ကြိတ်မှန်ပင်
ကြိတ်မှန်ပင် | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | |
(unranked): | |
(unranked): | |
(unranked): | |
မျိုးစဉ်: | |
မျိုးရင်း: | |
မျိုးစု: | |
မျိုးစိတ်: | E. alba
|
ဒွိနာမ | |
Eclipta alba | |
Synonyms | |
Eclipta erecta |
ပုံသဏ္ဌာန်
ပြင်ဆင်ရန်အပင်
ပြင်ဆင်ရန်တစ်နှစ်ခံ ပင်ပျော့ပင်ငယ်တစ်မျိုးဖြစ်သည်။ ၁၈ လက်မ ကျော်ထိ မြင့်သည်။ ထောင်မတ်၍ ပေါက်သည်။ ခရမ်းညို ရောင် ရှိသော ပင်စည်ရိုးတံပေါ်တွင် သေးငယ်သော အမွှေးကြမ်းကလေးများ ရှိသည်။
အရွက်
ပြင်ဆင်ရန်ရွက်ဆိုင်ထွက်သည်။ ရှည်မျောမျော လှံစွပ်ပုံဖြစ်သည်။ ရွက်ထိပ်ချွန်၍ ရွက်ရင်းသွယ်သည်။ ရွက်ညှာအလွန်တိုသည်။ အရွက်ထက်အောက်မျက်နှာပြင် ၂ ခုလုံးတွင် အလွန်သေးငယ်သော အမွှေးကြမ်း ကလေးများရှိသည်။ ရွက်နားပတ်လည် ခွေးသွားစိပ်ကလေးများ ရှိသည်။
အပွင့်
ပြင်ဆင်ရန်ပန်းခိုင်ထိပ်တွင် တစ်ပွင့်တည်း ကဲ့သို့ ဖြစ်နေ၏ ။ ပန်းပွင့် ခေါင်းလောင်း ပုံသဏ္ဌာန်ဖြစ်၍ အဖြူရောင် သို့မဟုတ် အဝါရောင် ရှိသည်။ ပွင့်ခံရွက်ကြီး၍ ထင်ရှားသည် ။ တပို့တွဲလများတွင် ပွင့်သည်။
အသုံးပြုနိုင်သည့်အစိတ်အပိုင်းများ
ပြင်ဆင်ရန်ပဉ္စငါးပါး ၊ အရွက် ။
မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ
ပြင်ဆင်ရန်မြန်မာပြည် နေရာအနှံ့အပြားတွင် ပေါက်သည်။ မိုးများသော အရပ်ဒေသ များတွင် ပေါင်းပင်ကဲ့သို့ ပေါက်ရောက်သည်။ ရခိုင်တွင် ကြိတ်မှန်ရွက်ကို မြီကျဟာဟု ခေါ်သည်။ [၁]
ပေါက်ရောက်ပုံ
ပြင်ဆင်ရန်အလေ့ကျပေါက်သည်။
အသုံးဝင်ပုံအာနိသင်
ပြင်ဆင်ရန်မြန်မာ့ဆေးကျမ်း များ အလိုအရ ကြိတ်မှန်ရွက်သည် ပူ ၏။ လေနာ ၊ သလိပ်နာတို့ကိုနိုင်၏ ။ သွေးကိုတက်ကြွစေ၏။ ဆံပင်ကို နက်၍ သန်စွမ်းစေ၏ ။ လေသလိပ် သည်းခြေနှင့်ယှဉ်၍ ဖြစ်သော အနာမျိုးတို့ကိုနိုင်၏ ။ အားကို ဖြစ်စေ၏ ။ ဓာတ်တို့ကို ပြောင်းစေ၏ ။ အသက်ရှည်၏ ။ မျက်စိရောင်ခြင်းနှင့် အခြားရောင်တင်းခြင်း ကို ပျောက်စေ၏ ။ အနာရွတ် အဖြူကွက်များပျောက်စေ၏။
