နွား

ကိုက်ဖြတ်စား လုပ်ငန်းခွင်သုံး အိမ်မွေး နို့တိုက်သတ္တဝါ

နွားကို ရှေးအခါက မြန်မာနိုင်ငံတွင် လယ်ယာစိုက်ပျိုးရေး၌ တွင်ကျယ်စွာ အသုံးပြုခဲ့ကြသည်။ ယခု စက်မှုလယ်ယာခေတ်တွင် နွားအစား လယ်ထွန်စက်ကို အသုံးချမှု များပြားလာသော်ငြား၊ ခေါင်းပါးသော အချို့ဒေသများဝယ် နွားဖက် ရုန်းကန်တုန်း ဖြစ်သည်။ အစားကောင်း၊ ထမ်းပိုးကောင်း၊ အခိုင်းကောင်းသော နွားမျိုးကို နွားကောင်းဟု သတ်မှတ်၍၊ အစားမကောင်း၊ ထမ်းပိုးမကောင်း၊ အခိုင်းမကောင်းသည့် ဆန့်ကျင်ဘက် သဘာဝရှိသော နွားမျိုးကို နွားညံ့ဟု ယေဘုယျ သမုတ်ကြသည်။ လယ်ယာလုပ်ငန်းခွင်၌ တောင်သူဦးကြီးများကို ကူညီပေးသော မိတ်ဆွေနွားများသည် တခါတရံ ပိုင်ရှင် မသိဘဲ နွားသူခိုးများ လက်ချက်ဖြင့် တနယ်တကျေး သို့မဟုတ် တဖက်နိုင်ငံသို့ မှောင်ခိုကူးခြင်း ခံရတတ်သည်။[၁]

နွား
CH cow 2.jpg
အိမ်မွေး
မျိုးရိုးခွဲခြားခြင်း
လောက:
Animalia
မျိုးပေါင်းစု:
Chordata
မျိုးပေါင်း:
Mammalia
မျိုးစဉ်:
Artiodactyla
မျိုးရင်း:
Bovidae
မျိုးရင်းသေး:
Bovinae
မျိုးစု:
Bos
မျိုးစိတ်:
B. taurus
ဒွိနာမ
Bos taurus

နွားကြန်ပြင်ဆင်

ကြန်အင်လက္ခဏာအနေဖြင့် နွား တကောင်သည် ထိပ်ကွက်လျှင် မြီးစွတ်များပြီး၊ ဆီးကြားလျှင်လည်း၊ ဝမ်းကြားတတ်သည်။ အလှမောင်း၊ ပြိုင်ပွဲဝင်၊ တောင်ယာလုပ်၊ ဆီဆုံတပ်ရာ၌ ကောင်းမွန်သော နွားပြာစိမ်းသည် ဦးချို အညိုများပြီး၊ နှင်တံလွတ်သော နွားပြာနက်သည် မျက်ကွင်း အညိုများသည်။

နွားအညံ့ဆုံးမှာ အဝါမွေးပါသော နွား ဖြစ်ပြီး၊ နီဝါမွေး၊ အနီမွေး နွားမျိုးသည် နွားကောင်းလက္ခဏာ မပြည့်စုံချေ။ တောင်သူဦးကြီးများ သတိထားရမည့် နွားမှာ တင်ပါးနိမ့်လျှောသော နွားမျိုး ဖြစ်ကာ၊ အစားအလွန် ရွေးသည်။ အလုပ်ခွင်၌ ပေကတ်နေတတ်ပြီး၊ ခိုင်းလျှင် အင်အားချည့်နဲ့သည်။

ဝါစေ့ပြောက် ပါသော နွားကား နွားသမင်ဟုလည်း ခေါ်ပြီး၊ အစာရွေးသည်။ မတ်တတ် အိပ်တတ်သည်။ အမြဲတမ်း စားမြုံ့ပြန်နေတတ်သည်။ ဝန်ပေါ့သာ ခိုင်းကောင်းပြီး၊ ဝန်လေး ခိုင်းမကောင်းချေ။ အသားပွသော နွားမှာ အကောင်ကြီးသော်လည်း၊ အားမသန်လှ။ ရေငန်ဆားငန်နှင့် အစာကျွေးလျှင် အလွန်သဘောကျကာ၊ နှာခေါင်းနစ်အောင် စားတတ်သည်။ ခိုင်းလျှင် ဝပ်တတ်သည်။

