များလည်း လာရောက်နားထောင်ကြသည်။

သီချင်းဆိုနေခြင်းကြောင့် ဆရာတော်ဦးဝဏ္ဏ၏ ဒဏ်ပေးခြင်းကိုလဲ မကြာခဏခံရလေ့ရှိသည်။

ဖခင်ကြီးအနိစ္စရောက်ခြင်းပြင်ဆင်

ဘုန်းကြီးဦးဝဏ္ဏသည် ရှင်ဇဋိလအား မကြာမကြာ ဒဏ်ပေးတတ်သော်လည်း စာတော်သည့် ရှင်ဇဋိလကို အလွန်ချစ်ခင်သည်။ အားလည်းကိုးသည်။ ထို့ကြောင့် အနီးတွင် ခေါ်ထားပြီး မိမိကြွရာကိုလည်း အပါခေါ်သွားလေ့ရှိသည်။ အနီးတွင် ခေါ်ဆောင်ထားသော်လည်း တပည့်၏ တက်လမ်းကို ပိတ်ပင်ခြင်းမပြုဘဲ မန္တလေးသို့ ပညာသင်လွှတ်ရန် စီမံလေ၏။ ထိုသို့ စီမံနေဆဲတွင် ရှင်ဇဋိလ၏ ဖခင်ကြီးမှာ ကွယ်လွန်ခဲ့သည်။ ထို့ကြောင့် ဖခင်၏ လုပ်ငန်း အမွေဆက်ခံရန် အစ်ကိုဖြစ်သူ ရှင်ဇဋိလကို မိခင်ကြီးက အားကိုးတကြီးနှင့် လူထွက်ရန် တောင်းဆိုလေသည်။ ရှင်ဇဋိလသည် ယခင်က ကိုရင် တစ်ကြိမ်ထွက်ခဲ့ဖူးသည်။ လူအများကြား ပုဆိုးခဏခဏ ကျွတ်ကျွတ်ကျ၍ ရှက်ပြီး ကိုရင်ပြန်ဝတ်ခဲ့ရသည်။ ယခု မိခင်ကြီးက ကိုရင်ထွက်ပါဟု တောင်းဆိုလာသောအချိန်တွင်ကား ရှင်ဇဋိလသည် ဘုရားသာသနာတော်မြတ်ကြီးကို အလွန်ချစ်မြတ်နိုးနေမိပြီဖြစ်သည်။ ထို့ကြောင့် ကိုရင်မထွက်လိုဟု ငြင်းဆိုလိုက်၍ ညီဖြစ်သူ ရှင်ဝိမလမှ ကိုရင်ထွက်ပေးခဲ့ရသည်။

ရဟန်းဖြစ်ခြင်းပြင်ဆင်

အသက်နှစ်ဆယ် ပြည့်မြောက်ချိန်တွင် ဘုန်းကြီးဦးဝဏ္ဏက ကိုယ်တိုင် ရဟန်းခံပေးရန် စီစဉ်ခဲ့သော်လည်း ရှင်ဇဋိလ၏ မယ်တော်ကြီးက ကိုယ်တိုင် ပဉ္ဇင်းခံပေးလိုပါသည်ဟု အကြိမ်ကြိမ် တောင်းပန်မှုကြောင့် နောက်ဆုတ်ပေးလိုက်သည်။ ထို့ကြောင့် မယ်တော်ကြီး ဒေါ်ဒွန်းမှ ရှင်ဇဋိလအား ၁၃၁၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၅ ရက်နေ့တွင် ဆရာရင်း ဦးဝဏ္ဏအား ဥပဇ္ဈာယ်ပြုလျက် ဦးဇင်းတစ်ပါးအဖြစ်သို့ ရောက်ရှိခဲ့သည်။

ထိုရဟန်းခံပွဲ ပြီးသောအခါတွင် အရှင်ဇဋိလအား ပထမဆုံးအနေနှင့် တရားဟော ရေစက်ချ ခိုင်းခဲ့သည်။ အရှင်ဇဋိလသည်လည်း ပရိသတ်အား အသံအားကောင်းကောင်းနှင့် ဟောကြားလေသည်။ ရေစက်ချပြီးသောအခါ ပရိသတ်များက အသံကောင်း၊ အဟောကောင်း၊ အပြောကောင်းပြီး ဥပဓိရုပ် ကောင်းလှသည်ဟု ချီးကျူးကြပြီး ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကြလေသည်။

စာသင်တိုက်ပို့ခြင်းပြင်ဆင်

ဆရာတော်ဦးဝဏ္ဏသည် မိမိတပည့်အား မန္တလေးမြို့ စာသင်တိုက်သို့ ပို့ရန် စီစဉ်ခဲ့ရာ ခင်မကန်တိုက် အရှင်ဇဋိလ၏ ဦးရီးတော်စပ်သူ စာချဆရာတော် ဦးဇာဂရထံ အပ်နှံကာ ပညာသင်စေခဲ့သည်။

တစ်နေ့တွင် မြို့တွင်းသို့ ဆွမ်းခံကြွလာစဉ် ကျောင်းသူတစ်ယောက် စီးလာသော စက်ဘီးနှင့် ဝင်တိုက်မိလေသည်။ သပိတြ္လတ္က် ၊ ဆွမ်းအစ်ခွက်တွေ မြေပေါ် ပြန့်ကျဲပြီး ရထားသမျှ ဆွမ်းနှင့် ဆွမ်းဟင်းတွေ မြေပြင်ပေါ် ပလဲကုန်သည်။ ယောင်္ကျားခြင်းဆိုရင် နပမ်းချရ အကောင်းသား မိန်းမသားဖြစ်နေ၍ မနည်း သီးခံပြန်ခဲ့ရသည်။ ကျောင်းပြန်ရောက်သောအခါ ထိုအဖြစ်အပျက်ကို ကဗျာကောက်စပ်ပြီး မန္တလေးထုတ် သတင်းစာတစ်စောင်မှာ ထည့်လိုက်ရာ ထိုကဗျာ ပါလာတော့သည်။


နောက်ရက် ဆွမ်းခံကြွချိန် စက်ဘီးနှင့် တိုက်ခံရသော နေရာသို့ ရောက်လာသောအခါ ရပ်စောင့်နေသည့် ကျောင်းသူလေးကို တွေ့ရသည်။ ပြီးနောက် အရှင်ဇဋိလကို တောင်းပန်ရှာသည်။ နောက် သတင်းစာထဲက ကဗျာက တပည့်တော်မကို စောင်း ရေးတာ မဟုတ္လားဘုရားဟု မေးရာ မျက်နှာပူပူဖြင့် အဲဒါ တည့်တည့်ရေးတာပဲဟု ပြန်ပြောရလေ၏။ ထိုအခါက ကျောင်းသူလေးက သူမ အိမ်သို့ ဆွမ်းခံကြွရန် လျှောက်ထားသဖြင့် ဆွမ်းခံအိမ်တစ်အိမ်တိုးခဲ့ရလေတော့သည်။ တစ်ရက်တွင်လည်း ဦးဇဋိလ ဆွမ်းခံကြွလာခဲ့သည်။ ဗမာအမျိုးသမီးနှင့် ညားထားသည့် တရုတ်ကြီး အိမ်ရှေ့ ရောက်သောအခါ ထိုအမျိုးသမီးကို မြင်လိုက်ရ၍ ဆွမ်းရပ်လိုက်သည်။ ထိုစဉ် သတင်းစာဖတ်နေသည့် တရုတ်ကြီးက အရင်မြင်ပြီး သူ့မျက်နှာကို သတင်းစာနှင့် ကွယ်သွားသည်။ တခဏအကြာ သတင်းစာရွက် နှိမ့်ပြီး လှမ်းကြည့်ရာ အရှင်ဇဋိလ မပြန်သေး၍ ပြန်ကွယ်သွားသည်။ ဗမာအမျိုးသမီးက မီးဖိုဆောင်ထဲ အလုပ်ရှုပ်နေ၍ ဦးဇဋိလ အား မတွေ့ပေ။ တရုတ်ကြီးက တတိယအကြိမ် ခိုးကြည့်ပြန်ရာ ရပ်နေဆဲ ဦးဇဋိလကို တွေ့ရ၍ စိတ်မရှည်နိုင်တော့ဘဲ ဟေ့..ဘုန်းကြီး သွား သွားဟု နှင်ထုတ်တော့သည်။


ဦးဇဋိလကလည်း မသွားဘဲ ပေကပ်ရပ်နေသည်။ ဟေ့..ဘုန်းကြီး ဆြားလို့ ပြောနေတာ မကြားဘူးလား ဆွားလေ ဟု ထပ်၍ နှင်ထုတ်ပြန်သည်။ ထိုအခါ ဦးဇဋိလလည်း လူပါးဝသည့် တရုတ်ကြီးအား အဟုတ်ကြီးဒေါပွားကာ သပိတ်ကတ္တရာပေါ်ချပြီး နပမ်းဝင်လုံးတော့သည်။ သည်အခါမှ မီးဖိုဆောင်ထဲက အမျိုးသမီးက အသံကြားလို့ ပြေးဝင်လာပြီး တောင်းပန်ရှာသည်။ ဦးဇဋိလအား ကျကျနနထိုင်ခိုင်းပြီး ကန်တော့သည်။ နောင် အမြဲဆွမ်းခံကြွဖို့လည်း လျှောက်ထားလေ၏။ ဦးဇဋိလမှာ နပမ်းတန်ခိုးနှင့် ဆွမ်းခံအိမ် တစ်အိမ်တိုးခဲ့ရပြန်လေ၏။ အရှင်ဇဋိလသည် ယင်းခင်မကန်တိုက်မှာပင် အငယ်တန်း၊ အလတ်တန်းနှင့် အကြီးတန်းတို့ကို မပင်မပမ်း အောင်မြင်တော်မူလေသည်။ ဦးရီးတော်က ငယ်လတ်ကြီးအတန်းတွေကို စာဝါပို့ချခိုင်းစေသောကြောင့်လည်း ပို့ချပေးရသည်။ ရဟန်းဝါ လေးဝါအရတွင် ဦးရီးတော်က စာချတန်းကို ကိုးကျမ်းလုံး နှစ်ချင်းပေါက် ပြီးစေလိုသောကြောင့် နေ့ညမအား ကြိုးစား၍ ပို့ချပြသပေးသည်။ သို့သော် ထိုအချိန်မှာ အရှင်ဇဋိလက တရားပြဲမ်ား ဟောကြားနေရပြီမို့ ဆွမ်းကွမ်းမရှား၊ လာဘ်လာဘလေးများလည်း ရွှင်လာသည်။ ပင်ကိုယ်က အဟောအပြော ဝါသနာကြီးလှသည်မို့ စာပေသင်ယူရေးထက် ဟောရေးကို ပိုအားသန်သလိုရှိလာသည်။ မန္တလေးမြို့နေ ကြာနီကန်ရွာသား ပွဲစားများဖြစ်ကြသည့် ဦးဘလွန်း ဒေါ်မြမေ၊ ဦးသူတော်၊ ဦးမြဲ၊ စာရေးကြီးဦးစံအေး ဒေါ်သိန်းခင် ၊ ဦးနက်-ဒေါ်ပြိုင်၊ ဦးတင်မောင်-ဒေါ်နှင်းနွယ်၊ ဦးပေ ဒေါ်နှင်းမယ် စေသာ ရွာခံဒါယကာများက အရှင်ဇဋိလကို ပွဲထုတ်ပေးကြသည်။ ရပ်ကွက်ဓမ္မာရုံတွင်လည်း သီလပေးတရား ဥပုသ်နေ့တိုင်း ဟောရသည်။ ထို့ကြောင့် မကြာမကြာ ဝါစာနောက်ကျရသည်။ သီလေပး တရားဟောပြီးကာမှ မြင်းလှည်းနှင့် ကတိုက်ကရိုက်ရောက်လာတတ်သည်။ ထို့ကြောင့် တစ်ရက်တွင် ဦးရီးတော် ဦးဇာဂရက ဤသို့ ဩဝါဒပေးလေ၏။ ပညာသင်ကြားနေသူဆိုတာ ဥဒေါင်းကလေးများကဲ့သို့ ကျင့်ကြရမယ်၊ ခွေးကလေးများကဲ့သို့ မကျင့်ရဘူး။ ဥဒေါင်းဆိုတာ ငယ်စဉ်က အင်မတန် ရုပ်ဆိုးပြီး လူမုန်းတဲ့ရုပ်မျိုး ၊ ကြီးပြင်းလာတဲ့အခါကျမှ အတောင်အလက်တွေစုံပြီး အလှမျိုး စုံလာတဲ့အတွက် အများနှစ်သက်ကြတယ်။ ခွေးလေးများကျတော့ မွေးစမှာ တယ်လှကြတယ်။ ကြီးလာတဲ့ အခါကျတော့ ပုံမပြေ ရုပ်ဆိုးလာတယ်။ ဒါကြောင့် ငယ်ရွယ်စဉ် ပညာသင်ချိန်မှာ ဒေါင်းလိုနေကြ၊ ခွေးလိုမနေကြနဲ့စသည်ဖြင့် ဆုံးမသည်။ သို့သော် အရှင်ဇဋိလ၏ ဓမ္မကထိကပိုးမှာ အရိုးထဲအထိ စိမ့်ဝင်နေပြီဖြစ်ရာ ဦးရီးတော်၏ ဩဝါဒသည်လည်း မတိုးသာတော့ပေ။