အသုံးပြုပုံ
ပြင်ဆင်ရန်ပဉ္စငါးပါး
ပြင်ဆင်ရန်- ပဉ္စငါးပါးအရည်ကို အားတိုးဆေးအဖြစ် လည်းကောင်း ၊ အသည်းရောင်ရောဂါ ၊ အရေပြားရောဂါကုဆေးအဖြစ် လည်းကောင်းသုံး၏ ။
- ၎င်းအရည် နှစ်စက်ခန့် ကို ပျားရည်နှင့် ရော၍ မွေးစကလေး များအား တိုက်ပါက နှာစေးချောင်းဆိုး နာကို ပျောက်ကင်းစေသည်။ ဆံပင်နက်ဆိုးဆေးအဖြစ်လည်း သုံး၏ ။
အရွက်
ပြင်ဆင်ရန်- အရွက်ရည်ကို ချောင်းဆိုး ၊ ခေါင်းကိုက်ရောဂါ ၊ အသည်းရောင် ၊ အဆစ်ရောင်ရောဂါကုဆေး ၊ အနာအုံဆေး ၊ ဖန်ဆေးအဖြစ် သုံးသည်။
- အရွက်ကို အမှုန့်ထောင်း၍ နွားနို့ဖြင့် နေ့စဉ်သောက်သုံးခဲ့သော် မျက်စိအမြင်သန်၏ ။ ဆွံ့အသောသူများ စကားပြောနိုင်၏ ။ နားပင်းသူများ အသံကြားနိုင်၏ ။ နဲ့သောသွား ခိုင်၏။
- ကြိတ်မှန်ရွက်နှင့် နှမ်းနက်ကို ဆတူယူ၍ အမှုန့်ပြုပြီး နွားနို့နှင့် အမြဲ မှီဝဲသော် အနာရောဂါ ကင်းစင်ပြီး အသက်ရှည်ကာ ဆံပင်လည်း နက်လာမည်။
- ကြိတ်မှန်ရွက်အား ခေါင်းကိုက်ရောဂါ ၊ ထိပ်ပြောင်မွေးကျွတ်ရောဂါ ၊ အကျိတ်နာ ၊ မီးယပ်ထိမ်ခြင်းနှင့် ကာလသားရောဂါတို့တွင် အသုံးပြုကြသည်။
- ကြိတ်မှန်ရွက်ရည်နှင့် ပင်စိမ်းရွက်ရည်ရော၍ တစ်နေ့ ၂ကြိမ် ခန့် မီးလောင်နာပေါ်တွင် လိမ်းပေးသော် ပူလောင်ခြင်း ပျောက်၍ အမာရွတ်များလည်း ပျောက်ကင်းသည်။
- ကြိတ်မှန်ရွက်၊ ခွေးသေးပန်းရွက်တို့အား ရှိန်းခိုအနည်းငယ် ထည့်ကြိတ်ပြီး ကလေးနှာပိတ်လျှင် ငယ်ထိပ်မှ နှာခေါင်း အထိဆွဲပေးက ပျောက်၏ ။ ကျောပူ ခေါင်းပူ ချွဲထဖြစ်က ငယ်ထိပ်တွင် ပါးပါးလိမ်းပေးရ၏ ။ ကလေးများ သန်ဝမ်းသွား ၊ ကျောက် ၊ ဝက်သက် ၊ ရေကျောက် ဖြစ်က မိခင်နို့ရည်နှင့်ဖျော်ပြီး တိုက်ပေးနိုင်၏ ။
- မီးယပ်သွေး ငုပ်လျှင် အရွက်ကို ထန်းလျက်နှင့် သုံးခွက်တစ်ခွက်တင် ကျိုသောက်သော် သွေးပေါ်စေ၏။[၂]
ကိုးကား
ပြင်ဆင်ရန်- ↑ မောင်သိန်းဇံ (ဇူလိုင် ၂၀၀၀)။ ရခိုင်မြန်မာဆေးအခေါ်ကွဲလွဲမှုများ။ နက္ခတ္တရောင်ခြည်။ p. ၂၈၁။
- ↑ http://arogyamonline.com/commodity/materials/?raw=35[လင့်ခ်သေ]