ရိုးရိုးလှမ်းသည့်အခါ ရှေ့လက်ခြေကို နောက်ခြေက မကျော်နိုင်သော နွားကို ခြေခွင်နွားဟု ခေါ်ကာ၊ တောင်ယာခိုင်းရာ၌ အသုံးမကျချေ။

ရှေ့သွားရှစ်ချောင်းသည် အဖျားတုတ်ပြီး အရင်းသေးနေသော နွားကို သွားကြားရေယိုနွားဟု ခေါ်သည်။

ဦးချို လှုပ်လီလှုပ်လဲ့ ဖြစ်နေလျှင် ရန်လိုတတ်သည့် ချိုတယ်လူးနွား ဖြစ်သည်။ နွားကောင်းသော်လည်း ရှောင်ကြသည်။ အစာကျွေးရာ၌ တဖက်နွားကို လုစားခြင်း၊ နွားချင်းဝှေ့ခြင်း ပြုတတ်သည်။

ခြေခါလက်ခါ နွားသည် နေရာသန့်ကြိုက်၍ လူကိုလည်း ကန်တတ်သည်။ ခြေလက်ဆာနွားမျိုးသည် ကုန်းတက်ဆင်း၊ တောင်တက်ဆင်း မထိန်းတတ်ပါက လူရောနွားပါ ဒုက္ခဖြစ်တတ်သည်။

ဦးခေါင်းတိုနွားသည် မိုးရိပ်လေရိပ်ကျလျှင် မြူးထူးခုန်ပေါက် ပြေးလွှားတတ်ကာ ထိန်းကျောင်းရ ခက်ခဲသည်။ ခရီးဝေးသွားလျှင် နှာခေါင်းကို ရေမှုတ်ပေးရသှ်။ နှာပွနွားသည် ကြိုးကိုက်၊ ကြိုးဖြတ်တတ်သည်။ လည်တိုနွားသည် စိတ်ရူးပေါက်လျှင် ထမ်းပိုးချိုးသည်။ အကြောင်းမသိသူ ခိုင်း၍ မရ။ လည်ရှည်နွားသည် သဲတော၊ ရွှံ့တော ခိုင်းရာ၌ သက်လုံမကောင်း၍ ရှောင်ကြသည်။[၁]

နွားကောင်း အမျိုးအစားပြင်ဆင်

  1. ထိပ်ကွက်
  2. မြီးစွတ်
  3. ဆီးကြား၊ ဝမ်းကြား
  4. ကြန်စုံ
  5. ရှစ်စပိတ်
  6. နွားပြာနက်
  7. နွားပြာစိမ်း
  8. နှာရောင်ကြား
  9. နှာရောင်ရှည်
  10. စအု
  11. မျက်ကွင်းညို
  12. ဦးချိုညို[၁]

နွားညံ့အမျိုးအစားပြင်ဆင်

  1. နွားဝါမျက်ကြား
  2. နွားဝါဖင်ဖြူ
  3. သမင်မွေးချိုရှည်
  4. နွားဝါကြားချိုရှည်
  5. နွားဝါအမြီးနီ
  6. နွားနီချိုရင်းဝါ[၁]

ကိုးကားပြင်ဆင်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ချိုဦးချို (ပထမ-ရွှေကျင်) (ဩဂုတ် ၁၉၉၇). "နွားအကြောင်း သိကောင်းစရာများ" (in My). နက္ခတ္တရောင်ခြည်မဂ္ဂဇင်း ၁၃၃ (၁၉၉၇ ဩဂုတ်လ): ၁၈၂-၁၈၃. ဦးခင်မောင်ဝင်း.