ဦးဇဋိလ ဆွမ်းခံကြွလာခဲ့သည်။ ဗမာအမျိုးသမီးနှင့် ညားထားသည့် တရုတ်ကြီး အိမ်ရှေ့ ရောက်သောအခါ ထိုအမျိုးသမီးကို မြင်လိုက်ရ၍ ဆွမ်းရပ်လိုက်သည်။ ထိုစဉ် သတင်းစာဖတ်နေသည့် တရုတ်ကြီးက အရင်မြင်ပြီး သူ့မျက်နှာကို သတင်းစာနှင့် ကွယ်သွားသည်။ တခဏအကြာ သတင်းစာရွက် နှိမ့်ပြီး လှမ်းကြည့်ရာ အရှင်ဇဋိလ မပြန်သေး၍ ပြန်ကွယ်သွားသည်။ ဗမာအမျိုးသမီးက မီးဖိုဆောင်ထဲ အလုပ်ရှုပ်နေ၍ ဦးဇဋိလ အား မတွေ့ပေ။ တရုတ်ကြီးက တတိယအကြိမ် ခိုးကြည့်ပြန်ရာ ရပ်နေဆဲ ဦးဇဋိလကို တွေ့ရ၍ စိတ်မရှည်နိုင်တော့ဘဲ ဟေ့..ဘုန်းကြီး ဆြား ဆြား (သွား) ဟု နှင်ထုတ်တော့သည်။ ဦးဇဋိလကလည်း မသွားဘဲ ပေကပ်ရပ်နေသည်။ ဟေ့..ဘုန်းကြီး ဆြားလို့ ပြောနေတာ မကြားဘူးလား ဆွားလေ ဟု ထပ်၍ နှင်ထုတ်ပြန်သည်။ ထိုအခါ ဦးဇဋိလလည်း လူပါးဝသည့် တရုတ်ကြီးအား အဟုတ်ကြီးဒေါပွားကာ သပိတ်ကတ္တရာပေါ်ချပြီး နပမ်းဝင်လုံးတော့သည်။ သည်အခါမှ မီးဖိုဆောင်ထဲက အမျိုးသမီးက အသံကြားလို့ ပြေးဝင်လာပြီး တောင်းပန်ရှာသည်။ ဦးဇဋိလအား ကျကျနနထိုင်ခိုင်းပြီး ကန်တော့သည်။ နောင် အမြဲဆွမ်းခံကြွဖို့လည်း လျှောက်ထားလေ၏။ ဦးဇဋိလမြာ နပမ်းတန်ခိုးနှင့် ဆွမ်းခံအိမ် တစ်အိမ်တိုးခဲ့ရပြန်လေ၏။ အရှင်ဇဋိလသည် ယင်းခင်မကန်တိုက်မှာပင် အငယ်တန်း၊ အလတ်တန်းနှင့် အကြီးတန်းတို့ကို မပင်မပမ်း အောင်မြင်တော်မူလေသည်။ ဦးရီးတော်က ငယ်လတ်ကြီးအတန်းတွေကို စာဝါပို့ချခိုင်းစေသောကြောင့်လည်း ပို့ချပေးရသည်။ ရဟန်းဝါ လေးဝါအရတွင် ဦးရီးတော်က စာချတန်းကို ကိုးကျမ်းလုံး နှစ်ချင်းပေါက် ပြီးစေလိုသောကြောင့် နေ့ညမအား ကြိုးစား၍ ပို့ချပြသပေးသည်။ သို့သော် ထိုအချိန်မှာ အရှင်ဇဋိလက တရားပြဲမ်ား ဟောကြားနေရပြီမို့ ဆွမ်းကွမ်းမရှား၊ လာဘ်လာဘလေးများလည်း ရွှင်လာသည်။ ပင်ကိုယ်က အဟောအပြော ဝါသနာကြီးလှသည်မို့ စာပေသင်ယူရေးထက် ဟောရေးကို ပိုအားသန်သလိုရှိလာသည်။ မန္တလေးမြို့နေ ကြာနီကန်ရွာသား ပွဲစားများဖြစ်ကြသည့် ဦးဘလွန်း ဒေါ်မြမေ၊ ဦးသူတော်၊ ဦးမြဲ၊ စာရေးကြီးဦးစံအေး ဒေါ်သိန်းခင် ၊ ဦးနက်-ဒေါ်ပြိုင်၊ ဦးတင်မောင်-ဒေါ်နှင်းနွယ်၊ ဦးပေ ဒေါ်နှင်းမယ် စေသာ ရွာခံဒါယကာများက အရှင်ဇဋိလကို ပွဲထုတ်ပေးကြသည်။ ရပ်ကွက်ဓမ္မာရုံတွင်လည်း သီလေပးတရား ဥပုသ်နေ့တိုင်း ဟောရသည်။ ထို့ကြောင့် မကြာမကြာ ဝါစာနောက်ကျရသည်။ သီလေပး တရားဟောပြီးကာမှ မြင်းလှည်းနှင့် ကတိုက်ကရိုက်ရောက်လာတတ်သည်။ ထို့ကြောင့် တစ်ရက်တွင် ဦးရီးတော် ဦးဇာဂရက ဤသို့ ဩဝါဒပေးလေ၏။ ပညာသင်ကြားနေသူဆိုတာ ဥဒေါင်းကလေးများကဲ့သို့ ကျင့်ကြရမယ်၊ ခွေးကလေးများကဲ့သို့ မကျင့်ရဘူး။ ဥဒေါင်းဆိုတာ ငယ်စဉ်က အင်မတန် ရုပ်ဆိုးပြီး လူမုန်းတဲ့ရုပ်မျိုး ၊ ကြီးပြင်းလာတဲ့အခါကျမှ အတောင်အလက်တွေစုံပြီး အလှမျိုး စုံလာတဲ့အတွက် အများနှစ်သက်ကြတယ်။ ခွေးလေးများကျတော့ မွေးစမှာ တယ်လှကြတယ်။ ကြီးလာတဲ့ အခါကျတော့ ပုံမပြေ ရုပ်ဆိုးလာတယ်။ ဒါကြောင့် ငယ်ရွယ်စဉ် ပညာသင်ချိန်မှာ ဒေါင်းလိုနေကြ၊ ခွေးလိုမနေကြနဲ့စသည်ဖြင့် ဆုံးမသည်။ သို့သော် အရှင်ဇဋိလ၏ ဓမ္မကထိကပိုးမှာ အရိုးထဲအထိ စိမ့်ဝင်နေပြီဖြစ်ရာ ဦးရီးတော်၏ ဩဝါဒသည်လည်း မတိုးသာတော့ပေ။ ကြာနီကန်ဆရာတော်အကြောင်းကို သေသေချာချာလေး သိချင်သူများအတွက် အရှင်တေဇပုလဲ ရေးသားထားတဲ့စာစုကို ပြန်လည်ဝေမျှလိုက်ခြင်း ဖြစ်ပါတယ်။

ဓမ္မကထိကဖြစ်ရန်ရူးသွပ်ပုံပြင်ဆင်

အရှင်ဇဋိလ၏ ဓမ္မကထိက ပိုးမြာ ဗန္ဓုလဦးဆိုင်၏ တိုက်သစ်တက်ပွဲတွင် ရန်ကုန်မှ နိုင်ငံကျော် ဓမ္မကထိက ဦးဉေယျ၏ ကြိတ်ကြိတ်တိုး တရားပြဲကို သုံးညတိုင်တိုင် နာယူမိသောအခါ ပိုတိုးလို့ သွားတော့သည်။ တစ်နေ့ ငါလည်း ဦးဉေယျလို နိုင်ငံကျော် ဓမ္မကထိက ဖြစ်ရမယ်လို့ ဆုံးဖြတ်ချက် ချလိုက်သည်။

ထို့ကြောင့်လည်း ထိုတရားပွဲပြီးသောအခါ ဦးဉေယျထံ ဝင်ရောက်ဖူးတွေ့ပြီး ခွင့်တောင်းသည် ။ တပည့်တော် ဓမ္မကထိက ဖြစ်ဖို့ ဝါသနာ ကြီးလွန်းပါတယ်ဘုရား၊ တပည့်တော် ဆရာတော်ကဲ့သို့ ဟောလို၍ ဆရာတော်နောက် လိုက်ခွင့်ပြုပါ ဟူ၍ လျှောက်ထားလေသည်။ ထိုအခါ ဆရာတော် ဦးဉေယျက ဟောချင်ရင် ငါ့လို ပရိသတ်ကြီးများလို့ လေယူလေသိမ်း ကိုက်အောင် ဆိုကြည့်စမ်းဟု စေခိုင်းရာ အရှင်ဇဋိလက ဦးဉေယျ၏ လေယူလေသိမ်း အသံအတိုင်း တူအောင် ပရိသတ်ကြီးများဟုဆိုပြလျှင် ဦးဉေယျမှာ အရှင်ဇဋိလကို စိတ်ကြိုက်တွေ့သွားသည်။ ထို့ကြောင့် ဆရာတော်က နောက်ပွဲတွေခေါ်မယ်၊ အခုတော့ ပညာပဲ ဆက်သင်ဦးဟု မိန့်ကြားသွားခဲ့သည်။ ၎င်းနောက်မှာတော့ အရှင်ဇဋိလသည် ဦးဉေယျ၏ အသံသွင်း ကြိုးခွေများကို နားထောင်ပြီး ဦးဉေယျကဲ့သို့ မတ်တတ်ရပ်၍ ဟောဟန်၊ လေယူလေသိမ်းနှင့် ပရိသတ်ကြီးများ ဟု ခေါ်ပုံကအစ အရူးအမူး လေ့ကျင့်တော့သည်။

ထိုစဉ်က ခုခေတ်လို လွယ်လွယ် တရားနာယူခွင့်မရသေးပေ။ ဗန္ဓုလဦးဆိုင်ထံတွင် သွင်းယူထားသည့် တရားခွေများရှိ၍ သိုသိုသိပ်သိပ်ဖွင့်သည်။ ဗန္ဓုလဦးဆိုင်သည် နံနက်လေးနာရီတွင် ဘုရားဝတ်တက်ပြီး ငါးနာရီတွင် ဆွမ်းလောင်းသည်။ ငါးနာရီနှင့် ခုနှစ်နာရီအကြား၌ ဦးေဥယျ၏ တရားတော်များကို ဖွင့်လေ့ရှိသည်။ ထိုအချိန်ဆိုလျှင် အရှင်ဇဋိလသည် ၎င်းအိမ္နား မြက်ခင်းပြင်တွင် သပိတ္ခ် ၊ သင်္ကန်းခင်းပြီး ဖွင့်သမျှ မပြီးမချင်း နာယူသည်။ အိမ်ထဲသို့ ဝင်ခွင့်ရလျှင်လည်း ဝင်ပြီး ကျုပ် သိပ်ဝါသနာကြီးလွန်းလို့ပါဗျာ၊ ဦးဉေယျ တရားခွေတွေ ဖွင့်ပေးစမ်းပါလို့ ခခယယတောင်းပန်ပြီး မပြီးမချင်း နာယူတတ်သည်။ ဗန္ဓုလဦးဆိုင်ကလည်း တစ်ပုဒ်ဆုံးသည်နှင့် တပည့်တော်တို့ မအားသေးလို့ပါ ဘုရား၊ ဒါပဲဆိုပြီး ပိတ်လိုက်၍ အားမလို အားမရ ပြန်ခဲ့ရသည်။

ပြန်လာရာလမ်းတွင်လည်း ဦးဉေယျတရားဖွင့်သံကြားက ကြားတဲ့နေရာမှာ ရပ်ပြီး မဆုံးမချင်း နာယူသည်။ ဘယ်လောက်နာနာ ကြီးငွေ့သွားခြင်းမရှိသည့်အပြင် တရားဆုံးသွားမှာကိုပင် နှမျောနေသည်။ တစ်ခါတလေများဆို လမ်းမှာရပ်ပြီး တရားနာနေလို့ ဆွမ်းခံပင် မကြွလိုက်ရပေ။ ထိုအချိန်မျိုးဆိုလျှင် ဆွမ်းဒကာရင်း ပွဲစားကြီး ဦးမြဲ အိမ်သို့ ခပ်သုတ်သုတ်ကြွကာ ကျုပ် တရားနာနေလို့ နေမြင့်သွားတယ်၊ ဆွမ်းသာ လောင်းလိုက်ပါ ဟု အလှူခံပြီး ကျောင်းပြန်ခဲ့ရတာလည်း အကြိမ်ပေါင်းမနည်းပင်။ ဆရာတော် ဦးဉေယျ၏ အင်္ဂုလိမာလတရားကို နာပြီး ညတစ်နာရီထိုးချိန်ကြီးမှာ မအိပ်သေးဘဲ ဦးဉေယျ ဟန်အတိုင်း မတ်တတ်ရပ်ပြီး လေ့ကျင့်သည်။ ဦးဉေယျ၏အသံသည် မထေ့တထေ့လေးနှင့် ပရိသတ်ကြီး မှန်ရဲ့လား ဆိုပြီး လားကို မပီတပီ ဆိုလေ့ရှိသည်။ ပြီးတော့မှ ဟေ့ပရိသတ်ကြီး မှန်ကြရဲ့လားဆိုတာကို အသံမြှင့်ပြီး မင်းသားကြီးအသံနှင့် ထပ်ဆင့်တတ်သည်။ ပြီးလျှင် တစ်ဆင့်တက်ပြီး မှန်တယ် ပရိသတ္တို့ မှန်လွန်းလို့ ခက်ကုန်ပြီ ဟု ဆိုကာ ပရိသတ်ကို အပါခေါ်သွားလေ့ရှိသည်။

အရှင်ဇဋိလလည်း ထိုနည်းအား အတုယူကာ အင်္ဂုလိမာလ တရားကိုဟောရင်း ပရိသတ်ကြီး မှန်ရဲ့လား ဟု မေးမေးပြီး လေ့ကျင့်နေလေသည်။ ထိုစဉ်မှာပဲ အောက်ထပ်မှာ ကျိန်းနေတဲ့ ဦးရီးတော်ဘုန်းကြီးက သူတောင်းစားနှယ် သူများတွေ အိပ်နေ၊ နင်က ဘယ်သူ့ လက်နက်ချခိုင်းနေတာလဲ ဆိုသည့် ဆူသံကြီးကြားရ၍ ကပျာကယာ ထိုင်ချလိုက်ရသည်။ ထိုတစ်ညေတာ့ ဆက် မဟောရဲတော့ပေ။

နောက်ပိုင်းတွင် အရှင်ဇဋိလသည် မည်သည့်ဓမ္မကထိက ဖြစ်စေ နာတတ်လျှင် အမြတ် ဟုမွတ္ကာ တရားပြဲရွိရာ မေးမြန်းစုံစမ်းပြီး အရောက်သွားပြီး နာယူသည်။ နည်းယူလေ့လာခဲ့သော အကျော်အမော်ဆရာတော်များမှာ မင်းကွန်းတိပိဋကဓရ ဆရာတော်၊ သီတဂူဆရာတော်၏ ငယ်ဆရာ အနီးစခန်းဆရာတော်၊ ဝိဇ္ဇောဒယဆရာတော်၊ ဆေးဝင်္ကဘာဆရာတော်၊ ကျိုက်ဝိုင်း ဦးဣန္ဒက၊ မန္တလေး ရိပ်သာဆရာတော်၊ နံယောဆရာတော် စသည်ဖြင့် မနာဖူးသည်မှာ မရှိသလောက်ပင်။ ထိုတင်မက လူပုဂ္ဂိုလ် ဓမ္မကထိက အကျော်များဖြစ်သည့် ဦးလှသိန်း၊ ရွှေပြည် ဦးဘတင်၊ ဦးဆန်းထွန်း၊ ရတနာပုံ ဆရာချစ်၊ ဦးတင်အေး၊ ဦးအောင်ဒင်၊ ဦးချစ်မောင်နှင့် အမျိုးသမီး ဓမ္မကထိက မန္တလေး မထွန်းရှင်တို့ကိုပင် အလွတ်မပေး အပြေးနာယူခဲ့သည်။ ထို့ကြောင့် အရှင်ဇဋိလ၏ ဟောပြောမှု စွမ်းရည်မှာလည်း အံ့မခန်း တိုးတက်နေလေတော့သည်။ အရှင်ဇဋိလက ဤသို့ တရားပွဲမှန်သမျှ နာယူပြီး ပြန်ရောက်သည်နှင့် လေ့ကျင့်တော့သည်။ ဒါကို ဦးရီးတော်က ပညာရေးဆုံးခန်း မတိုင်သေး၍ သဘောမကျလှပေ။ ထို့ကြောင့် အရှင်ဇဋိလမှာ နေ့စဉ်ဆိုသလို အဆူခံနေရသည်။


တစ်နေ့ အချစ်ကြောင့်လားရယ်မသိ မောင်မြမောင်မှာ ကြိုးဆွဲချ သေသွားလေသည်။ ညနေပိုင်းမှာ ကြိုးတန်းလန်းနှင့် သေနေသည့် ဂီတသူငယ်ချင်းကြီးကို သွားကြည့်မိသည်။ မျက်လုံးကြီး ပြူးပြီး လျှာကြီးက အပြင်ဘက် ရှည်ထွက်နေသည်။ စိတ်မကောင်းလွန်း၍ ပြန်လာတဲ့ လမ်းတလျှောက် ထိုမြင်ကွင်းက မ်က္လုံးထဲက မထွက်။ ကျောင်း ပြန်ရောက်သောအခါ ကျောင်းတော်ကြီးတစ်ခုလုံးက တိတ်ဆိတ် မည်းမှောင်နေသည်။ ကျောင်းဆောင် တံခါး ဆွဲဖွင့်ပြီး လှမ်းဝင်လိုက်စဉ်မှာ ကျောတပြင်လုံး ချမ်းသီးများ ထသွားသည်။ ထိုစဉ် ဝုန်းဆိုပြီး တစ်ခုခုပြုတ်ကျသံလို အသံကြီးလည်း ထိတ်ထိတ်လန့်လန့် ကြားရသည်။ မြမောင် လိုက်လာပြီဆိုတာ စိတ်ထဲက ထင်လိုက်၍ ရှင်ဇဋိလ မတရား ကြောက်လန့် ပျာယာခတ်သွားသည်။ တုန်ယင်သော လက်တို့နှင့် ဖရောင်းတိုင်ကို လိုက်စမ်းယူပြီး မီးခြစ်ကို ခြစ်မည်အပြု ဗီရိုပေါ်မှ ညောင် ဟူသော အသံထွက်လာသည်။ မြမောင် မဟုတ်ဘဲ အလှကြောင် ဖြစ်နေကြောင်း သိလိုက်ရတော့ ကြောက်စိတ်မှ ဒေါသစိတ်ပြောင်းကာ ထိုကြောင်ကို လိုက်ရိုက်မိလေသည်။ ကံကောင်းလို့ မကျိုး။ သည်အဖြစ်အပျက်မှာ သူငယ်ချင်း အချစ်ကြောင့် ကြုံခဲ့ရသည့် ဒုက္ခတစ်ခု ဖြစ်သည်။ နှလုံးသား အချစ်ကြောင့်လည်း ဒုက္ခတစ်ခု ကြုံဖူးသည်။

တစ်နေ့ ကြာနီကန်ကျောင်းတိုက်သို့ ညအိပ်ဧည့်သည်များ ရောက်ရှိလာကြသည်။ ထိုအထဲတွင် ရှင်ဇဋိလနှင့် အရွယ် မိန်းမပျိုလေးတစ်ဦးလည်း ပါလေ၏။ ၁၆၊ ၁၇ ဆိုသည်မှာ စိတ် ကစားတတ်သည့်အရွယ်မို့ အရွယ်တူ မိန်းမလှလေး မြင်ရသည့်အခါ ရှင်ဇဋိလမှာ လူငယ္တို့ ဘာသာဘာဝ မြင်မြင်ချင်း ချစ်ခင်စုံမက်မိသည်။ ထိုမိန်းကလေးအား ရင်တွင်းအသည်းက စွဲမြဲစွာ ချစ်နေမိသော်လည်း သူမထံသွား၍ ဇက်ဇက်ရဲရဲ စကား မဆိုရဲ။ ဝေးရာကသာ ငေးကာကြည့်ခြင်းကသာ သူ၏ အပြောင်မြောက်ဆုံး သတ္တိ။ မြတ်နိုးစွာ ခိုးကြည့်မိတိုင်း သူမမွာ ထိုင်လျက်သာ တွေ့မြင်ရသည်မို့ ဆင်မယဉ်သာ လမ်းလျှောက်ဟန်လေးကိုလည်း မြင်ချင်စမ်းပါဘိ။


ရှင်ဇဋိလ ခိုးခိုးကြည့်နေတာကို ကျောင်းရှိဦးပဉ္ဇင်းများပင် ရိပ်မိသိရှိသွားသည်။ ထိုအခါ ဦးပဉ္ဇင်းများက ကြိုက်ရင် ခိုးကြည့်မနေနဲ့ စာပေးရတယ်ကွ ဟု စနောက် မြှောက်ပင့်ပေးကြသည်။ နောက်ဆုံးမှာတော့ အရဲစွန့်ပြီး စာပေးရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် အမြဲထိုင်နေတတ်သည့် မိန်းမချောလေး ထံသွား၍ ရေးထားသော ရည်းစားစာကို မျက်စိစုံမှိတ် ပေးလိုက်တော့သည်။ နောက်တစ်ရက်တွင် ထိုမိန်းမချောလေးက ရှင်ဇဋိလအား သူမနှင့် လာတွေ့ရန် ချိန်းဆိုသည်။ ချိန်းဆိုသည့် နေရာက လူသူကင်းရှင်းသည့် ချောင်ကျကျ နေရာမဟုတ်ဘဲ ကျောင်းထိုင် ဆရာတော်ကြီး၏ ရှေ့မှောက်တွင် ဖြစ်သည်။ မည်သို့ဖြစ်ဖြစ် မြတ်နိုးသူက ချိန်းဆိုသည်မို့ ဆရာတော့်ကျောင်းဆောင်သို့ ချိန်းထားသည့် အချိန်တွင် အေရာက္လာခဲ့ရာ ဆရာတော့်ရှေ့တွင် ထိုင်လျက် ရောက်နှင့်နေသည့် သူမကို တွေ့ရသည်။ ရှင်ဇဋိလ ဝင်လာသည်အား မိန်းမချောလေး မြင်လေသောအခါ ထိုမိန်းမချောလေးက ဆရာတော်အား ဦးခ်၍ ထသွားလေတော့သည်။ ထိုအခါ ရှင်ဇဋိလ မွာ အံ့အားသင့်သွားသည်။ အကြောင်းမှာ ထိုမိန်းမချောလေးသည် မွေးရာပါ ခြေမသန်စွမ်းသူ ဒုက္ခိတမလေး တစ်ဦးဖြစ်နေသောကြောင့်တည်း။ တပည့်တော်မလို ဒုက္ခိတမကြောင့် မြင့်မြတ်တဲ့ ကိုရင်ဘဝကို မစွန့်လွှတ်ချင်ပါနဲ့ ဘုရား ဟု နှုတ်နှင့် မပြောဘဲ အပြုအမူဖြင့် ပညာသားပါပါ ဆုံးမသွားခြင်း ဖြစ်ပေသည်။ ချစ်မိပြီဆိုလျှင် ကျောက ဘုကြီးတောင် မြင်နိုင်စွမ်း မရွိ ဟု ဆိုစကားရှိသည်။ သို့သော်လည်း မိန်းမပျိုလေးက ကောင်းကောင်းကြီး ဆုံးမသွားသည်မို့ ချစ်ပင် ချစ်ငြား ရှေ့မတိုးအားတော့ပေ။

ရဟန်းဖြစ်ခြင်းပြင်ဆင်

သို့နှင့် ရှင်ဇဋိလမှာ အသက်နှစ်ဆယ် ပြည့်မြောက်ခဲ့လေသည်။ ထို့ကြောင့် တပည့်ရင်းမို့ သားရင်းပမာ ချစ်ခင်ရှာသည့် ဘုန်းကြီးဦးဝဏ္ဏက ကိုယ်တိုင် ရဟန်းခံပေးရန် စီစဉ်သည်။ သို့သော် ရှင်ဇဋိလ၏ မယ်တော်ကြီးက ကိုယ်တိုင် ပဉ္ဇင်းခံပေးလိုပါသည်ဟု အကြိမ်ကြိမ် တောင်းပန်မှုကြောင့် ကဲဒါဖြင့် မေအ ဆိုတော့ ဘယ်ငြင်းသာမလဲ ခွင့်ပြုပေးရမှာပေါ့ဟုဆိုကာ နောက်ဆုတ်ပေးလိုက်သည်။ ထို့ကြောင့် မယ်တော်ကြီး ဒေါ်ဒွန်းမှ ရှင်ဇဋိလအား ၁၃၁၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၅ ရက်နေ့တွင် ဆရာရင်း ဦးဝဏ္ဏအား ဥပဇ္ဈာယ်ပြုလျက် ဦးဇင်းတစ်ပါးအဖြစ်သို့ ရောက်ရှိခဲ့သည်။ ထိုရဟန်းခံပွဲ ပြီးသောအခါတွင် ဆရာတော်ဦးဝဏ္ဏက မိမိတပည့်၏ ပညာအစွမ်းကို အရောင်ထင်စေလိုသောဆန္ဒနှင့် အရှင်ဇဋိလအား ပထမဆုံးအနေနှင့် တရားဟော ရေစက်ချ ခိုင်းလေသည်။ အရှင်ဇဋိလသည်လည်း ပညာရဲရင့်၍ ပွဲအလယ်တွင် တွန့်မနေဘဲ ခြောက်ပေ၊ သုံးလက်မခန့်ရှိ သူ့အရပ်ကြီးနှင့် ပရိသတ်အကြားသို့ ခြင်္သေ့တစ်ကောင်ကဲ့သို့ ရဲရင့်စွာ လှမ်းဝင်ခဲ့သည်။ ဓမ္မာသန ပလ္လင်ရင်းသို့ ရောက်သောအခါ အော်ဒါမှာစီးရသည့် ဆယ့်နှစ်လက်မခွဲခန့်ရှိ ဖိနပ်ကြီးကို ချွတ်လိုက်သည်။ ပလ္လင်ပေါ် ထိုင်လိုက်သောအခါ ၁၆၄ ပေါင်ရှိသည့် သူ့ခန္ဓာကိုယ်၏ အလေးချိန်ကြောင့် ပလ္လင်မှာ ညွှတ်သွားသည်ဟုထင်ရသည်။ ထို့နောက် စူးရွေတာက္ပေသာ မျက်လုံးများနှင့် ပရိသတ်အား အသံအားကောင်းကောင်းနှင့် နှုတ်စွမ်းပြ ဟောကြားလေသည်။ ရေစက်ချပြီးသောအခါ ပရိသတ်များက အသံကောင်း၊ အဟောကောင်း၊ အပြောကောင်းပြီး ဥပဓိရုပ် ကောင်းလှသည်ဟု ချီးကျူးကြပြီး ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကြလေသည်။ နိုင်ငံကျော် ဓမ္မကထိကကြီးဖြစ်ပါစေဟုလည်း ဆုတွေ အထပ်ထပ် ပေးသွားကြလေသည်။ ဘုန်းကြီးဦးဝဏ္ဏသည် ကိုယ်တိုင်လည်း ဓမ္မကထိကဖြစ်ပြီး ပါဠိသက်သက်ဖြင့် သုတ္တန်အဟောတွေမှာ နာမည်ကြီးသလို တပည့်တွေကိုလည်း လက်တွေ့သင်တန်း ပေးသည့်အနေနှင့် သာရေး နာရေးများတွင် ဟောပြောစေခဲ့သည်။ အရှင်ဇဋိလကိုကား အထူးမျှော်လင့်ထားသည်။ မျှော်လင့်ထားသလို ဘုန်းကြီးဦးဝဏ္ဏတပည့် တရားဟောကောင်းသည်ဟု ထိုနယ်တဝိုက်တွင် နာမည်ကျော်ကြားလာလေသည်။


အရှင်ဇဋိလလူထွက်တော့မည်ပြင်ဆင်

တစ်နေ့ အရှင်ဇဋိလ ဂါထာတစ္ပုဒ္ကို စိတ်ပါလက်ပါ ရွတ်ဆိုနေစဉ် ဦးရီးတော်ရောက်လာပြီး ဆူငေါက်လေ၏။ သည်တစ်ကြိမ်တွင် အရှင်ဇဋိလမှာ အင်မတန် ဝမ်းနည်းသွားသည်။ မက္စဖူး စိတ်ဓာတ်လည်း ကျသွားသည်။ ဓမ္မကထိက လုပ်ရန် အိပ်မက်ပင် ဝေဝါးသွားတော့သည်။ မိမိဖြစ်ချင်သည့် ဓမ္မကထိက ဖြစ်ခွင့်မရမှတော့ သာသနာ့ဘောင် မေန ၊ လူထွက်တော့မည် ဟု ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် လူဝတ်ကြောင် ဘဝတွင် အသက်မွေးမြူနိုင်ရန် လက်နှိပ်စက်ရိုက်ပညာ၊ နာရီပြင်ပညာ၊ ဓာတ်ပုံပညာနှင့် စက်ချုပ်ပညာများကို သင်ယူလေတော့သည်။ ထိုသတင်းကို ဦးရီးတော်ဦးဇာဂရ ကြားသိသောအခါ အရှင်ဇဋိလအား ရှေ့မှောက်သို့ခေါ်လေ၏။ ခေါ်ပြီးတဲ့အခါ ဒီနေ့ ညေန လေးနာရီ၊ လမ်းလယ်ဘုရားမှာ သီလေပး ပင့်ထားတယ်၊ အဲဒါ မင်းလိုက်သွားပြီး တရားလေး ဘာလေး တတ်သလောက် မှတ်သလောက် ဟောခဲ့ပေါ့ကွာ ဟု ဆိုကာ ချော့မော့ စေလွှတ်လိုက်လေသည်။

တူတော်မောင်၏ ဝါသနာကို ဘယ္လိုမွ ထိန်းမရနိုင်သည်ကို ကောင်းကောင်း သိရေသာအခါ ဓမ္မကထိက အလုပ်ဟာလည်း သာသနာ ပြန့်ပွားရေးပါပဲ ဟု စိတ်လျော့ကာ အရှင်ဇဋိလ၏ အိပ္မက္ကို ခွင့်ပြုပေးလိုက်ရတော့သည်။ လုပ်ချင်တာ လုပ်ခွင့်ရသွားသည့်အတွက် အရှင်ဇဋိလသည်လည်း လူထွက်မည့် အစီစဉ်ကို ပယ်ဖျက်လိုက်လေတော့သည်။ ထိုစဉ်က အရှင်ဇဋိလ လူထွက်ဖြစ်ခဲ့လျှင် ယနေ့ လူအမ်ားမွာ ကြာနီကန်တရားဆိုသည်ကို နာယူခွင့် ရကြလိမ့်မည် မဟုတ်ပေ။

တရားဟောဖို့လမ်းစပေါ်ပြီပြင်ဆင်

မြစ်သားမြို့ အရှေ့ဘက် ၊ ကသဲကုန်းရွာတွင် ဆောက်လုပ်ဆဲ ဓမ္မာရုံကြီးတစ်ခုရှိသည်။ ထိုဓမ္မာရုံကြီးတွင် တရားဟောလိုလျှင် နိုင်ငံ မကျော်သော်လည်း ဖြစ်ဖြစ်မြောက်မြောက် ဟောတတ်လျှင် ဟောခွင့်ပြုသည်။ တရားဟော လေ့ကျင့်ရေး စခန်းတစ်ခု ဟု ဆိုလျှင် ပိုမှန်မည်ထင်သည်။ နိုင်ငံကျော်ဓမ္မ ထိုသို့ ဟောလာရင်းက ဦးသောင်းတင်၊ ဦးခ်စ္ပို၊ ဦးတင်၊ ဦးကြည်အေး တို့လို အကျိုးတော်ဆောင် ဒကာရင်းများ ပေါ်ပေါက်လာရသလို ပရိသတ်လည်း အတန်အသင့် ရရှိခဲ့လေသည်။ ဤဓမ္မာရုံကြီးသည် အရှင်ဇဋိလအား ကြာနီကန်ဆရာတော်ဟူ၍ နိုင်ငံကျော်ဖြစ်လာစေရန် များစွာ အကူအထောက်ပြုခဲ့ပါသည်။

သီချင်းလည်းရေးသည်။ပြင်ဆင်

ဤသို့ ဓမ္မကထိကဖြစ်ရန် ကြိုးစားနေသလို တစ်ဖက်မှာလည်း မောင်ညွန့်ဝေ ကလောင်အမည်နှင့် သီချင်းများကို ကိုယ်တိုင် ရေးစပ်သည်။ အရှင်ဇဋိလ ကိုယ်တိုင်ရေးသည့် ကြာနီကန် ဖိတ်ခေါ်သံသီချင်းမှာ လွန်စွာနာမည်ကြီးသည်။ ဓာတ်ပြားသီချင်းများစွာကိုလည်း ကူးယူကျက်မှတ်ခဲ့သည်။ ထိုစဉ်က နာမည်ကျော် အဆိုတော်များထဲမှ တက္ကသိုလ် မြကြီး နှင့် မေလှမြိုင်တို့ကိုလည်း အသည်းစွဲသည်။ ဘယ်လောက် အသည်းစွဲသလဲဆိုလျှင် လူချင်းတွေ့ပြီး သီချင်းဆိုပြခိုင်းသည်အထိပင်။

တစ်ခါက မန္တလေးကျုံးနဘေးတွင် မေလှမြိုင်၊ ရန်နိုင်စိန်နှင့် ဝေသာလီ မောင်ဖုန်းတို့ လာရောက် ဖျော်ဖြေကြသည်။ ထိုအခါ အရှင်ဇဋိလသည် ဦးဇနက ဆိုသည့် အတန်းဖော် သူငယ်ချင်းတစ်ပါးကိုခေါ်ကာ ဇာတ်ရုံနောက်ပေါက်မှဝင်၍ မေလှမြိုင်နှင့် သွားတွေ့သည်။ မေလှမြိုင်ကလည်း ရိုရိုသေသေ ဦးချပြီး စကားစမြည် မေးမြန်းလျှောက်ထားရာ အရှင်ဇဋိလက လက်စွမ်းပြချိန်အမည်ရသည့် သီချင်းကို ဆိုပြရန် တောင်းဆိုလေ၏။ မေလှမြိုင်သည် ဆိုခိုင်းသည့် သီချင်းအား ကြည်ကြည်ဖြူဖြူနှင့်ပင် မေးကလေး ထိုးကာ ဇက္ကေလး ငဲ့ကာနှင့် လည်ပင်းကြောထောင်ခြင်း အလျင်းမရှိဘဲ သာသာယာယာ ဆိုပြရာ အရှင်ဇဋိလမှာ နားထောင်လို့ မဝအောင်ဖြစ်ခဲ့ရသည်။ ဓမ္မကထိက ပိုးကြီးသလို သီချင်းရောဂါမှာလည်း နောက်ဆုံးအဆင့် ရောဂါသည် တစ်ယောက်ဟု ဆိုရမည့် သူပါတကား။

ကြာနီကန်ရွာသို့ပြန်ရခြင်းပြင်ဆင်

တစ်နေ့တော့ ဓမ္မကထိကရူး သီချင်းရူး အရှင်ဇဋိလထံမှာ ကျောက်ကြီးရောဂါ ပြင်းထန်စွာ စွဲကပ်လာတော့သည်။ မန်ကျီးစေ့ခန့် ကျောက်ပေါက်ခွက်တို့သည် မျက်နှာတပြင်လုံး ပြန့်နှံ့နေသည်မို့ လူတောမတိုးရဲအောင် ဆိုးဝါးလာသည်။ ရောဂါပြင်းထန်လွန်း၍ ငယ်ဆရာ ဦးဝဏ္ဏနှင့် တူရင်း ကိုကျော်သိန်း၊ မပိုက်မိ တို့က မန္တလေးအထိ လိုက်လာပြီး ကိုယ်ဖိရင်ဖိ ပြုစုပေးကြရသည်။ အနည်းငယ် သက်သာစပြုလာချိန်မှာတော့ ကြာနီကန်ရွာသို့ ပြန်ခေါ်ခဲ့ရပါတော့သည်။ နေ့စဉ်ရက်ဆက် သနပ်ခါးရွက်ကြိတ်ရည်၊ သနပ်ခါးမြစ် သွေးရည်စသည့် ဆေးအမျိုးမျိုးဖြင့် လိမ်းလည်းလိမ်း၊ တိုက်လည်းတိုက်ပြီး ကုသပေးကြရသည်။ တစ်နှစ်ခန့်ကြာမှ အရာအစင်းများပင် မရှိတော့ အောင် ကုသပေးနိုင်ခဲ့ကြပါတော့သည်။ ဤသို့ ရောဂါပျောက်သောအခါ အရှင်ဇဋိလက မန္တလေးသို့ပြန်ပြီး စာချတန်း ပြီးအောင်ဖြေဆိုဖို့ ကြံရွယ်သည်။ သို့သော်လည်း ငယ်ဆရာဦးဝဏ္ဏက မောင်ဇဋိလ ရာ အောက်ခြေသိမ်း စာပေ ကျွမ်းကျင်မှုရှိသားပဲ တော်လောက်ရော့ပေါ့၊ မင်း မယ်တော်ကြီးလည်း အသက်ကြီးပါပြီ၊ လက်ရှိ ကိုရင်တွေကို စာခ်ကြာ၊ တရားလည်း နယ်ထဲ လှည့်ဟောပေါ့၊ ငါ့ သဘောတော့ ဒီအတိုင်း ကြိုက်တာပဲဟု မိန့်ကြားလေသောကြောင့် ဆရာ့ဆန္ဒအတိုင်း ကြာနီကန်ရွာကျောင်းရှိ ဦးဇင်း၊ ကိုရင်နှင့် ကျောင်းသားများကို စာချပေးရင်းနှင့် တရားဟောရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပါတော့သည်။

တရားဟောစထွက်ပြီပြင်ဆင်

ဦးဇဋိလသည် စာပေများ ပို့ချနေရင်းက တရားဟောရန် အကြောင်းဖန်လာသည်။ ဆရာတော်ဦးဝဏ္ဏ၏ ရဟန်းဒကာမိသားစုမှ ဦးအောင်ဘ၏ ခမည်းတော် ကွယ်လွန်လေရာ ထိုပွဲတွင် ဆရာတော်ဦးဝဏ္ဏက တပည့်ဇဋိလ အား တရားဟော စေလွှတ်လိုက်သည်။ ထို့ကြောင့် ဦးဇဋိလ ကြွသွားပြီး တရားပြဲမ်ား ဟောကြားရသည်။ ဟောကြားခဲ့သော တရားတော်များမှာ နိုင်ငံကျော် လူဓမ္မကထိက ဦးလှသိန်း၏ အနန္တဂုဏ်ရည်တွင် ဧရကပတ္တ နဂါးမင်း နှင့် ဥတ္တရလုလင် တို့ ကဿ ပဘုရားလက်ထက်တွင် ကျွတ်တမ်းဝင်ကြပုံကို အသံတူ၊ ဟန္တူ ဟောပြောလိုက်ရာ ပရိသတ်အများမှာ လြန္စြာ အံ့အားသင့် ချီးကျူးပြောဆိုကြလေ၏။

ဦးဇဋိလသည် ထို့နောက်ပိုင်း ဟိုတစ္စ၊ သည်တစ်စ တရားပွဲများဟောနေရင်းက ဒကာရင်းများဖြစ်ကြသော ဦးခ်စ္ပို ၊ ဦးကြည်အေး၊ ဦးတင် တို့က ပင့်လျှောက်သဖြင့် မိမိ စတင်အဟော ကျင့်ခဲ့သည့် ကသဲကုန်းသို့ ကြွကာ ပရိသတ် ၁၀၀၊ ၁၅၀ တို့အား တစ်ည တစ်ဇာတ်ထုပ်နှုန်းဖြင့် ခြောက်ညဆက်တိုက် ဟောကြားပေးခဲ့သည်။ ဟောခဲ့သောတရားများမှာ အောင်ခြင်းရှစ်ပါး၊ အရှင်သာရိပုတ္တရာ မယ်တော်ချွတ်ခန်း ၁ ၊ ၂ ၊ သုဝဏ္ဏသျှံ၊ အဂုင်္လိမာလ၊ သံယောဇ တို့ဖြစ်ကြသည်။

ထို ကသဲကုန်း ပြီးနောက် အင်းဝ ဥယျဉ်ရွာသို့ ကြွ၍ စာသင်ဖက် သူငယ်ချင်းတစ်ပါး၏ ဆောက်လုပ်စ သိမ်တော်ကြီးကို ပြီးစီးအောင်မြင်နိုင်အောင် သူ၏ အဟောစွမ်းရည်ဖြင့် ပြီးမြောက်အောင် ကူညီပေးခဲ့သည်။ ဤသို့နှင့် ဦးဇဋိလသည် တစ်နေရာတွင် တစြ္ပဲမွ ဆယြ္ပဲအထိ ဟောကြားလာခဲ့ရကာ မတ္တရာနယ်သူကြီး ၆၄ တစ်ခုလုံးတွင် မလပ်အောင် ဟောကြားခဲ့ပြီး ဖြစ်သည်။ တရားဟောကြားရင်း နဝကမ္မလေးလည်း အတန်အသင့် ရရွိခဲ့၍ ထိုဝတ္ထုငွေလေးနှင့် အသံချဲ့စက် တစ္လုံး ဝယ်လိုက်သည်။ အသံချဲ့စက်တွင်လည်း ရတနာပုံ ညွန့်ဝေ ဆိုပြီး အင်္ဂလိပ်ဘာသာဖြင့် ရေးထိုးလိုက်သည်။ နောက်ပိုင်းတွင် သာသနာပြု အသုံးစရိတ်အတွက် ပင့်သည့်နေရာသာမက မပင့်သည်နေရာများသို့လည်း ကြွရောက်ပြီး ဟောကြားရန် စိတ်ကူးရလာသည်။ ထို့ကြောင့် လှည်းပေါ် အသံချဲ့စက်တင်ကာ တပည့်များဖြစ်ကြသည့် ကိုဘိုနီနှင့် ကိုကြီးမောင် တို့နှင့်အတူ သာသနာပြုခရီး ထွက်ခဲ့ကြသည်။

မောင်းထုတ်ခံရခြင်းပြင်ဆင်

သို့နှင့် ပထမဆုံး ကြွလာခဲ့သည့် ရွာမှာ သုံးဆယ်ပြေး ရွာဖြစ်သည်။ ထိုရွာလူကြီးမှာ ဘုန်းကြီးလူထွက်ဖြစ်ပြီး အိမ်ခြေ ၆၀၀ ကျော် ၇၀၀ ရှိသည့် ရွာကြီးတစ်ရွာ ဖြစ်သည်။ ထိုရွာထဲသို့ လှည်းမောင်း ဝင်ရန် အားထုတ်ရာ အဝင်မခံဘဲ သူကြီးအမိန့်ဖြင့် တားမြစ်ခံရလေသည်။ သို့သော် လွယ်လင့်တကူ ဇွဲလျော့ခြင်း မပြုဘဲ ရွာအနောက်ဖျားရှိ ကြာနီကန်ရွာသား ကိုသောကြာ၏ အိမ်ရှေ့ ကုက္ကိုလ်ပင်ပေါ် အသံချဲ့စက်တင်ပြီး ဦးလှသိန်း၏ ဥတ္တရလုလင်ဇာတ်ကို ဦးလှသိန်းအသံအတိုင်း ဟောကြားလေ၏။

ထိုအခါ သူကြီးကိုယ်တိုင် လာရောက်၍ ဆရာတော်ဦးဝဏ္ဏ၏ တပည့်မှန်း မသိ၍ တားမြစ်မိကြောင်း တောင်းပန်ပြီး ညတရားပြဲ လျှောက်ထားကာ စီစဉ်ပေးလေ၏။ ထိုဒုတိယည တရားပွဲတွင် ပရိသတ် ၂၀၀ ခန့်ရှိပြီး ဝတ္ထုငွေနှင့် လှူဖွယ်အစုစုတို့ကိုလည်း လှူဒါန်းကြလေသည်။ ထိုမှတဖန် ထိုရွာနှင့် သုံးလေးမိုင်ဝေးသော ဒုန်းကုန်းရွာသို့ ခရီးဆက်ခဲ့ကြလေသည်။ ထိုရွာလူကြီးသည်လည်း ရွာထဲဝင်ရန် တားမြစ်ခံရပြန်သည်။ ဤသို့ တားမြစ်ခံရ၍ စိတ်ပျော့ လက်လျော့လိုက်မည်ဆိုပါက ကြာနီကန်ဟူ၍ နိုင်ငံကျော်ခွင့် ရလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် မည်ကဲ့သို့ အခက်အခဲ ကြုံကြုံ ဇြဲမေလ်ာ့ ရွာထဲလည်း မဝင်ဘဲနှင့် ရွာထိပ်ရှိ ကုက္ကိုလ်ပင်ပေါ်မှာ အော်လံကို တင်၊ သေတ္တာပေါ် ပုဆိုးခင်း ၊ တင်ပလ္လင်ခွေထိုင်ကာ တစ်ကိုယ်တည်း ပရိသတ်မပါ ဗလာ တရားဟောကြားလေတော့သည်။

ဦးဇဋိလ ဟောကြားလိုက်သော တရားအား ကြားနာလိုက်ရသောရွာသားများသည် ထွက်လာကြပြီး တောင်းပန်စကား လျှောက်ထားကြလေ၏။ ရွာထဲသို့ ပင့်ကာ ညတရားပွဲလည်း စီစဉ်ပေးကြလေ၏။ နိုင်ငံကျော် ကြာနီကန်ဆရာတော် ဟု ဖြစ်လာရန် ဤသို့သော ခါးသီးမွုမ်ားကို ကျော်လွှားခဲ့ရသည်။ အောင်မြင်မှု သရဖူကို လွယ်လင့်တကူ ရယူနိုင်ခဲ့ခြင်း မဟုတ်ပေ။

ဦးဇဋိလသည် ထိုသို့သော အခက်အခဲ အငြိုအငြင် မ်ားစြာကို ကြုံတွေ့ရပြီးနောက် ကြံခင်းမြို့ ၊ ကံကြီး၊ ကံပြင်၊ မင်းဂံ၊ ဘုတ်၊ လွန်ဒေါင်း၊ စလွန်ဖြူ၊ တောင်ပြုန်း၊ ငါန်းဇွန်၊ ကသာ၊ မဘိမ်း၊ မိုးမိတ်၊ ဗန်းမော်၊ မြစ်ကြီးနားမြို့တို့တွင် ဘောလုံးကွင်းအပြည့် ပရိသတ်များကို တရားဟောကြားခဲ့ရသည်။ ထိုပွဲများကိုတော့ သာသနာပြုအသုံးစရိတ်အတွက် မဟုတ်တော့ဘဲ မိမိကျောင်းတွင် သုံးထပ်သာသနာ့ဗိမာန်ကြီး ဆောက်လုပ်ရန် ဟောကြားခဲ့ခြင်းဖြစ်သည်။ ဤဗိမာန်တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်မှာ မိမိဆရာဦးဝဏ္ဏအား ကျောင်းကောင်းကောင်းနှင့် သီတင်းသုံးစေလို၍ ဖြစ်သည်။

ဦးဇဋိလ နာမည်ရစပြုလာချိန်မှာ ပုသိမ်ကြီးမြို့နယ်၊ ဆင်ရွာကြီးရှိ ဒေါ်တင်မိသားစုမှ တလတိတိ တရားပွဲပင့်ဖိတ်သဖြင့် ကြွရောက်ဟောကြားခဲ့ရာ တရားတစ်ပုဒ်မှ ထပ်ခြင်းမရှိ၍ တရားနာပရိသတ်မှာ ကြည်ညိုလေးစား အံ့အားသင့်ကြလေ၏။ သို့နှင့် မတ္တရာ၊ ပုသိမ်ကြီးတို့တွင် မဟောဖူးသည့် နေရာမရှိ ဟောပြီးသောအခါ အမရပူရ၊ မန္တလေးတို့သို့ ခြေဆန့်လာခဲ့သည်။ မန္တလေးတွင် စက်ရှင်ရပ် မီးပြဓမ္မာရုံ၊ မြို့မရုပ်ရှင်ရုံ၊ တရုတ်တန်းနှင့် ကုသိုလ်တော်ဘုရားတို့တွင် ဟောကြားခဲ့ရသည်။ သို့သော်လည်း ပရိသတ်မှာ ထောင်ဂဏန်းပင် မပြည့်ပါ။ ထိုအချိန်အထိ ကြာနီကန်ဆရာတော်ဟူ၍ ဖြစ်မလာသေးပေ။

အောင်မြင်မှုလမ်းစပြင်ဆင်

ဦးဇဋိလ အောင်မြင်ရန် လမ်းစအစစ်မှာ မြင်းခြံမြို့ ၁၂ မုဒ်စေတီဟု ဆိုရမည်။ ထိုစေတီပွဲမှာပင် နိုင်ငံကျော် ဓမ္မကထိက ဦးဇဋိလ ဟု ဆိုင်းဘုတ်ဆွဲကာ တစ္လခြဲတိတိ ဇာတ်ပွဲများနှင့် ယှဉ်ပြိုင်ဟောခဲ့သည်။ မြို့တော်သိန်းအောင်က ယနေ့ည က,ပြမည့် ပြဇာတ်အမည်မှာ မိခင်ရွှေလက် တေးပုခက် ကြော်ငြာထားလျှင် ဦးဇဋိလက မေမေ နှင်ထုတ် တေးတစ်ပုဒ် အမည်ပေး၍ အငို၊ အလွမ်း၊ အလင်္ကာ ၊ ဆောင်ပုဒ်၊ ပုံတိုပတ္စမ်ား ညှပ်ထည့်ကာ ဝေဝေဆာဆာ ဟောကြားသည်။ သဘင်သည် မဝင်ရ အမည်နှင့် က,ပြလျှင် ဦးဇဋိလက အနုပညာရှင် ဝင်ချင်ဝင်တရားအမည်နှင့် ကြော်ငြာ၍ အမည်နှင့်တရား လိုက်လျောညီစွာ ဟောကြားခဲ့သည်။ ထို့ကြောင့် ပရိသတ်မှာ ဇာတ်ရုံက ထွက်လျှင် တရားပွဲရောက်လာကြသည်။ ဇာတ်ပွဲများဖြစ်ကြသည့် ဝင်းဗိုလ်၊ ကနက်စိန်၊ ပန္တ်ာ မြဝင်း၊ ရွှေနန်းတင်၊ ငါးမည်ရ တင်သိန်းတို့ ဇာတ်သမားမ်ား ပြောင်းသွားကြသော်လည်း ကြာနီကန်တရားပွဲက ရှိမြဲပင်။ ပရိသတ်များမှာလည်း မြင်းခြံမြို့ပေါ်ကသာ မက နွားထိုးကြီး တောင်သာ၊ တလုတ်မြို့၊ မိတ္ထီလာ၊ တပ်ကုန်း၊ ပျဉ်းမနားတို့မှ လာကြ၍ အလင်းပေါက် နာယူကြသည်။ ထို့ကြောင့်လည်း ဦးဇဋိလ၏ နာမည်ဂုဏ်သတင်းသည် အထူးကျော်ကြားလာခဲ့သည်။ တရားဟောစဉ်ကိုလည်း ယခင်လို ယပ်ထောင် မဟုတ်တော့ဘဲ ယပ်လှဲတရားကို ကိုယ်ပိုင်ဟန်နှင့် ပေါင်းစပ်ပြီး ကောင်းသထက် ကောင်းအောင် ဟောကြားသည်။

ကြာနီကန်ဟု နိုင်ငံကျော်စေရန် ဒုတိယ အကြောင်းရင်းမှာ သပြေတေးသံသွင်းမှ တစ်ပြည်လုံးသို့ ဖြန့်ချိလိုက်ခြင်းဖြစ်သည်။ ထိုအခါ ကြာနီကန်၏ တရားဟောဟန်၊ ခေတ်နှင့်ညီသည့် ဆန်းသစ်မှုတို့ကြောင့် ဦးဇဋိလ၏ တရားမ်ားမွာ တောမီးပမာ တစ်ပြည်လုံးသို့ ပြန့်နှံ့သွားတော့သည်။ ထိုမှတစ်ဆင့် ရန်ကုန်မြို့ စူပါဟိုက်တေးသံသွင်းမှ ထပ်ဆင့် သွင်းယူ ဖြန့်ချိပြန်သောကြောင့် အထက်ပိုင်းနှင့် အောက်ပိုင်းတွင် တဟုန္ထိုး ကျော်ကြားသွားသည်။ နောက်ပိုင်းတွင် တေးသံသွင်းများဖြစ်ကြသည့် စေတမန်၊ အကိုင်း၊ ကရဝိတ်၊ ပုဂံ၊ တေးပုလဲတို့ကလည်း သွင်းယူ ဖြန့်ချိကြရာ တစ်ပြည်လုံးသို့ လွှမ်းခြုံကျော်ကြားသွားတော့သည်။

ဆရာတော်သည် အစပိုင်းတွင် ဝိပဿ နာတရား ဟောကြားပြီး နောက်ပိုင်းကို ဇာတ္ထုပ္ကို ဟောလေ့ရှိသည်။ တေးသံသွင်းများက အရောင်းသွက်သည့် ဇာတ္ထုပ္မ်ားကိုသာ သွင်းယူဖြန့်ချိကြသောကြောင့် အချို့က သီချင်းဆိုပြီး ငိုနေတဲ့ ဘုန်းကြီး ဟု အထင်လွဲကြသည်။ ဆရာတော့်တရားမှာ စီ၉၀ သွင်းမှ ပြည့်စုံမည်ဖြစ်သော်လည်း တေးသံသွင်းများက စီ ၆၀ ထဲ ထည့်သွင်းပြီး ရောင်းချသဖြင့် ဇာတ်ကြော ဖြတ်သွားသည်များလည်းရှိသလို ဇာတ်လမ်းပျက်သွားသည်များလည်းရှိသည်။ ထို့ကြောင့် ဆရာတော်က တရားခွေများအား မိမိမသိဘဲ မဖြတ်တောက်၊ မဖြန့်ချိကြဖို့ မေတ္တာ ရပ်ခံခဲ့ရသည်။ နောင်တွင်တော့ ဆရာတော်နှင့် ဦးဝဏ္ဏတို့ တည်းဖြတ်ပေးပြီးမှသာ တစ်နိုင်ငံလုံးကို ဖြန့်ချိခွင့်ပြုခဲ့သည်။ ၎င်းနောက်မှာတော့ အထက်မြန်မာပြည် အောက်မြန်မာပြည် တရားပွဲများ အားလပ်ရက်မရှိ ဟောကြားရတော့၏။

ငယ်ဆရာပြန်လွန်တော်မှုပြီပြင်ဆင်

ထိုသို့ တရားပြဲမ်ား လှည့်လည် ဟောကြားနေရင်းက အဖလည်းဟုတ်၊ ဆရာလည်းဟုတ်သည့် ဆရာတော် ဦးဝဏ္ဏ ပျံလွန်တော်မူသည့် သီတင်းကို စို့နင့်ကြေကွဲစွာ ကြားသိရသည်။ ထို့ကြောင့် ကြာနီကန်ရွာသို့ ချက်ခြင်း ပြန်လာခဲ့ပြီး ဦးဝဏ္ဏ၏ အန္တိမဈာပနကို ဇာတ်သဘင်၊ အငြိမ့်များဖြင့် တခမ်းတနားပြုလုပ်ပေးသည်။ အရိုးတော်များကို ရွှေလောင်းတောင်ပေါ်တွင် ဂူဘုရားအဖြစ် တည်ထားလေသည်။ ထို့နောက်မှာတော့ ကြာနီကန်ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်တစ်ပါး ဖြစ်လာခဲ့သည်။

အောင်မြင်မှုအထွဋ်အထိပ်ပြင်ဆင်

သည့်နောက်တွင် ဆရာတော်၏ အောင်မြင်မှုမှာ အထွဋ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။ စိန်အောင်မင်း၊ စိန်မာဒင်၊ ဒဂုန်အောင် စသည့် ဇာတ်၊ ရုပ်သေးများဖြင့် ယှဉ်ပြိုင်ဟောကြားသော်လည်း မည်သည့်အခါမှ ရှုံးလေ့မရှိဘဲ နိုင်သည်ချည်းဖြစ်သည်။ ပရိသတ်မှာလည်း တရားပြဲမို့ ငြီးငွေ့သွားသည်မရှိဘဲ ဇာတ်ရုံထရံများ ဖွင့်ပေးရသည်အထိ ကြိတ်ကြိတ်တိုး များပြားခဲ့သည်။ မြင်းခြံမြို့ ၁၂ မုဒ်စေတီတွင် ကနက်စိန်ဇာတ်နှင့် သူ့ဟွန်းသံကိုယ်ကြား၊ ကိုယ့်ဟွန်းသံ သူကြား မျက်နှာချင်းဆိုင် ဟောရသည်။ ဆရာတော် ဟောနေစဉ် ကနက္စိန္ဇာတ္ကဒက်..ဒက်ဒက် ဒုန်း ဆိုတဲ့ ပြဇာတ်တိုက်ပွဲ ပစ်ခတ်သံတွေ ဆူညံစွာထွက်လာပြီး ဇာတ်ရုံထက်သို့ မီးခိုးလုံးကြီးများ တက်တက်လာသည်။ အတိုင်းသား ကြားနေရ၍ တရားနာပရိသတ်မှာ ဟိုဘက်စိတ်ရောက်သွားကြသည်။ ဆက်ဟော၍ မဖြစ်တော့မှန်း သိလိုက်တဲ့ ဆရာတော်က ကဲ ခင်များတို့ ပြဇာတ် နားထောင်ချင် နားထောင်လိုက်ကြဦး၊ ကျုပ် မောလို့ ခဏနားဦးမယ် ဟု အချိုသပ် ရပ်ပေးလိုက်သည်။ ထိုသို့ ရပ်ပေးခြင်းမှာ အကြောင်းရှိသည်။ တဝုန်းဝုန်းနှင့် ခွဲနေသော ဗြောက်အိုးတစ်လုံးလျှင် ရှစ်ကျပ်တန်သည်။ အကုန္က်မ်ား၍ ကြာကြာ မပစ်နိုင်မှန်း ဆရာတော်က သိပြီးဖြစ်သောကြောင့် ခဏရပ်ပေးလိုက်ခြင်းဖြစ်သည်။ အတန်ကြာသောအခါ တွက်ထားသည့်အတိုင်း အသံတွေ ငြိမ်သက်သွားသည်။ ထိုအချိန်ကို စောင့်နေသည့် ဆရာတော်က တရားပြဲ ပြန်စကာ အမှောင်ဘဝ သူ့နောင်တတရားမွ မယား၏ နှင်ထုတ်ခြင်းကို ခံရရှာသည့် မောင်သံယောဇ၏ ငိုပုံအား စွဲစွဲငင်ငင် အသံအားကောင်းကောင်းနှင့် ဤသို့ ငိုလေတော့သည်။ ရွု့မဝတဲ့ အခါမြာ..သုတ ခင်ကညာ မယဉ်ကျေးလိုက်ပုံက နောက်မှတွေ့တဲ့ လင်ငယ်လေးကို အားရေစဖို့ လင်ကြီးမောင် ဗျာပါပွေရအောင် ဟေး.မယ်သုတရဲ့..နှင်ရက်လေအားနှင်ရက်လေအား..။ ဆိုပြီး ချွဲချွဲပစ်ပစ် ငိုချင်းလေး ဟစ်လိုက်သည်ဆိုလျှင်ပဲ ဟာဟေ့ကောင်တွေ ဘုန်းကြီးလည်း ငိုသဟ ဟု ဆို၍ ဇာတ်ရုံထဲက လူတွေ အလုအယက် ပြေးထွက်လာကြရာ တရားပွဲရုံကြီးပင် ပြည့်လျှံသွားတော့သည်။ ဆရာတော်က ဆက်၍ ငိုသည်။ တွေးဆလို့ ရှု့လိုက်ပါဦး မယ်သုတရဲ့လေးဝါစု ဆိုတာဟာ အပါယ္ဘုံ ဒုဂ္ဂတိလမ်းပေမို့.ကြည့်စမ်းကွယ် ကျုပ် တကယ် သွားရမယ်တဲ့ ..အမယ် မင်း တွေးဆလို့ သနား .သနား.. ဟု ဆရာတော် ကိုယ်တိုင်ရေးငိုချင်းသံကို ကြားရသော ပရိသတ်များမှာ ငိုနေသည့်ပါးစပ်အား ကြည်လို၍ ရှေ့သို့ တိုးကာ တိုးကာတက်လာကြလေသည်။ အံ့ဖွယ်ဆရာတော်ပါပေ။ အလွမ်းဇာတ်သိမ်း မမငြိမ်း (ပဋာစာရီ) တရားကို ဟောကြားစဉ်က အလွမ်းတွေကို ပစ်စလက်ခတ်သုံးပြီး ဟောကြားရာ ပရိသတ်အလယ်က အမေကြီးတစ်ဦးသည် သားဇဋိလ ဟု အော်ခေါ်ပြီး တက်လာသည်။ ဆရာတော်လည်း မိမိဘွဲ့ခေါ်သံကြား၍ ဘာဖြစ်ပါလိမ့် အရင်ဘဝက မိခင်ဟောင်းလား ဟု တွေးကာ တရားပြဲခဏ ရပ်ပေးလိုက်ရသည်။ မေးမြန်းစုံစမ်းကြည့်ကာမှ မကြာသေးမီက ပျံလွန်တော်မူသွားသည့် သူ့သားပဉ္ဇင်း အရှင်ဇဋိလကို သတိရပြီး အလွမ်းဓာတ်ခံဖြင့် ထငိုခြင်းဖြစ်ကြောင်း သိရလေသည်။ ဆရာတော်သည် ဤသို့ တရားနာပရိသတ္ကို လွမ်းအောင်၊ သနားအောင် ဆွဲဆောင် ဟောနိုင်သလို တဝေါဝေါ ပွဲကျအောင်လည်း ဟောစွမ်းနိုင်သည်။ ဆရာတော်၏ ဟောပြောမှုစွမ်းရည်ကြောင့် ပရိသတ်၏ ရယ်မောသံမှာ ဝေါကနဲ၊ ဝေါကနဲ ထွက်ထွက်လာသည့် အသံကြားပြီး ဇာတ်သဘင် အတီးသမားမ်ားမွာ ဟိုခေါက်၊ သည်တီးနှင့် အယောင်ယောင် အမှားမှားတွေ ဖြစ်နေ၍ ဟွန်းဘက်ပြောင်းပေးရန် လာတောင်းပန်ကြရသည့် ဇာတ်သမားမ်ား အများအပြားရှိလေသည်။ တော်တန်ရုံ ဇာတ်လောက်ကတော့ ကြာနီကန်ဆရာတော်က လိမ့်ထွက်သွားအောင် ဟောနိုင်သည်။ ဆရာတော် ဟောသံကို နားထောင်ရုံဆိုလျှင် လည်ပင်းကြော ထောင်အောင် အော်နေသည် ဟု အထင်မှားတတ်ကြသော်လည်း တကယ်တမ်းမှာ မပင်မပမ်း ပါးစပ်လှုပ်ရုံသာ ဟောသည်မို့ ဘယ်လောက်ဟောဟော မောပမ်းသွားသည်မရှိပေ။ ထိုသို့ ဟောကြားနေရင်းက အမြင်မတူသူတို့၏ နှောက်ယှက်မှုကိုလည်း ကြုံရသည်။ တစ်ခါက အရက်၏ ဆိုးကျိုးများကို ကောင်းကောင်းကြီး ဟောကြားနေစဉ် အရက်သမားတစ်ယောက် ဝင်လာပြီး ကိုယ်နဲ့ မဆိုင်ဘဲနဲ့ သူမ်ားကို ဘာလို့ စော်ကားတာလဲဟု လက်ညှိုးလျက် ကြိမ်းလေသည်။ ရုတ်တရက်မို့ ကြာနီကန်ဆရာတော်က ရပ်လိုက်ရာ တရားပြဲမွာ တိတ်ဆိတ်သွားသည်။ လုံခြုံရေးများကို ဆွဲထုတ်၊ မောင်းနှင်ပစ်ကြဖို့လည်း ဆရာတော်က မခိုင်းဘဲ သည်တိုင်းသာ အသာကြည့်နေသည်။ အတန်ကြာသောအခါ ပရိသတ်ထဲက အမျိုးသမီးကြီးတစ်ဦး ထလာပြီး ထိုအမူးသမားအား ခေါ်ထုတ်သွားလေ၏။ ထိုအခါမြ တရားကို ဆက်ဟောခဲ့လေသည်။ နောက်တစ်ရက်တွင် ထိုအမူးသမားနှင့် သူ၏ မိခင်တို့ ဆရာတော့်ထံ လာတောင်းပန်သည်။ ငမူးမှာလည်း အမူးပြေနေပြီမို့ ဆရာတော်အား ရှိခိုးကန်တော့ကာ အရက္ကို နောင် မသောက်တော့ပါဟု လှူလေ၏။ ဆရာတော်ကလည်း ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ပေးခဲ့ပြီး နောင် ဤသို့ မပြုမိစေရန် ဆုံးမပေးလိုက်လေ၏။ ကြာနီကန်ဆရာတော်မှာ အရက်သမားနှင့် အကျိုးပေးသည် ဆိုရမည်။ မြင်းခြံမြို့မှ ကိုမောင်ငွေ ဆိုသော သူသည်လည်း အရက်မူးနေလျက်က ကြာနီကန်တရားကို ရှေ့ဆုံးက လာနာသည်။ ဆရာတော် ဟောသောအခါ အရက်သံနှင့် တင်ပါ့ လိုက်နေသည်မှာ တရားဆုံးသည်အထိပင်။ နောက်ရက်တွင် မူးကြောင်၊ မူးကြောင်နှင့် တင်ပါ့ လုပ်ရကောင်းလား ဟု ညီအစ္ကို၊ မောင်နှမတို့က ပြောဆိုကြရာ ရှက်လွန်းလို့ ဆိုပြီး ကြာနီကန်ဆရာတော်ထံ လာ လျှောက်ကြားပြီး အရက္ကို စွန့်လှူသွားလေသည်။ ကြာနီကန်ဆရာတော်ထံတွင် ဤသို့ အရက်လာလှူသွားသူ အများအပြားရှိလေသည်။

အောက်ခြေဓမ္မကထိကပြင်ဆင်

ကြာနီကန်ဆရာတော်၏ တရားများသည် စာမတတ်သူနှင့် ကလေးသူငယ်တို့အတွက် အဓိကထား ဟောကြားသော တရားများဖြစ်သည်။ ထို့ကြောင့် အောက်ခြေ လှေကားထစ် ဓမ္မကထိက ဖြစ်ကြောင်း မကြာမကြာ ရိုးသားစွာ ဝန်ခံလေ့ရှိသည်။ ဘာသာခြားများပင် ကြာနီကန်တရားကို နာပြီး ဗုဒ္ဓအကြောင်း ကောင်းကောင်းသိခဲ့ရသည်။ ပြည်မြို့ ရွှေဆံတော်ခြေရင်းက လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဦးမောင်နီဆိုသော ပေါက်ဖော်ကြီး တစ်ယောက်ရှိသည်။ ထိုပေါက်ဖော်ကြီးဆိုလျှင် ကြာနီကန်တရား မနာဖူးခင်က ဘုရားမသိ တရားမသိသလို ဘုန်းကြီးလည်း မရှိခိုးပေ။ ကြာနီကန်ဆရာတော်၏ တရားကို နာယူမိသောအခါ ကြိုက်လွန်းလို့ ရန်ကုန်အထိ တက်ပြီး တရားဇာတ်ထုပ်ပေါင်း ရှစ်ဆယ်ခန့်အထိ ဝယ္ကာ သူ့ဆိုင် လာသမျှ လူတိုင်းကို ကြာနီကန်တရား ဖွင့်ပြလေ့ရှိသည်။ တစ်နေ့ သူ့ဆိုင် လက်ဖက်ရည် လာသောက်သူတစ်ဦးက ဒီဆရာတော် သီချင်းဆိုပြီး ငိုနေတာ မဖွင့်ပါနဲ့ဗျာ ဟု ဆိုလာ၍ ပေါက်ဖော်ကြီးက မင်း ဝိပဿနာ တရားဆို နာမှာလားဟု မေးရာ ထိုလူက ဒီဘုန်းကြီး ဘယ်တုန်းက ဝိပဿနာ ဟောလို့လဲဟု သရော်လေသည်။ ထိုအခါ ပေါက်ဖော်ကြီးက ဒီမယ် တရားဆုံးအောင် နာရင် လက်ဖက်ရည်၊ မုန့်၊ ဆေးလိပ် အလကားတိုက်မယ် မင်း ဝိပဿနာ အခွေကို ဆုံးအောင် နာမလားဟု ပြန်မေးရာ အံမာ ဒီကိုယ်တော် ဝိပဿနာဟောရင် ဆုံးအောင် နာမယ်ဗျာဟု ဆိုလေ၏။ ထိုအခါ ပေါက်ဖော်ကြီးက ကြာနီကန်ဆရာတော် ဟောကြားထားသည့် သက္ကာယ ဒိဌိဖြုတ်ခန်း ဝိပဿနာ တရားကို ဖွင့်ပြလေ၏။ အတန်ကြာ နာယူပြီးသောအခါ ထိုလူက ကောင်းပါတယ်ဗျာ၊ ကျုပ်က ဒီလို မဟောဘူးမှတ်လို့၊ ကျုပ် အိမ်မှာ အလုပ်လေးရှိလို့ဟု ဆိုကာ ထရပ်လေသည်။ ပေါက်ဖော်ကြီးက ခင်များ ပြန်တော့မလို့လားမေးတော့ ပြန်တော့မယ်ဟု ဆိုသည်။ သည်တော့ ပေါက်ဖော်ကြီးက မုန့်ဖိုးက ဘယ်လောက်၊ လက်ဖက်ရည်ဖိုးက ဘယ်လောက်၊ ဆေးလိပ်ဖိုးက ဘယ်လောက်ဟု ပြောကာ ပိုက်ဆံတောင်းလေ၏။ ထိုလူက ခင်များပြောတော့ အလကားတိုက်မယ်ဆိုဗျဟု မေးရာ ဟုတ်တယ်လေ၊ မင်းမှ တရားဆုံးအောင် မနာတာ အဲတော့ ပိုက်ဆံပေးရမှာပေါ့ဟု ပြောကာ တောင်းယူလေ၏။ ပေါက်ဖော်ကြီး ရိပ်သာတစ်ခုသို့ တရားစခန်း ဝင်နေစဉ်ကလည်း လူကြီးတချို့က ကြာနီကန်ဆရာတော်ကို ဝေဖန်နေကြသည်ကို ပေါက်ဖော်ကြီး ကြားလိုက်ရသည်။ ကြာနီကန်ဆရာတော် တရားက သီချင်း ဆိုသံတွေနဲ့ ဆိုတော့ ကျုပ်တို့ ဝိပဿ နာလုပ်ငန်းတွေ ခွကျကုန်တော့မှာပဲဟု ကြားသဖြင့် ပေါက်ဖော်ကြီး ဦးမောင်နီက မခံနိုင်ဘဲကြာနီကန်ဆရာတော်ကို အပြစ်မပြောကြပါနဲ့ဗျာ၊ ခင်များတို့ ရိပ်သာကို ကျုပ် တရုတ်မောင်နီရောက်လာတာ ကြာနီကန်ဆရာတော် တပ်ပေးလိုက်တဲ့ လှေကားနဲ့ ရောက်လာတာပါ၊ ကျုပ် က ဘုန်းကြီးလည်း မရှိခိုးဘူး၊ တရားလည်း မနာဘူး၊ ကြာနီကန်ဆရာတော် တရားနာပြီးမှ ဝိပဿနာ ကူးမယ်ဆိုပြီး ခင်များတို့ဆီ ရောက်လာတာ ၊ ခင်များတို့ ရိပ်သာ လူတစ်ယောက်တိုးတာ ကြာနီကန်ဆရာတော်ကြောင့်ပါ၊ ဒီလိုသာ ကြာနီကန်ဆရာတော်ကို အပြစ်ပြောနေမယ်ဆိုရင် ခင်များတို့ ရိပ်သာ လူတစ်ယောက် လျော့ပြီသာမှတ်၊ ကျုပ် ပြန်မယ် ဟု ဝင်ပြောပြီး ထပြန်မည်ပြုရာ ထိုလူတစ္စုက ဟာဗျာ ကြာနီကန်ဆရာတော်လည်း ဝိပဿနာ ဟောရင် တကယ် ကောင်းပါတယ်၊ အဆိုအငိုလေးတွေ နည်းနည်း လျှော့ရင် ကောင်းပါတယ်ဟု ပြောကာ ဝိုင်းတားကြလေ၏။

အပုတ်ချခံရခြင်းပြင်ဆင်

ကြာနီကန်ဆရာတော် ဤသို့ လျှမ်းလျှမ်းတောက် ကျော်ကြားလာသောအခါ အောင်မြင်သူတို့၏ ထုံးစံအတိုင်း မကောင်းသတင်းများ အလွှင့်ခံရသည်။ ကြာနီကန်ဆရာတော် လူထွက်သွားပြီ ဟု သတင်း အမျိုးမျိုး ထုတ်ခံရသည်။ ဇာတ်သဘင်များက ကြာနီကန်ဆရာတော်အား ပျက်လုံးများဖြင့် ထိုးဆွလာကြသည်။ ဆရာတော်အား အငြိမ့်မင်းသမီးတစ်ဦးနှင့် ပေးစား၍လည်း အပုပ်ချကြသည်။ ရန်ကုန်မြို့က သိန်းသုံးဆယ် ချမ်းသာသည့် မင်းသမီးတစ်ယောက်နှင့် ခိုးပြေးပြီ ဟုလည်း သတင်းအမှားများ ဖြန့်ကြသည်။ ထို့ပြင် ဇာတ်ရုံထဲမှာ ဖျာတစ်ချပ် သုံးဆယ်ကျပ်နှင့် ဟောစားနေသည်။ ကန်ထရိုက်တွေနှင့် လုပ္စား၊ ရိုက်စားလုပ်နေသည်ဟု အတင်းစကားအမျိုးမျိုးနှင့် ထိုးနှက် တိုက်ခိုက်ကြသည်။ သို့သော် ဆရာတော်မှာ စိတ်ဆိုးအမျက်ထွက်ခြင်း အလျင်းမရှိပေ။ မည်သူတွေ လုပ်ကြံသတင်းများ လွှင့်နေသည်ကို သိသော်လည်း အပြစ်တင်စကား မပြောကြားသလို တရားထဲ ထည့်၍လည်း ဘယ်သောအခါမှ မဟောခဲ့ပေ။ မိမိက ဘုန်းကြီးတန်နှင့် ငိုမိ၊ ဆိုမိလို့သာ အပြစ်ပြောခံရသည်ဟု နှလုံးသွင်းလျက် ခွင့်လွှတ်ပေးခဲ့သည်ချည်းဖြစ်သည်။ အသက်အားဖြင့်လည်း ၄၅ နှစ်ပြည့်ခဲ့ပြီမို့ လိုင်းပြောင်းပြီး အဆို၊ အငိုမပါ ပုံတိုပတ်စတို့ဖြင့်သာ ဟောရန် ဆုံးဖြတ်ချက် ချလိုက်တော့သည်။

မင်းကွန်းဆရာတော်စသောဆရာတော်ကြီးများ၏ အားပေးထောက်ခံမှုပြင်ဆင်

ဆိုတာ ငိုတာကို ကြိုက်သူနှင့် မကြိုက်သူတို့တွင် ကြိုက်သူက အပြတ်အသတ် ပိုမိုများပြားသည်။ ထိုကြိုက်သည့် အထဲတွင် မင်းကွန်းဆရာတော်ကြီးလည်း အပါအဝင်ဖြစ်သည်။ ဉာဏ်အကောင်းဆုံးသူအဖြစ် ကမ္ဘာ့မှတ်တမ်းဂင်းနစ်စံချိန်ဝင် မင်းကွန်းဆရာတော်ကြီးနှင့် မြင်းခြံမြို့တွင် တွေ့ဆုံခဲ့စဉ်က ဆရာတော်ကြီးက ဦးဇဋိလ ဆရာတော်တို့ကို အားနာပြီးတော့ မေဟာရဲ၊ မပြောရဲ မဖြစ်နဲ့၊ ဦးဇဋိလ ဟောတဲ့ တရားတွေဟာ ဓမ္မဓိဌာန်ကျပြီး လူငယ်လူရွယ်တွေအတွက် အောက်ခြေသိမ်းတွေ အများကြီးပါတယ်။ ဟောသာဟောပါ။ ဆရာတော်တို့က တိပိဋကဓရနှင့် ကိုက်ညီအောင် ပိဋကတ် တွေရွတ်ပြီး ပါဠိအတိုင်း မြန်မာပြန် ဟောနေရပေမဲ့ ပုံတိုပတ်စတွေနဲ့ ပေဒသာလို စုံနေအောင် ဟောလို့ မရပါဘူး။ ဦးဇဋိလလည်း ပါရမီထူးတဲ့ ပုဂ္ဂိုလ်ပါ။ ပါရမီထူးတဲ့အတိုင်း ရှေ့ဆက်ပြီး ဟောသာ ဟောပါ ဟု အားပေးတိုက်တွန်းခဲ့သလို ဆရာတော်၏ ဇာတိရွာသို့ပင် သုံးညဆက် တရားဟောရန် တောင်းဆို၍ လယ္တီဦးဝိလာသ က ရှေ့ပိုင်းဟောပြီး ပရိသတ်ထိန်းနိုင်သည့် ကြာနီကန်ဆရာတော်က နောက်ပိုင်းဟောအဖြစ် တာဝန်ယူ ဟောကြားပေးခဲ့ဖူးသည်။ မင်းကွန်းဆရာတော်ကြီးသည် အဆိုအငိုတို့ကို အားပေးခြင်းမဟုတ်ဘဲ ထိုအဆိုအငိုတို့ကြောင့် များစွာသော လူငယ်လူရွယ်တို့ ရတနာသုံးပါး၏ ကျေးဇူးကို သိရှိကိုးကွယ်လာရသောကြောင့် ဆိုးကျိုးထက် ကောင်းကျိုးများမှု့ကြောင့် ထိုသို့ အားပေးထောက်ခံခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ တစ်ခါ မြင်းခြံမြို့မှာပင် ထူးကြီးဆရာတော်ကြီးနှင့် ဖူးတွေ့ရစဉ်က ဦးဇဋိလ အသံကောင်းတယ်ဆိုတာ အခုမြပဲ တွေ့ဖူးတော့တယ်။ ဘယ်နှစ်ဝါ ရှိပြီလဲ ဟု မေးသည်။ ကြာနီကန်ဆရာတော်က တပည့်တော် ဆရာတော်နှင့် တွေ့ရတာ ဝမ်းမြောက်ပါတယ်။ အသံကောင်းတယ်ဆိုပေမဲ့ တပည့်တော် ဟောနေတာတွေက ဓမ္မကထိကထဲမှာ အောက်ဆုံး လှေကားထစ်ပါဘုရား။ တရားပြဲ မလာချင်တဲ့ ကလေးတွေ တရားပြဲ ရောက်လာအောင်၊ ဘယ်တုန်းကမှ တရားမနာတဲ့ စာမတတ်တဲ့ ဒကာ၊ ဒကာမေတြ တရားပြဲ ရောက်လာအောင် ဆွဲဆောင်ပြီး ယခုလို တပည့်တော် ဟောရတာပါဘုရား။ တပည့်တော်က အရှင်ဘုရားတို့လို ပါဠိတွေကို ကျက်လည်း မကျက်နိုင်၊ ဟောလည်း မဟောနိုင်ပါဘူး ဘုရား ဟု မိမိကိုကိုယ် နှိမ့်ချစွာ လျှောက်သည်။ ထူးကြီးဆရာတော်က ဝမ်းမြောက်တယ် ဦးဇဋိလေရသာသနာကို ကိုယ်ပြုနိုင်တဲ့ဘက်က ပြုပါဗျာ။ ကျုပ်က ပါဠိတော်တွေ ကျက်ဟောနိုင်လို့ ဦးဇဋိလ မဟောနိုင်သလို ဦးဇဋိလလိုလည်း ကျုပ်က မေဟာတတ္ဘူး။ သာဓု သာဓု သာဓု ဟု သာဓုသုံးကြိမ်ခေါ်၍ ချီးကျူးတော်မူခဲ့သည်။ ပခုက္ကူမြို့တွင် အဘိဓဇမဟာရဌဂုရု ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တသုနန္ဒအား ဖူးတွေ့ရစဉ်ကလည်း ဆရာတော်ကြီးက နိုင်ငံကျော် ဓမ္မကထိက ကြာနီကန်ဆရာတော်ဆိုတာ မောင်ပဉ္ဇင်းလား ဟု မေးသည်။ တပည့်တော် ကျော်တာက ဗရွတ်ရွှတ်တ ကျော်တာပါဘုရား ဟု လျှောက်တင်သောအခါ အေးအဲလို ကျော်စောမှု တစ္ခု ရဖို့ဆိုတာ မလြယ္ဘူး။ ဘယ်နည်းနဲ့ ကျော်ကျော် ကျော်တဲ့ ပုဂ္ဂိုလ်ဟာ တော်တာပဲ။ ကျမ်းဂန်နှံ့စပ်ပေမဲ့ မောင်ပဉ္ဇင်းလို ပရိသတ်နားလည်အောင် ရေရေလည်လည် ဟောနိုင်တဲ့ ပုဂ္ဂိုလ် ရှားပါတယ်။ စာနဲ့ပတ်သက်လို့ ရှိရင် ပခုက္ကူ ဦးနေမိန္ဒ ( ဒုတိယ တိပိဋကဆရာတော်) တို့ကို အကူညီတောင်း၊ မရလို့ရှိရင်လည်း အခုဟောနေတာ သင့်ပါတယ် ဟု ထောက်ခံမိန့်ကြားသည်။

ဒေသန္တရ၊ ဘာသန္တရ၊ ဂန္ထန္တရများနှင့်ပြည့်စုံတော်မူသော ရန်ကုန်မြို့၊ မြန်မာအာယုဗ္ဗေဒဆေးသိပ္ပံ၊ စေတီယင်္ဂဏ ဓမ္မာစရိယ (ဝဋံသကာ) ဘွဲ့ခံ အဌကထာပြန်အကျော် သိမ်ဖြူဆရာတော်ကြီးကလည်း ကြာနီကန်ဆရာတော်အား ဤသို့မိန့်ဖူးသည်။ ကြာနီကန်ဆရာတော်ကို အပြင်မှာ ဆုံတော့ မဆုံဖူးဘူး။ ဒါပေမဲ့ မနှစ်က ပဲခူး လိပ်ပြာကန်ဓမ္မာရုံ အလှူကြွရင်း ကြာနီကန်ဆရာတော်ရဲ့ တရားဖွင့်ထားလို့ နားထောင်ကြည့်တယ်။ ကြာနီကန်ဆရာတော်က အထက်တန်းသာသနာပြုခြင်းထက် အောက်တန်းက ကေလးသူငယ္မ်ားအား သာသနာပြုပေးခြင်းကို အလွန်အားပေးသော ပုဂ္ဂိုလ် ဖြစ်တယ်။ တနည်းအားဖြင့် အခြေခံကျကျ အုတ်မြစ်ကစပြီး သာသနာပြုတဲ့ ပုဂ္ဂိုလ် တစ်ပါးပါပဲ။ တို့လို အကြားအမြင် များပြီးသား ပုဂ္ဂိုလ်များနဲ့တော့ အံမဝင်ဘူး၊ ကလေးသူငယ်များနဲ့တော့ လြန္စြာ အံဝင်တာပေါ့။ ဒီကလေးတွေကို မုန့်ကျွေးပြီး သာသနာပြုရတယ် မဟုတ္လား။ သူကေတာ့ မုန့်မကျွေးဘူး၊ နှုတ်နဲ့ကျွေးပြီး သာသနာပြုတယ်လို့ ဆိုရမှာပေါ့။ ငါ အဲဒီလိုပဲ မှတ်ချက်ချမိတယ် ဟူ၍ ဖြစ်သည်။ မန္တလေး အနောက်ပြင် အဘယာရာမ ကျောင်းတိုက် သက်သီဟ ဓမ္မာစရိယ ဦးသီလာနန္ဒကလည်း ကြာနီကန်ဆရာတော်ဟာ တစ္ဘာသာ ထွင်ပြီး ဟောနိုင်တာ ဂုဏ်ယူပါတယ် ဟု မိန့်ကြားခဲ့ဖူးသည်။

ထူးဆန်းသောအဖြစ်အပျက်တစ်ခုပြင်ဆင်

ကြာနီကန်ရွာ ကျောင်းတိုက်တွင် ကြာနီကန်ဆရာတော်၏ မယ်တော်ကြီး အဘွားဒွန်း (၇၈)နှစ်သည် ဆရာတော်စီစဉ်ပေးထားသည့် သူနေထိုင်ရာ ဇရပ်ဆောင်အတွင်း၌ ဘုရားရွိခိုး၊ မေတ္တာပို့ပြီး ဘာဝနာပွားနေစဉ် သားတော်မောင်ဦးဇဋိလ၏ ဂျစ်ကားဝင်လာသံ ကြားလိုက်ရသည်။ ထို့နောက် မိမိကို ယခင်လို လာရောက် နှုတ်မဆက်ဘဲ သီတင်းသုံးရာ အဆောင်သို့ တန်းကြွသွားသံလည်း ကြားလိုက်ရသည်။ အဘွားဒွန်းလည်း ထကြည့်မနေတော့ဘဲ စိတ်မှန်းဖြင့်သာ ရှိခိုးပြီး အိပ်လိုက်တော့သည်။ ထိုည ( ၁၄.၅.၇၈ ) နံနက် အရုဏ်မကျင်းမီအချိန်တွင် ကြာနီကန်ဆရာတော် ဦးဇဋိလကိုယ်တိုင် အသံချဲ့စက်ဖြင့် ကျေးရွာရှိ သူတော်ကောင်းအပေါင်းတို့၊ အချိန်မီ နံနက်စောစော ကျောင်းတိုက်သို့ လာရောက်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။ အထူးတိုင်ပင်စရာလည်း ရှိပါသည်။ မလာမဖြစ် လာဖြစ်အောင် လာခဲ့ကြပါရန် နှိုးဆော်အပ်ပါသည် ဟု ကြည်လင်ပြတ်သားစွာ ဖိတ်ခေါ်လိုက်သည်။ ထိုအသံကို ရွာသူရွာသားများ ကြားရသောအခါ ဘာမ်ား အရေးတကြီး ဖြစ်ပါလိမ့် ဟု တွေးကာ ချက်ချင်း ရောက်လာကြသည်။ ရောက်လာကြသော်လည်း ကျောင်းတော်ကြီးမှာ တိတ်ဆိတ်လျက်ရှိနေ၍ နားမလည်နိုင်အောင် ဖြစ်သွားကြသည်။ တော်တော်ကြာ ထိုင်စောင့်နေကြသော်လည်း ကျောင်းတံခါးတွေ ပွင့်မလာသေးပေ။ မစောင့်နိုင်သည့် အဆုံးက်မွ ကျောင်းတံခါးထုပြီး ဖွင့်ခိုင်းရသည်။ ဦးပဉ္ဇင်းများ နိုးလာပြီး တံခါးဖွင့်လိုက်သောအခါ လူအုပ်ကြီးကို မြင်ပြီး အံ့အားသင့်သွားသည်။ ဒကာကြီးတို့ ဘာဖြစ်လို့လဲ ဟင်တပည့်တော်တို့က မေးရမှာ ဘုရား၊ ဆရာတော် ပြန်ရောက်ပြီဆို၊ ဘယ်မှာလဲ။ အသံချဲ့စက်နဲ့ ရွာသားတွေ ခေါ်တာရော ဘာထူးလို့လဲ ဦးပဉ္ဇင်းများ ဘာဖြေလို့ ဘာပြောရမှန်း မသိဖြစ်သွားသည်။ လူအုပ်ကြီးက တဖြည်းဖြည်း ပိုများလာပြီး မ်က္လုံးမ်ားက ဆရာတော်ကို လိုက်ရှာကြည့်နေကြသည်။ သို့သော် ဆရာတော်၏ အရိပ်အယောင်မျှ မတွေ့ရ။ ထိုစဉ် မယ်တော်ကြီး အဘွားဒွန်းက လူအုပ်ကြီးကို တွေ့ပြီးအောင်မယ်ဒီနေ့ ဥပုသ်နေ့ကိုး။ တို့ဖြင့် ရက်တောင် မေ့နေလိုက်တာ မပြောချင်ပါဘူး ဟု ဆိုလိုက်သည်။ ဆရာတော်၏ အစ်မလတ် စိတ္တဇဝေဒနာသည် ဒေါ်လှဖွေးကလည်း ဒီနေ့ ကျောင်းထဲ ပြဲရွိတဲ့ အတိုင်းပဲ ၊ စည်ကားလှပါလား ဟု ဆိုပြန်သည်။ ဆရာတော်ရဲ့ညီ ကိုစိုးရှင်က လူသံများကြောင့် နိုးလာပြီး ဘာဖြစ်ကြတာတုံးဗျ။ ဆူဆူပူပူနဲ့ ဘုန်းကြီးပျံပွဲ အငြိမ့်ခံနေတာ က်လို့ဗ်ာ ဟု ဆိုလည်းဆို ဘုန်းကြီးဦးဝဏ္ဏ၏ ဈာပနတုန်းက မဗေဒါအငြိမ့် ဧယဉ်ကျူးခွေအား အသံချဲ့စက်မှ ဖွင့်ချလိုက်သည်။ ဥက္ကဋ္ဌကြီး ဦးကြီးငွေ ဆူမြ ပြန်ပိတ်သွားသည်။ လူအုပ်ကြီးက အဘွားဒွန်းထံသွား၍ မနေ့ညက ဆရာတော် ပြန်ကြွလာပြီဆို ဆိုပြီး မေးကြသည်။ ကျုပ် ဘယ်သိမလဲ၊ မောင်တို့ ဆရာတော်ကို မေးကြည့်ပေါ့။ ညက ကားနဲ့ ပြန်လာပြီပဲဟာ၊ ခုထိ ကျိန်းနေတုန်းလား။ ဒကာ ဒကာမေတြ စုံလို့ ၈ နာရီ၊ ၉နာရီလောက်တောင်ရှိနေပြီ၊ နှိုးလျှောက်ကြည့်ပါလား။ ဒီအပတ် ဘာစိတ်တိုင်း မက် ဖြစ်လာတယ် မသိပါဘူး။ ကားဝင်လာသံ ကြားပြီး သူ့ကျောင်းဆီ တိုက်ရိုက် ဝင်သွားသံ ကြားလိုက်ရတယ်။ ကျုပ်လည်း ထမကြည့်ဘဲ စိတ်ထဲက မှန်း ကန်တော့လိုက်ပါတယ်။ အနန္တငါးပါး လက်ကိုင်ထားဟောတဲ့ တော်တို့ရဲ့ နိုင်ငံကျော် ကိုယ်တော်ကြီးကလည်း စိမ်းကားတတ်လာပြီ ဟု ဆိုသဖြင့် လူအုပ်ကြီးမှာ ပို၍ အံ့အားသင့်သွားသည်။ ဆရာတော် သီးသန့် သီတင်းသုံးရာ ကျောင်းဆောင် သွားကြည့်တော့လည်း အပြင်က သော့ခတ်ထားသည်။ တစ္ခုခု ထူးခြားနေပြီမှန်း သိလာကြသည်။

ထိုအချိန်တွင် ကားတစ္စီး ကျောင်းထဲသို့ ဝင်လာသည်။ ကားပေါ်တွင် ဆရာတော်၏ တပည့်ရင်းများ ဖြစ်ကြသည့် ကိုဦးခင်နှင့် ကိုလှရွှေတို့ပါလာသည်။ မျက်စိမျက်နှာ မကောင်းကြဘဲ မယ်တော်ကြီးကို မြင်ရသောအခါ ချုံးပွဲချ ငိုကြတော့သည်။ ပြီးတော့ ဆရာတော် မနေ့ညနေက ချောက်အထွက် ထနောင်းသုံးခွ အရောက် ကားမှောက်ပြီး ပျံလွန်တော်မူသွားပြီဗျ။ ချောက်ဆေးရုံမှာ ခွဲစိတ်ပြုပြင်ပြီး ကားနဲ့ တပါတည်းယူလာတယ် ဟု ပြောလိုက်လျှင် ကြားရသူလူအုပ်ကြီးမှာ ငိုကျွေးကြလေ၏။ ဆရာတော်ညီ ကိုစိုးရှင်မှာ ရင်ဘတ်စည်တီး၍ အဆိုးဆုံးဖြစ်သည်။ အဘွားဒွန်းကား သားပဉ္ဇင်း၏ ဟောတရားကို အပြည့်အဝ ရထား၍ ထင်သည် လုံးဝ မငိုပေ။

သို့နှင့် ကြာနီကန်ဆရာတော်၏ ဈာပနသတင်းသည် ကြေးမှုံသတင်းစာတွင်ပါလာရာ တစ်ပြည်လုံး သိရှိသွားကြပြီး ရဟန်းရှင်လူအပေါင်း လွန်စွာဝမ်းနည်း နှမျောတသကြလေသည်။ ဆရာတော်အား မကြိုက်နှစ်သက်သူများပင် အဆိုအငို မဟောတော့ခါမှ ပျံလွန်တော်မူရလေခြင်းဆိုပြီး ရဟန်းရှင်လူ အားလုံးက ဝမ်းနည်းကြေကွဲမိကြလေသည်။

သို့နှင့် နိုင်ငံကျော် ဓမ္မကထိက ကြာနီကန်ဆရာတော် ၄၆ နှစ်၏ ရုပ်ကလာပ်တော်အား ၁၃၄၀ ပြည့်နှစ်၊ ဝါဆိုလဆန်း ၅ ရက်နေ့၊ ညေန ၃ နာရီအချိန်တွင် သုံးရက်တိုင်တိုင် နှစ်သောင်းခုနှစ်ထောင် အကုန္က်ခံကာ အခမ်းအနားကျင်းပ၍ လူတစ်သောင်းကျော်တို့ လိုက်ပါပို့ဆောင်ကာ ဆရာတော်ဦးဝဏ္ဏသင်္ဂြိုဟ်ရာ ကျောက်ကလာပ်မှာပင် ဆရာတော်ကိုယ်တိုင် မပျောက်စေနဲ့ မှာထားခဲ့သော ထင်းများဖြင့် မီးသင်္ဂြိုဟ်ခဲ့လေသည်။ အရိုးအိုးကိုကား ရွှေလောင်းတောင်ပေါ်တွင် တင်ထားလေသည်။

လုပ်ကြံသတင်းများထွက်ပေါ်လာပြင်ဆင်

ဆရာတော်၏ ဈာပန စီစဉ်နေဆဲကာလတွင် ကားပေါ်မှ အတူပါလာသူများက လုပ်ကြံလို့ ပျံလွန်တော်မူကြောင်း သတင်းများထွက်ပေါ်လာသည်။ ဆရာတော်သည် တရားပွဲတစ်ညလျှင် အလှူငွေ ထောင်ချည်ရသလို ဘဏ်တွင်လည်း နှစ်သိန်းကျော်အပ်ထားကြောင်း သိရသည်။ အတူလိုက်ပါလာသူများက ငွေမက်၍ ဆရာတော် ကျင်ငယ်စွန့်နေခိုက် ကားစက်နှိုးတံဖြင့် ရိုက်သတ်ပြီးနောက် ကားဖြင့် ဆရာတော်အပေါ် တက်ကြိတ်ကာ ကားမှောက်လေဟန် ဖန်တီးကြကြောင်း။ ဘယ်လိုပင် ပိရိစြာ လုပ်ဆောင်ကြသော်လည်း မျက်မြင်သက်သေ နွားကြောင်းသားတစ်ဦးက ဖော်ထုတ်၍ အမွုတစ္ခုလုံး ပေါ်လာကြောင်း။ လုပ်ကြံသူများက နွားကြောင်းသားလေးကို နှုတ်ပိတ်ခ ငွေတစ်ထောင်ပေးခဲ့ကြောင်း။ စသည်စသည်ဖြင့် သတင်းများ ပေါ်ထွက်လာသည်။ ထိုသတင်းများကို စုံစမ်းရန်အတွက် သရက်မြို့နယ်သတင်းထောက် ကိုမောင်မောင်ဇော်သည် ချောက်မြို့သို့ သွား၍ ဓာတ်ပုံမှတ်တမ်း ရိုက်ကူးပေးသော ချောက်မြို့ မျိုးမြန်မာဓာတ်ပုံတိုက်မှ ဦးသက်၊ ဆရာတော်အား ခွဲစိတ်စစ်ဆေးရသော ချောက်မြို့ ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများ။ ဆရာတော်အမှုကို စစ်ဆေးရသော ချောက်မြို့ အမှတ် (၁)ရဲစခန်းမှ စခန်းမှူးကြီး ဦးကျင်စမ်းတို့ကို တွေ့ဆုံ မေးမြန်းခွင့်ရခဲ့သည်။ စခန်းမှူး ဦးကျင်စမ်းက သူ၏ စစ်ဆေးတွေ့ရှိချက်များကို ဓာတ်ပုံ (၁၂) ပုံဖြင့် ဤသို့ရှင်းပြပေးသည်။ ဆရာတော်၏ ဂျစ်ကားသည် လမ်းကောင်းသဖြင့် တစ်နာရီ ၃၀ မှ ၃၅ မိုင်နှုန်းဖြင့် မောင်းနှင်လာခဲ့သည်။ ထနောင်းကွေ့သို့ ရောက်သောအခါ ကွေ့မည်အပြုတွင် ရော့တံပြုတ်ပြီး ယာဘက်သို့ အရှိန်ပြင်းပြင်းနှင့် ဆွဲဆင်းသွားသည်။ ကားဆင်းသွားသော ဘီးရာများ အထင်းသား ပေါ်သွားသည်။ ထိုသို့ ဆင်းသွားသော်လည်း မြေပြင်မှာ ညီညာနေ၍ ရှေ့မှ ချုံနွယ်များဖြင့် တိုက်မိပြီး ရပ်တန့်သွားရန်သာရှိသည်။ သို့သော် ကံဆိုးချင်တော့ အရှိန်နှင့် ပြေးလာသော ဂျစ်ကားသည် ရေမြောင်းကို ခေါင်းစိုက်ပြီး ကျွမ်းပြန်လျက် တိမ်းမှောက်သွားတော့သည်။

ကားမှောက်ပြီး ၁၀ မိနစ်ခန့်တွင် ခရီးသည်တင် ကားတစ်စီးရောက်လာပြီး ကားပေါ်တွင် ပါလာသော မကွေးတပ်မတော် ထောက်လှမ်းရေးမှ တပ်ကြပ်ကြီး ချစ်လှိုင်က ဦးဆောင်၍ ဆရာတော်နှင့် ဒဏ်ရာရသူများကို ချောက်မြို့ ဆေးရုံသို့ ပို့ဆောင်ပေးလေသည်။ သို့သော် ဆရာတော်သည် ဦးခေါင်းထိခိုက်မိ၍ နှာခေါင်း သွေးထွက်ပြီး ဦးနှောက်အတွင်း သွေးထွက်သည့်ဒဏ်။ နံရိုးငါးချောင်း ကျိုးသည့်ဒဏ်။ တံတောင်ဆစ် အရိုးကျိုးသည့်ဒဏ်။ ယာဘက်ပေါင် ကျိုးသည့်ဒဏ်တို့ကို ပြင်းပြင်းထန်ထန် ရရှိခဲ့တာကြောင့် လမ်းမှာပင် ပျံလွန်တော်မူခဲ့လေတော့သည်။

ဆေးရုံပေါ်ရောက်သောအခါ ဆရာတော်ရုပ်ကလာပ် ပြန်လည်သယ်ယူရန် ဆရာတော်မှာ ငွေတစ်ပြားမှ မပါတော့ပေ။ ထို့ကြောင့် ဆေးရုံဝန်ထမ်းများနှင့် လူနာများက စုပေါင်းလှူဒါန်းကြ၍ ၂၅၀ ကျပ်ရရှိခဲ့သည်။ ထိုငွေဖြင့် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်ရွာသို့ ပြန်လည် ပင့်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။စခန်းမှူးကြီးက ဤသို့ ဓာတ်ပုံမှတ်တမ်းထဲမှ ကားဘီးရာများနှင့်တကွ စေ့စေ့စပ်စပ် ရှင်းပြသည်။ ရိုက်ကူးထားသော ဓာတ္ပုံမ်ားကို ကြည့်၍ လုပ်ကြံခြင်း ဟုတ်မဟုတ် သဲလြန္စရွာ သိနိုင်ကြောင်း ယခုအမြုမြာ လုပ်ကြံခြင်း မဟုတ်ကြောင်း အခိုင်အမာ ပြောဆိုသွားသည်။ ဤသို့ဖြင့် လုပ်ကြံသတင်းများလည်း ငြိမ်သက်သွားလေတော့၏။ ကားမှောက်၍ မသေဟု ယုံကြည်သော ကြာနီကန်ဆရာတော်သည်လည်း ချစ်တော့ချစ်တယ်၊ ဒါပေမဲ့. တရားကို နောက်ဆုံး ဟောကြားပြီး ငါးကြိမ်မြောက် ကားအမှောက်တွင်တော့ ခန္ဓာဇာတ်သိမ်းလို့ သေပွဲဝင်ခဲ့ရပါတော့သည်။

ကျမ်းကိုးပြင်ဆင်

ကြာနီကန်ထေရုပ္ပတ္တိနှင့်ဖြစ်ရပ်များ ဦးကျော်ညွန့် (မြန်မာ့အလင်းအယ်ဒီတာ)ပြုစုသည်။